“ဆယ်ကျော်သက် သမီးလေးစံထိပ်ထားဦးနဲ့ တွဲရိုက်တာတောင်မှ ညီအစ်မလို့ အထင်မှားရလောက်အောင် နုပျိုလွန်းတဲ့ ခိုင်သင်းကြည်”

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Unicode ဖြင့်ဖတ်ပါ
★★★★★

Cele Active World ပရိသတ်ကြီးရေ အကယ်ဒမီ မင်းသမီး တစ်လက်ဖြစ်သူ မင်းသမီး ခိုင်သင်းကြည်ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်။ ခိုင်သင်းကြည်ကတော့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူ ဝါရင့် အနုပညာရှင် မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်နော်.။

ဆယ်ကျော်သက်အရွယ် သမီး စံထိပ်ထားဦးနဲ့အပြိုင် လှပနေဆဲ ခိုင်သင်းကြည်ကတော့ အမြဲ ပျော်ရွှင်တက်ကြွစွာ နေတတ်လွန်းလို့ နုပျိုလှပမှုတွေ တည်မြဲနေတာလားလို့ ဆိုစရာပါပဲနော်။ သမီးလေးနဲ့အပြိုင် အတူတွဲ ရိုက်တိုင်းမှာ မိခင်တစ်ယောက်ဖြစ်ပေမယ့် လှပနုပျိုနေမှုတွေကြောင့် သမီးနဲ့ ညီအစ်မလို့တောင် အထင်မှားရလောက်တဲ့အထိပါပဲ။

ဒီဇင်ဘာလ (၂၂)ရက်နေ့မှာလည်း ခိုင်သင်းကြည်က သမီးနဲ့ အတူ ဈေးဝယ်ထွက်တဲ့ ပုံလေးတွေကို “ဒီနေ့သားအမိနှစ်ယောက်Shopping” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ဆယ်ကျော်သက် သမီးလေးနဲ့အပြိုင် ဂျင်းဘောင်းဘီလေးနဲ့ အထာကျနေသူ ခိုင်သင်းကြည်ကတော့ နုပျိုမှုမှာ အားကျလောက်စရာပါပဲနော်.။

ပရိသတ်ကြီးလည်း ပျော်ပျော်နေတတ်ပြီး နုပျိုလှလွန်းသူ မင်းသမီး ခိုင်သင်းကြည်ကို ချစ်ခင်အားပေးရင် မှတ်ချက်လေးတွေ ရေးခဲ့ပါဦးနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ Cele Active World ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Source: Khin Thin Kyi’s Facebook

Violet(Cele Active World)