Live Sale ရောင်းချတဲ့ အချိန်တစ်နာရီခွဲအတွင်း (၁)မိနစ်ခွဲတိုင်းမှာ ဖုန်းတစ်လုံးရောင်းချနိုင်ခဲ့တယ်ဆိုတဲ့ ထက်ထက်မိုးဦးရဲ့ စွမ်းရည်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

Live Sale ရောင်းချတဲ့ အချိန်တစ်နာရီခွဲအတွင်း (၁)မိနစ်ခွဲတိုင်းမှာ ဖုန်းတစ်လုံးရောင်းချနိုင်ခဲ့တယ်ဆိုတဲ့ ထက်ထက်မိုးဦးရဲ့ စွမ်းရည်

တစ်ချိန်က ပရိသတ်တွေ ပါးစပ်ဖျားမှာ ထက်ထက်ရယ်လို့ နာမည်တစ်လုံးနဲ့ ကျော်ကြားခဲ့တဲ့ ထက်ထက်မိုးဦးက ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေအပေါ် လွှမ်းမိုးမှုရှိနေဆဲ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးက အသက်အရွယ်တွေသာ ပြောင်းလဲသွားခဲ့ပေမယ့် သူမရဲ့ ငယ်စဉ်က ဟန်ပန်အမူအယာလေးတွေကတော့ လုံးဝပျောက်ကွယ်သွားခြင်းမရှိတာကြောင့် လူကြီး၊ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးက လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် အွန်လိုင်းကနေ Live Sale ရောင်းချခြင်းကို နေ့စဉ်မပြတ် ပြုလုပ်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ရတနာပစ္စည်း၊ မော်တော်ကား၊ နေအိမ်တိုက်တန်း၊ အလှကုန် အစရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေရောင်းချခဲ့စဉ်ကလည်း ထင်မထားလောက်တဲ့ အောင်မြင်မှုတွေရရှိခဲ့တဲ့ ထက်ထက်မိုးဦးက သူမရဲ့ ဆန်းကြောင့် ရောင်းသမျှတိုင်းက အကြီးအကျယ် ရောင်းထွက်ခဲ့တာပဲ ဖြစ်ပါတယ်။ မနေ့က ဒီဇင်ဘာလ (၂၄) ရက်နေ့မှာလည်း ထက်ထက်မိုးဦးက နာမည်ကြီး ဖုန်းအမှတ်တံဆိပ်အတွက် ဖုန်းတွေကို Live Sale ရောင်းချပေးရင်း Live Sale ရောင်းချတဲ့ အချိန်တစ်နာရီခွဲအတွင်း (၁)မိနစ်ခွဲတိုင်းမှာ ဖုန်းတစ်လုံးရောင်းချနိုင်ခဲ့တယ်ဆိုပြီး ပြောပြလာခဲ့ပါတယ်။

တစ်မိနစ်ကျော်တိုင်းမှာ တယ်လီဖုန်းတစ်လုံးရောင်းချနိုင်ခဲ့တာ ထက်ထက်မိုးဦးမှ တပါး အခြားသူအတွက်တော့ မဖြစ်နိုင်ဘူးလို့တောင် ဆိုနိုင်ပါတယ်။ ထက်ထက်တစ်ယောက် ဒီထက်မက အောင်မြင်ပြီး ကျော်ကြားမှုတွေရရှိပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Htet Htet Moe Oo ‘s fb
Bilie – Cele Connections