ချစ်ခြင်းမေတ္တာ အစစ်အမှန်တွေပေးခဲ့ပါလျက်နဲ့ ခဏခဏစော်ကားခံခဲ့ရတဲ့ အတိတ်ကခံစားချက်တချို့ကို ဝေငှပြောပြလာတဲ့ အေသင်ချိုဆွေ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အဆိုေတာ္္တစ္ေယာက္လည္းျဖစ္သလို သရုပ္ေဆာင္တစ္ေယာက္လည္းျဖစ္တဲ့ ေအသင္ခ်ိိုေဆြကေတာ့ အျမိဳ့ျမိဳ့ အနယ္နယ္မွာ အားေပးသူ ပရိသတ္အခိုင္အမာရရိွျပီးသား အနုပညာရွင္တစ္ေယာက္ ျဖစ္ပါတယ္။ ေအာင္ျမင္တဲ့ အနုပညာရွင္တစ္ေယာက္ျဖစ္သလို တစ္ဖက္မွာလည္း သမီးေလး Ivy ရဲ့ မိခင္တစ္ေယာက္လည္းျဖစ္တဲ့ ေအသင္ခ်ိဳေဆြက ပရိသတ္ေတြနဲ့ မိသားစုအၾကားမွာ အခ်ိန္ေတြကို သင့္တင့္မွ်တေအာင္ ခြဲေဝလႈပ္ရွားေနသူတစ္ေယာက္ဆိုလည္း မမွားပါဘူး။ ကိုယ္တိုင္လည္း အခ်စ္နဲ့ ပက္သတ္ျပီး အမွားေတြနဲ့ ၾကံဳဆံုခဲ့ဖူးတဲ့ ေအသင္ခ်ိဳေဆြက တိုက္ဆိုင္မႈေတြရိွလာခဲ့ရင္ေတာ့ သူမရဲ့အေၾကာင္းေတြနဲ့ ပက္သတ္ျပီး ေျပာျပသလို ဒီကေန့မွာလည္း သူမရဲ့ အတိတ္ကခံစားခ်က္အခ်ိဳ့ကို ေျပာျပလာခဲ့ပါတယ္။

“ကိုယ္က အစစ္အမွန္ေတြေပးေနပါရက္နဲ႔ ကိုယ့္ရဲ႕ ခ်စ္ျခင္းေမတၱာကို ခဏ ခဏ ေစာ္ကားေနခဲ့ရင္…..ဘယ္ေလာက္နာက်င္ရပါေစ သူေတာင္းပန္႐ုံနဲ႔ …..သူ႔ရဲ႕ေပါ့ပ်က္ပ်က္ကတိေတြၾကားမွာ မၾကာခဏ ခြင့္လြတ္ခဲ့တာေတာင္ သူက ထြက္သြားခ်င္ပါတယ္ ဆိုရင္ ျပန္ဆြဲေခၚဖို႔ မႀကိဳးစားပါနဲ႔။ သင္ပဲနာက်င္ရလိမ့္မယ္။ လႊတ္ခ်လိုက္ပါ။ သူမပါဘဲ သင္တေယာက္တည္းလြတ္လပ္စြာပ်ံသန္းၾကည့္ပါ။ ပိုေပါ့ပါးၿပီး ေအးခ်မ္းေပ်ာ္႐ႊင္ေနလိမ့္မယ္။ သင့္လို ခ်စ္သူမ်ိဳး ဒီတသက္ ရွာေတြ႕ႏိုင္မွာမဟုတ္ဘူး။ အဲ့တခုတည္းနဲ႔ သင္ေက်နပ္ေနလို႔ရပါတယ္။ ( ကိုယ္ေတြ႕မို႔ Just for sharing my past feeling ) အခုေတာ့ ကံေကာင္းတဲ့ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ေနပါၿပီေနာ္” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝေပးလာပါတယ္။

