အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့ပြီဆိုပေမယ့် အရင်အတိုင်းစတိုင်လ်ကျမိမိုက်နေပြီး ဖက်ရှင်ဘုရင်မဂုဏ်ပုဒ်ကိုရရှိထားဆဲဖြစ်တဲ့ နဝရတ်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အႏုပညာကို ႐ူးသြပ္စြာ လုပ္ကိုင္ခဲ့တဲ့ မင္းသမီးေခ်ာေလး နဝရတ္ကေတာ့ တစ္ခ်ိန္က ႐ုပ္႐ွင္ေလာကရဲ႕ ထိပ္တန္း မင္းသမီးတစ္လက္အျဖစ္ ရပ္တည္ခဲ့တာပဲ ျဖစ္ပါတယ္။ နဝရတ္ရဲ႕ သ႐ုပ္ေဆာင္မႈနဲ႔ အႏုပညာအေပၚ တန္ဖိုးထားခ်စ္တဲ့စိတ္ကေတာ့ ပရိသတ္ေတြၾကား ဒီေန့အခ်ိန္ထိ ေျပာစမွတ္တြင္ေနရတာ ျဖစ္ပါတယ္။ ဒါေပမယ့္ နဝရတ္ကေတာ့ “တိမ္မင္းသမီးရဲဒ႑ာရီ” ရုပ္ရွင္ဇာတ္ကားၾကီး ရိုက္ကူးျပီးစီးသြားခ်ိန္မွာေတာ့ စိတ္မေကာင္းစြာနဲ႔ပဲ အႏုပညာအလုပ္ေတြကို ရပ္နားခဲ့တာ ျဖစ္ပါတယ္။

နဝရတ္ကေတာ့ အနုပညာအလုပ္ေတြကို လံုးဝမလုပ္ကိုင္ေတာ့ပဲ ရပ္နားလိုက္ေပမယ့္ သူမကိုခ်စ္ၾကတဲ့ ပရိသတ္ေတြကေတာ့ ျမန္မာနိုင္ငံေဒသအသီးသီးမွာ အခိုင္အမာရိွေနဆဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ နဝရက္က သူမကို လြမ္းေနၾကတဲ့ ပရိသတ္ေတြအတြက္ “နဝရတ္ကိုခ်စ္ေန ေသးတဲ့ fan ေတြအတြက္New photosေလးေတြ႐ိုက္ၿပီးတင္ေပးလိုက္ပါၿပီလို႔…..” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန အမွတ္တရဓာတ္ပံုေလးေတြကို မွ်ေဝေပးလာခဲ့ပါတယ္။

နဝရတ္ကေတာ့ အနုပညာအလုပ္ေတြနဲ့ ေဝးကြာသြားခဲ့တာ နွစ္ေတြအေတာ္ၾကာခဲ့ျပီဆိုေပမယ့္ သူမရဲ့ အမိုက္စား စတိုင္လ္ဒီဇုိင္းေတြကေတာ့ အရင္ကအတုိင္း လတ္ဆက္ေနဆဲပါပဲ။ ပရိသတ္ၾကီးလည္း နဝရတ္ရဲ့ လက္ရိွပံုရိပ္ေတြကိုၾကည့္ျပီး နဝရတ္ကို ပိုလို့ေတာင္ သတိရေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nawaratt KO KO’s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့ပြီဆိုပေမယ့် အရင်အတိုင်းစတိုင်လ်ကျမိမိုက်နေပြီး ဖက်ရှင်ဘုရင်မဂုဏ်ပုဒ်ကိုရရှိထားဆဲဖြစ်တဲ့ နဝရတ်

အနုပညာကို ရူးသွပ်စွာ လုပ်ကိုင်ခဲ့တဲ့ မင်းသမီးချောလေး နဝရတ်ကတော့ တစ်ချိန်က ရုပ်ရှင်လောကရဲ့ ထိပ်တန်း မင်းသမီးတစ်လက်အဖြစ် ရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်။ နဝရတ်ရဲ့ သရုပ်ဆောင်မှုနဲ့ အနုပညာအပေါ် တန်ဖိုးထားချစ်တဲ့စိတ်ကတော့ ပရိသတ်တွေကြား ဒီနေ့အချိန်ထိ ပြောစမှတ်တွင်နေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် နဝရတ်ကတော့ “တိမ်မင်းသမီးရဲဒဏ္ဍာရီ” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးစီးသွားချိန်မှာတော့ စိတ်မကောင်းစွာနဲ့ပဲ အနုပညာအလုပ်တွေကို ရပ်နားခဲ့တာ ဖြစ်ပါတယ်။

နဝရတ်ကတော့ အနုပညာအလုပ်တွေကို လုံးဝမလုပ်ကိုင်တော့ပဲ ရပ်နားလိုက်ပေမယ့် သူမကိုချစ်ကြတဲ့ ပရိသတ်တွေကတော့ မြန်မာနိုင်ငံဒေသအသီးသီးမှာ အခိုင်အမာရှိနေဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နဝရက်က သူမကို လွမ်းနေကြတဲ့ ပရိသတ်တွေအတွက် “နဝရတ်ကိုချစ်နေ သေးတဲ့ fan တွေအတွက်New photosလေးတွေရိုက်ပြီးတင်ပေးလိုက်ပါပြီလို့…..” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အမှတ်တရဓာတ်ပုံလေးတွေကို မျှဝေပေးလာခဲ့ပါတယ်။

နဝရတ်ကတော့ အနုပညာအလုပ်တွေနဲ့ ဝေးကွာသွားခဲ့တာ နှစ်တွေအတော်ကြာခဲ့ပြီဆိုပေမယ့် သူမရဲ့ အမိုက်စား စတိုင်လ်ဒီဇိုင်းတွေကတော့ အရင်ကအတိုင်း လတ်ဆက်နေဆဲပါပဲ။ ပရိသတ်ကြီးလည်း နဝရတ်ရဲ့ လက်ရှိပုံရိပ်တွေကိုကြည့်ပြီး နဝရတ်ကို ပိုလို့တောင် သတိရနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nawaratt KO KO’s fb
Bilie – Cele Connections