အောင်မင်းခန့် ယွန်းယွန်းနဲ့ စည်သူဝင်း သဇင်ထူးမြင့်တို့ကို ပရိသတ်တွေ ဝိုင်းသဘောတူနေကြတာကြောင့် ကြားထဲကနေ ငြီးငြူနေတဲ့ သိန်းလင်းစိုး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

အောင်မင်းခန့် ယွန်းယွန်းနဲ့ စည်သူဝင်း သဇင်ထူးမြင့်တို့ကို ပရိသတ်တွေ ဝိုင်းသဘောတူနေကြတာကြောင့် ကြားထဲကနေ ငြီးငြူနေတဲ့ သိန်းလင်းစိုး

အဆိုတော် သိန်းလင်းစိုးကတော့ ပရိသတ်သိပြီးသား အဆိုတော်တစ်ယောက်ဆိုပေမယ့် သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း အနုပညာအလုပ်တွေကို လုပ်ကိုင်လာတာပဲ ဖြစ်ပါတယ်။ သိန်းလင်းစိုးက လက်ရှိမှာလည်း အစီအစဉ်တင်ဆက်သူတစ်ယောက်အဖြစ် လုပ်ကိုင်လာပြီး အရင်ကထက် ပရိသတ်တွေနဲ့အများကြီး နီးစပ်မှုရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ သိန်းလင်းစိုးကတော့ တစ်ကိုယ်တည်း လူပျိုကြီးအဖြစ် အနုပညာအလုပ်တွေလုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အောင်မင်းခန့် ယွန်းယွန်းနဲ့ စည်သူဝင်း သဇင်ထူးမြင့်တို့နဲ့အတူတူ Double Dating ဆိုတဲ့ အစီအစဉ်လေးကို ရိုက်ကူးနေတဲ့ သိန်းလင်းစိုးကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အများအပြားရရှိနေလျက်ရှိပါတယ်။ ဒါပေမယ့် ပရိသတ်တွေကတော့ အောင်မင်းခန့် ယွန်းယွန်းနဲ့ စည်သူဝင်း သဇင်ထူးမြင့်တို့ကို သဘောတူပြီး အတင်းဝိုင်း Ship နေကြတာကြောင့် သိန်းလင်းစိုးက ယူရင်လည်းယူလိုက်ကြပါတော့ဆိုပြီး ငြီးငြီးငြူငြူပြောခဲ့ကြောင်း သဇင်ထူးမြင့်က သူမရဲ့ ဖေ့စ်ဘုတ် My Day မှာ အရွှန်းဖောက်လာခဲ့တာပဲ ဖြစ်ပါတယ်။

Double Dating အစီအစဉ်ကတော့ အိုင်းတစ်ပိုင်းပြီး တစ်ပိုင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိသလို ပါဝင်ကြတဲ့ အနုပညာရှင်တွေကလည်း တက်တက်ကြွကြွနဲ့ ပါဝင်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အတွဲလေးတွေကြားထဲမှာ တစ်ယောက်တည်းဖြစ်နေတဲ့ သိန်းလင်းစိုးရဲ့အဖြစ်ကိုကြည့်ပြီး ရယ်ရခက်၊ ငိုရခက်ဖြစ်နေမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Thazin Htoo Myint’s fb
Bilie – Cele Connections