ခင်ပွန်းလောင်းက တစ်ကမ႓ာလုံးမှာ တစ်ခုထဲပဲရှိတဲ့လက်စွပ်နဲ့လက်ထပ်ခွင့်တောင်းခဲ့တဲ့အကြောင်းပြောပြလာခဲ့တဲ့ အေးချမ်းမိုး

ချစ်စရာကောင်းပြီး တည်ငြိမ်တဲ့ အလှပိုင်ရှင်လေးတစ်ဦးဖြစ်သူ အလှမယ်အေးချမ်းမိုးကတော့ ပရိသတ်နဲ့ မစိမ်းတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါလိမ့်မယ်နော်။အရင်တစ်ခေတ်မှာ မြဝတီရုပ်သံကနေ ထုတ်လွှင့်ခဲ့တဲ့ ပဟေဠိနန်းတော် တီဗီအစီအစဉ်ကနေတစ်ဆင့် နာမည်ရလာပြီး Miss ပြိုင်ပွဲတွေ ဝင်ပြိုင်ရင်းကနေ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာပေးခြင်းခံခဲ့ရတဲ့ အေးချမ်းမိုးဟာ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေကိုလည်း သွားရောက် ယှဉ်ပြိုင်ခဲ့ရသူ တစ်ဦးပဲ ဖြစ်ပါတယ်။

အဲ့ဒီလိုမျိုး အလှမယ်တစ်ဦးအနေနဲ့ အရည်အချင်း ပြည့်ဝလှတဲ့အတွက် ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ချမ်းမိုးလေးဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ သူမရဲ့ ချစ်သူက ချစ်သူသက်တမ်း ရက်(၃၀၀)ပြည့်အထိန်းအမှတ်အနေနဲ့ လက်ထပ်ခွင့်တောင်းတာကို ခံလိုက်ရပြီပဲ ဖြစ်ပါတယ်။ အေးချမ်းမိုးဟာ သူမရဲ့ ချစ်သူနဲ့ ရက်(၃၀၀)ပြည့် အထိမ်းအမှတ်အဖြစ် စားသောက်ဆိုင်ကြီးတစ်ခုမှာ ညစာစားဖို့ ချိန်းထားရင်းကနေ အခုလို လက်ထပ်ခွင့် တောင်းခံ လိုက်ရတာပဲ ဖြစ်ပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ အေးချမ်းမိုးက သူမရဲ့ချစ်သူဟာ သူမကို လက်ထပ်ခွင့်တောင်းခံရာမှာ ကမ္ဘာမှာ တစ်ခုတည်းသော လက်စွပ်အဖြစ် သူကိုယ်တိုင် ဒီဇိုင်းဆွဲထားတဲ့ လက်စွပ်လေးနဲ့ လက်ထပ်ခွင့်တောင်းခံခဲ့တာ ဖြစ်ကြောင်း ထုတ်ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

များသောအားဖြင့် လူအများစုဟာ လက်ထပ်လက်စွပ်တွေကို ရတနာဆိုင်တွေမှာ အသင့်ပြုလုပ်ရောင်းချထားတဲ့ လက်စွက်တွေကို ဝယ်ယူပြီးတော့သာ မိမိရဲ့ချစ်ရသူတွေကို လက်ထပ်ခွင့်တောင်းခံလေ့ရှိပေမယ့် အေးချမ်းမိုးရဲ့ချစ်သူကတော့ သူကိုယ်တိုင် ဒီဇိုင်းဆွဲထားတဲ့ လက်စွပ်လေးကို သူရဲ့သူငယ်ချင်း ပန်းတိမ်ဆရာဆီမှာ သေချာ customize လုပ်၊ အပ်နှံပေးခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာတယ်လို့ အေးချမ်းမိုးက ဆိုပါတယ်။

လက်စွပ်လေးဟာ စိန်ကို ရွှေကွပ်ကာ အပေါ်ကနေ ရွှေဖြူရောင် ပြန်ပြောင်းထားတဲ့ အရောင်ရှိပြီး ရွှေထည်၊ စိန်ထည်တွေအကြောင်းကို ခင်ပွန်းလောင်းက နားမလည်တဲ့အတွက် ယောက္မမလောင်းကိုယ်တိုင်က လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်ပေးခဲ့ရတာဖြစ်တယ်လို့ အေးချမ်းမိုးက ဆိုပါတယ်။ ခင်ပွန်းလောင်းက သူမကို လက်ထပ်ခွင့်တောင်းပြီး နောက်ရက်မှာ ယောက္ခမလောင်းဖြစ်သူက “သမီးလက်စွပ်လေး ကြိုက်ရဲ့လား” လို့ ဖုန်းဆက်ကာ ဂရုတစိုက် မေးမြန်းလာခဲ့ပြီး အခုလို ခင်ပွန်းလောင်းရဲ့ အမေသာမက၊ ခင်ပွန်းလောင်းရဲ့ ညီဖြစ်သူရဲ့ ဇနီး(ခယ်မလေး) ကပါ သူမကို ဂရုတစိုက် ချစ်ခင်ပေးကြတဲ့အတွက် အရမ်းဝမ်းသာရပါတယ်လို့ အေးချမ်းမိုးက ကြည်ကြည် နူးနူး ပြောပြခဲ့ပါတယ်။

သူမရဲ့ ယောက္ခမလောင်းဟာ သူမကို အရမ်းကို အရေးတယူရှိလှပြီး ယခင်တည်းက သားတော်မောင် မျက်နှာမကောင်းရင်တောင် “သားချစ်သူနဲ့ အဆင်ပြေလား” လို့ မေးမြန်းတတ်ပြီး ချမ်းမိုးလေးကို လေးလေးစားစားဆက်ဆံပေးဖို့ အမြဲဆိုဆုံးမလေ့ရှိ တယ်လို့ သိရပါတယ်။

သူမတို့စုံတွဲဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ ဂရုတစိုက်ရှိလှပြီး ချစ်သူသက်တမ်းတစ်လျှောက် မနက်မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ ဗီဒီယိုကောလ်ခေါ်ပြီး စကားပြောကြတာ ခုချိန်ထိ တစ်ရက်မှ မပြတ်ကြသေးဘူးလို့ အေးချမ်းမိုးက ဆိုပါတယ်။

ပရိသတ်ကြီးတို့ရေ အေးချမ်းမိုးတို့ စုံတွဲဟာ တစ်ဦးကိုတစ်ဦး ချစ်ခင်လာတာ အခုဆိုရင် ရက်ပေါင်း(၃၀၀)ကျော် ကြာမြင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ အခုလို ချစ်သူနဲ့ ချစ်သူမိသားစုဝင်တွေရဲ့ ဂရုတစိုက်ချစ်ပေးမှုကို ခံနေရတဲ့ ချမ်းမိုးလေးတစ်ယောက် မင်္ဂလာဆောင်၊ လက်ထပ်ထိမ်းမြားတဲ့ အခါမှာလည်း သာယာဖြောင့်ဖြူးတဲ့ အိမ်ထောင်ရေး ခရီးလမ်းကို လျှောက်လှမ်းရပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်။