မေမေခင်ဇာခြည်ကျော်ကျေးဇူးကြောင့် အရမ်းကြိုက်ရတဲ့ Idol နေတိုးကို အနီးကပ်ဆုံတွေ့ခွင့်ရပြီး ပျော်ရွှင်ကြည်နူးနေတဲ့ ထင်သစ္စာ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

မေမေခင်ဇာခြည်ကျော်ကျေးဇူးကြောင့် အရမ်းကြိုက်ရတဲ့ Idol နေတိုးကို အနီးကပ်ဆုံတွေ့ခွင့်ရပြီး ပျော်ရွှင်ကြည်နူးနေတဲ့ ထင်သစ္စာ

အကယ်ဒမီခင်ဇာခြည်ကျော်ရဲ့ သားနဲ့သမီးကတော့ မေမေနဲ့တူပြီး အနုပညာသွေးတွေ အပြည့်အဝ စီးဆင်းနေကြတာပဲ ဖြစ်ပါတယ်။ သားကြီး ဘုန်းမင်းနေလကတော့ သရုပ်ဆောင်ဝါသနာပါပြီး သမီးငယ် ထင်သစ္စာကတော့ သီချင်းဆိုဝါသနာပါတာကြောင့် ခင်ဇာခြည်ကျော်က သားနဲ့သမီရဲ့ အိပ်မက်တွေကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ခင်ဇာခြည်ကျော်ကိုချစ်သလို ခင်ဇာခြည်ကျော်ရဲ့ သားနဲ့သမီးဖြစ်တဲ့ ဘုန်းမင်းနေလနဲ့ ထင်သစ္စာတို့နှစ်ယောက်စလုံးကို ချစ်ပြီး အားပေးကြတာပဲ ဖြစ်ပါတယ်။

ခင်ဇာခြည်ကျော်ရဲ့ သမီးငယ်လေး ထင်သစ္စာကတော့ (၁၆) နှစ်အရွယ်လေးသာရှိသေးပြီး ကျောင်းပညာတွေတစ်ဖက်နဲ့ အနုပညာအလုပ်တွေ၊ အမေ့ရဲ့ စီးပွားရေးအလုပ်တွေကို ကူညီလုပ်ကိုင်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခင်ဇာခြည်ကျော်က သူမရောင်းချတဲ့ အလှကုန်ပစ္စည်းအတွက် အကယ်ဒမီနေတိုးနဲ့ ကြော်ငြာရိုက်ကူးနေတာဖြစ်ပြီး ထင်သစ္စာကလည်း သူမအရမ်းကြိုက်ရတဲ့ မင်းသားကို မေမေ့ရဲ့ကျေးဇူးကြောင့် အနီးကပ်ဆုံတွေ့ခွင့်ရခဲ့တာကြောင့် တော်တော်လေး ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။

ထင်သစ္စာကတော့ နေတိုးက သူမအရမ်းကြိုက်ရတဲ့ Idol တစ်ယောက်ဖြစ်ကြောင်း ပရိသတ်တွေကို ပြောပြထားဖူးတာပဲ ဖြစ်ပါတယ်။ ထင်သစ္စာလေး အရမ်းကြိုက်တဲ့ မင်းသားတစ်ယောက်ကို အခုလို အနီးကပ်ကြီးဆုံတွေ့ခွင့်ရတဲ့အပြင် ဓာတ်ပုံပါတွဲဖက်ရိုက်ကူးခဲ့ရလို့ ဘယ်လောက်တောင်ပျော်နေမလဲဆိုတာ စဉ်းစားနေဖို့တောင်မလိုပါဘူး။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Khin Zarchi Kyaw & Htin Thitsar’s fb
Bilie – Cele Connections