မဖြစ်မနေသွားရမယ့်ခရီးစဉ်အတွက် ပြည်သူတွေနဲ့အတူတူ စနစ်တကျတန်းစီပြီး Covid-19 ဆေးစစ်ချက် ပြုလုပ်ခဲ့တဲ့ ဇေရဲထက်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Zay Ye Htet’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

မဖြစ်မနေသွားရမယ့်ခရီးစဉ်အတွက် ပြည်သူတွေနဲ့အတူတူ စနစ်တကျတန်းစီပြီး Covid-19 ဆေးစစ်ချက် ပြုလုပ်ခဲ့တဲ့ ဇေရဲထက်

သရုပ်ဆောင် ဇေရဲထက်ကတော့ သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ ဗီဒီယိုဇာတ်ကားတွေများစွာမှာ ရိုက်ကူးပြီး အမြို့မြို့အနယ်နယ်က ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် ဇေရဲထက်ကတော့ ဗီဒီယိုဇာတ်ကားတွေကို မရိုက်ကူးဖြစ်တော့တာ (၃) နှစ်ကျော်အချိန်တောင်ရှိသွားခဲ့ပြီဖြစ်ပြီး အနုပညာအလုပ်တွေနဲ့ တဖြည်းဖြည်းအလှမ်းဝေးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကေမယ့် ဇေရဲထက်ကတော့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိပိုင်ဆိုင်ထားဆဲဖြစ်ပြီး ပြည်သူချစ် မင်းသားတစ်ယောက်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

နာမည်ကြီး မင်းသားတစ်ယောက်ဖြစ်ပေမယ့် ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေတဲ့ ဇေရဲထက်က သူ့ကိုယ်သူ မင်းသားရယ်လို့ ဂုဏ်ပကာသန မထောင်လွှားတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဇေရဲထက်က ပြည်တွင်းခရီးစဉ်တစ်ခုကို သွားရောက်ဖို့အတွက် သာမာန်အရပ်သူ အရပ်သားတွေနဲ့ စနစ်တကျတန်းစီပြီး Covid-19 Swab Test ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ ဇေရဲထက်ကတော့ ဆေးစစ်ချက်အဖြေကို ချက်ချင်းသိခဲ့ရပြီး ရောဂါပိုးကင်းစင်ကြောင်းကို “Covidကင်းစင်ပြုံးပျော်ရွှင်” ဆိုပြီး ပရိသတ်တွေ ဝမ်းသာရအောင် မျှဝေပေးထားပါသေးတယ်။

ဇေရဲထက်ကတော့ မဖြစ်မနေ ကိစ္စတစ်ခုကြောင့် ခရီးသွားရမှာဖြစ်ပြီး သူ့ရဲ့ ခရီးစဉ်မှာ ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ ဖြစ်စေဖို့ ဆေးစစ်ချက်ယူခဲ့တာပဲ ဖြစ်ပါတယ်။ ဇေရဲထက်တစ်ယောက် သွားမယ့်ခရီးစဉ်မှာလည်း အထစ်အငေါ့မရှိ လိုရာကို ရောက်ရှိနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Zay Ye Htet’s fb
Bilie – Cele Connections