ဘယ်တော့မှ အသက်ထပ်မကြီးတော့ဘူးလားလို့တောင် ပရိသတ်တွေ တအံ့တသြဖြစ်ခဲ့ရတဲ့ (၄၃) နှစ်အရွယ် အိန္ဒြာကျော်ဇင်ရဲ့ ခရစ္စမတ်အမှတ်တရပုံရိပ်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ႏိုင္ငံေက်ာ္ မင္းသမီးေခ်ာေလး အိျႏၵာေက်ာ္ဇင္ကေတာ့့ အလွမယ္ျပိဳင္ပြဲ၊ မဂၢဇင္းကာဗာေတြကေန နာမည္ၾကီးလာျပီး အႏုပညာနယ္ပယ္မွာ ႏွစ္ေပါင္း (၂၀)ေက်ာ္တိုင္ ေအာင္ျမင္မႈေတြမ်ားစြာ ရရွိပိုင္ဆိုင္ထားတဲ့ မင္းသမီးတစ္လက္ ျဖစ္ပါတယ္။ အိျႏၵာေက်ာ္ဇင္ကေတာ့ သူမဝါသနာပါရာ အနုပညာအလုပ္ေတြကို လုပ္ကိုင္ေနသလို အိမ္ေထာင္ရွင္အမ်ိဳးသမီးပီပီ ခင္ပြန္းျဖစ္သူေျပတီဦးနဲ့ သမီးၾကီးေျပသုျဒာ၊ သားငယ္ ေျပဓီရ တို့ကိုလည္း ဂရုိစုက္ေစာင့္ေရွာက္ေနရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း အိျႏၵာေက်ာ္ဇင္တစ္ေယာက္ ဘယ္ေလာက္ပဲ အသက္ေတြၾကီးၾကီး၊ ကေလးေမေမျဖစ္ျဖစ္ အရင္အတိုင္း အခ်စ္မေလ်ာ့ပဲ အားေပးခ်စ္ခင္ေနၾကဆဲ ျဖစ္ပါတယ္။

ဒီကေန့ ဒီဇင္ဘာလ (၂၅) ရက္ေန့ ခရစၥမတ္ေန့မွာေတာ့ အိျႏၵာေက်ာ္ဇင္က ဒီဇုိင္နာ ေကာင္းျမတ္ရဲ့ အနီေရာင္ဝတ္စံုေလးကို ခမ္းခမ္းနားနားဝတ္ျပီး ပရိသတ္ေတြကို နႈတ္ဆက္စကားဆိုလာတာကို ေတြ့ရပါတယ္။ အိျႏၵာေက်ာ္ဇင္က “It is the season to sparkle Designer ေကာင္းျမတ္ရဲ႕
Kaung Myat Haute Couture Collection အသစ္အတြက္ ႐ိုက္ေပးထားပါတယ္။ ဒီဇင္ဘာ အားလပ္ရက္ေလးမွာ ခ်စ္ေသာပရိတ္သတ္ႀကီး က်န္းမာ ေဘးကင္းၿပီး ေပ်ာ္႐ႊင္ၾကပါေစ” ဆိုျပီး ခ်စ္စြာေသာ ပရိသတ္ေတြကို နႈတ္ဆက္ဆုေတာင္းစကားဆိုလာပါတယ္။

အိျႏၵာေက်ာ္ဇင္ကေတာ့ အသက္ (၄၃) နွစ္အရြယ္ရိွေနျပီဆိုေပမယ့္ တစ္ရက္ထက္တစ္ရက္ အသက္ၾကီးမလာပဲ ပိုပိုျပီးငယ္သြားသလားလို့ေတာင္ ထင္မွတ္ရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း နုပ်ိဳလြန္းတဲ့ အိျႏၵာေက်ာ္ဇင္ကိုၾကည့္ျပီး အံ့ၾသမွင္သက္ေနၾကမွာ အေသအခ်ာပါပဲ။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Eaindra Kyaw Zin’s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

ဘယ်တော့မှ အသက်ထပ်မကြီးတော့ဘူးလားလို့တောင် ပရိသတ်တွေ တအံ့တသြဖြစ်ခဲ့ရတဲ့ (၄၃) နှစ်အရွယ် အိန္ဒြာကျော်ဇင်ရဲ့ ခရစ္စမတ်အမှတ်တရပုံရိပ်

နိုင်ငံကျော် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကတော့ အလှမယ်ပြိုင်ပွဲ၊ မဂ္ဂဇင်းကာဗာတွေကနေ နာမည်ကြီးလာပြီး အနုပညာနယ်ပယ်မှာ နှစ်ပေါင်း (၂၀)ကျော်တိုင် အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့ သူမဝါသနာပါရာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို အိမ်ထောင်ရှင်အမျိုးသမီးပီပီ ခင်ပွန်းဖြစ်သူပြေတီဦးနဲ့ သမီးကြီးပြေသုဒြာ၊ သားငယ် ပြေဓီရ တို့ကိုလည်း ဂရိုစုက်စောင့်ရှောက်နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အိန္ဒြာကျော်ဇင်တစ်ယောက် ဘယ်လောက်ပဲ အသက်တွေကြီးကြီး၊ ကလေးမေမေဖြစ်ဖြစ် အရင်အတိုင်း အချစ်မလျော့ပဲ အားပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၂၅) ရက်နေ့ ခရစ္စမတ်နေ့မှာတော့ အိန္ဒြာကျော်ဇင်က ဒီဇိုင်နာ ကောင်းမြတ်ရဲ့ အနီရောင်ဝတ်စုံလေးကို ခမ်းခမ်းနားနားဝတ်ပြီး ပရိသတ်တွေကို နှုတ်ဆက်စကားဆိုလာတာကို တွေ့ရပါတယ်။ အိန္ဒြာကျော်ဇင်က “It is the season to sparkle Designer ကောင်းမြတ်ရဲ့
Kaung Myat Haute Couture Collection အသစ်အတွက် ရိုက်ပေးထားပါတယ်။ ဒီဇင်ဘာ အားလပ်ရက်လေးမှာ ချစ်သောပရိတ်သတ်ကြီး ကျန်းမာ ဘေးကင်းပြီး ပျော်ရွှင်ကြပါစေ” ဆိုပြီး ချစ်စွာသော ပရိသတ်တွေကို နှုတ်ဆက်ဆုတောင်းစကားဆိုလာပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ အသက် (၄၃) နှစ်အရွယ်ရှိနေပြီဆိုပေမယ့် တစ်ရက်ထက်တစ်ရက် အသက်ကြီးမလာပဲ ပိုပိုပြီးငယ်သွားသလားလို့တောင် ထင်မှတ်ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း နုပျိုလွန်းတဲ့ အိန္ဒြာကျော်ဇင်ကိုကြည့်ပြီး အံ့သြမှင်သက်နေကြမှာ အသေအချာပါပဲ။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Eaindra Kyaw Zin’s fb
Bilie – Cele Connections