ေအသင္ခ်ိဳေဆြကေတာ့ သူမရဲ့ အတိတ္မွာ အခ်စ္နဲ့ ပက္သတ္ျပီး အမွားအယြင္းေတြရိွခဲ့ေပမယ့္ လက္ရိွမွာေတာ့ သူမအေပၚကိုသာမက သူမရဲ့ မိသားစုေလးအေပၚကို အျပည့္အဝ နားလည္ျပီး နွစ္နွစ္ကာကာခ်စ္ေပးတဲ့ ခ်စ္သူေကာင္းတစ္ေယာက္ကို ပိုင္ဆိုင္ထားျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေအသင္ေဝမွ်တဲ့ ခံစားခ်က္တခ်ိဳ့ကို ဖတ္ျပီး တစ္စံုတစ္ခုေတာ့ အက်ိဳးေက်းဇူးရရိွသြားမွာ ေသခ်ာပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Athen Cho Swe’s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

ချစ်ခြင်းမေတ္တာ အစစ်အမှန်တွေပေးခဲ့ပါလျက်နဲ့ ခဏခဏစော်ကားခံခဲ့ရတဲ့ အတိတ်ကခံစားချက်တချို့ကို ဝေငှပြောပြလာတဲ့ အေသင်ချိုဆွေ

အဆိုတော်တစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ အေသင်ချိုဆွေကတော့ အမြို့မြို့ အနယ်နယ်မှာ အားပေးသူ ပရိသတ်အခိုင်အမာရရှိပြီးသား အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို တစ်ဖက်မှာလည်း သမီးလေး Ivy ရဲ့ မိခင်တစ်ယောက်လည်းဖြစ်တဲ့ အေသင်ချိုဆွေက ပရိသတ်တွေနဲ့ မိသားစုအကြားမှာ အချိန်တွေကို သင့်တင့်မျှတအောင် ခွဲဝေလှုပ်ရှားနေသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ ကိုယ်တိုင်လည်း အချစ်နဲ့ ပက်သတ်ပြီး အမှားတွေနဲ့ ကြုံဆုံခဲ့ဖူးတဲ့ အေသင်ချိုဆွေက တိုက်ဆိုင်မှုတွေရှိလာခဲ့ရင်တော့ သူမရဲ့အကြောင်းတွေနဲ့ ပက်သတ်ပြီး ပြောပြသလို ဒီကနေ့မှာလည်း သူမရဲ့ အတိတ်ကခံစားချက်အချို့ကို ပြောပြလာခဲ့ပါတယ်။

“ကိုယ်က အစစ်အမှန်တွေပေးနေပါရက်နဲ့ ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာကို ခဏ ခဏ စော်ကားနေခဲ့ရင်…..ဘယ်လောက်နာကျင်ရပါစေ သူတောင်းပန်ရုံနဲ့ …..သူ့ရဲ့ပေါ့ပျက်ပျက်ကတိတွေကြားမှာ မကြာခဏ ခွင့်လွတ်ခဲ့တာတောင် သူက ထွက်သွားချင်ပါတယ် ဆိုရင် ပြန်ဆွဲခေါ်ဖို့ မကြိုးစားပါနဲ့။ သင်ပဲနာကျင်ရလိမ့်မယ်။ လွှတ်ချလိုက်ပါ။ သူမပါဘဲ သင်တယောက်တည်းလွတ်လပ်စွာပျံသန်းကြည့်ပါ။ ပိုပေါ့ပါးပြီး အေးချမ်းပျော်ရွှင်နေလိမ့်မယ်။ သင့်လို ချစ်သူမျိုး ဒီတသက် ရှာတွေ့နိုင်မှာမဟုတ်ဘူး။ အဲ့တခုတည်းနဲ့ သင်ကျေနပ်နေလို့ရပါတယ်။ ( ကိုယ်တွေ့မို့ Just for sharing my past feeling ) အခုတော့ ကံကောင်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေပါပြီနော်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

အေသင်ချိုဆွေကတော့ သူမရဲ့ အတိတ်မှာ အချစ်နဲ့ ပက်သတ်ပြီး အမှားအယွင်းတွေရှိခဲ့ပေမယ့် လက်ရှိမှာတော့ သူမအပေါ်ကိုသာမက သူမရဲ့ မိသားစုလေးအပေါ်ကို အပြည့်အဝ နားလည်ပြီး နှစ်နှစ်ကာကာချစ်ပေးတဲ့ ချစ်သူကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အေသင်ဝေမျှတဲ့ ခံစားချက်တချို့ကို ဖတ်ပြီး တစ်စုံတစ်ခုတော့ အကျိုးကျေးဇူးရရှိသွားမှာ သေချာပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Athen Cho Swe’s fb
Bilie – Cele Connections