ဒီဇင်ဘာလကတည်းက မန္တလေးသူ ချစ်သူအတွက် Valentine’s Day လက်ဆောင်ပေးဖို့ ပြင်ဆင်နေတဲ့ နေဒွေး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Nay Dway’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

ဒီဇင်ဘာလကတည်းက မန္တလေးသူ ချစ်သူအတွက် Valentine’s Day လက်ဆောင်ပေးဖို့ ပြင်ဆင်နေတဲ့ နေဒွေး

မင်းသားချော နေဒွေးကတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် မြို့ပရိသတ်၊ နယ်ပရိသတ်တွေကြားမှာ နာမည်ရရှိလာသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နေဒွေးကတော့ လူငယ်တစ်ယောက်ပီပီ လွတ်လပ်ပေါ့ပါးစွာနေထိုင်တတ်သူတစ်ယောက်ဖြစ်ပြီး စီးပွားရေးအလုပ်တွေကိုလည်း ဦးစီးလုပ်ကိုင်နေလျက်ရှိပါတယ်။ လက်ရှိမှာတော့ နေဒွေးက အနုပညာအလုပ်တွေတစ်ဖက် စီးပွားရေးအလုပ်တွေတစ်ဖက်နဲ့ အချိန်တွေကို သင့်တင့်မျှတစွာ နားချိန်မရှိ အလုပ်လုပ်နေတာပဲ ဖြစ်ပါတယ်။

အောင်မြင်မှုတွေရရှိလာတာနဲ့အမျှ မိဘတွေနဲ့ ချစ်ရသူတွေကို ဖြည့်စည်းပေးချင်စိတ်တွေဖြစ်လာခဲ့တဲ့ နေဒွေးက သူ့ရဲ့မေမေအတွက် တိုက်တစ်လုံး၊ ကားတစ်စီး မွေးနေ့လက်ဆောင် ဝယ်ပေးခဲ့သလို ချစ်သူအတွက်လည်း လိုအပ်တာလေးတွေ ဖြည့်ဆည်းပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း နေဒွေးက ဖေဖော်ဝါရီလအတွင်းမှာ ကျရောက်မယ့် Valentine’s Day အတွက် ချစ်သူကို အမှတ်တရလက်ဆောင်ပေးဖို့ Laptop တွေလိုက်ကြည့်နေခဲ့တာကို သူ့ရဲ့ ဖေ့စ်ဘုတ် My Day မှာ ပြသလာပါတယ်။

နေဒွေးကတော့ အလှူရေစက် လက်နဲ့မကွာ လှူဒါန်းသလို ချစ်ရသူတွေအတွက်လည်း လိုအပ်တာလေးတွေကို ဖြည့်စည်းပေးချင်စိတ်ရှိတာပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းတဲ့ နေဒွေးတစ်ယောက် ဒီထက်မက အောင်မြင်ပြီး ဆန္ဒနဲ့ ဘဝ ထပ်တူကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Dway’s fb
Bilie – Cele Connections