“ဗေဒါ” ဆိုတဲ့ လူဆိုးနေရာကသရုပ်ဆောင်ခဲ့ရပေမယ့် စပရိုက် လက်ဆောင်တွေအများကြီး ရတဲ့အထိ အားပေးခံနေရတဲ့အကြောင်း ပြောပြလာတဲ့ ထူးခန့်ကျော်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★










crd-CeleConnection

Unicode ဖြင့်ဖတ်ပါ
★★★★★

“ဗေဒါ” ဆိုတဲ့ လူဆိုးနေရာကသရုပ်ဆောင်ခဲ့ရပေမယ့် စပရိုက် လက်ဆောင်တွေအများကြီး ရတဲ့အထိ အားပေးခံနေရတဲ့အကြောင်း ပြောပြလာတဲ့ ထူးခန့်ကျော်

လက်ရှိ MRTV-4 ရုပ်သံလိုင်းမှာ ညစဉ် (၇) နာရီတိုင်း ထုတ်လွှင့်ပြသနေတဲ့ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲကို ပရိသတ်ကြီး အားပေးကြမယ် ထင်ပါတယ်

“မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲက ပညာပေးဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီး ဒါရိုက်တာ ဟိန်းစိုးနဲ့ တကွ ပါဝင်သရုပ်ဆောင်ကြတဲ့ သရုပ်ဆောင်တစ်ဦးတစ်ယောက်ချင်းစီတိုင်းရဲ့ ကြိုးစားမှုကြောင့် ပရိသတ် အကြိုက်တွေ့ကြတဲ့ ဇာတ်လမ်းတွဲအဖြစ် ကျော်ကြားနေတာပဲ ဖြစ်ပါတယ်။

အထူးသဖြင့် ဗီလိန်ကာရိုက်တာဖြစ်တဲ့ “ဗေဒါ”နေရာမှာ သရုပ်ဆောင်ရတဲ့ သရုပ်ဆောင် ထူးခန့်ကျော်ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို တရှိန်ထိုးရရှိပြီး ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။

ချစ်ခင်စွာအားပေးကြတဲ့ ပရိသတ်တွေကြောင့် နေ့စဉ်နေ့တိုင်းလိုလို Surprise လက်ဆောင်တွေရရှိနေတဲ့ ထူးခန့်ကျော်က ဒီကနေ့မှာလည်း အားကစားလုပ်တဲ့စက်ပစ္စည်းတွေ လက်ဆောင်ရရှိခဲ့ကြောင်း အခုလိုပဲပြောပြလာပါတယ်။

“ဝိုး. ဗေဒါကြီးအတွက်ကတော့amazingပါပဲဗျာ ဗေဒါကြီးကိုကျန်းမာရေးကောင်းအောင်လို့ဆိုပြီး surpriseပြုလုပ်ပေးတဲ့အတွက်ကိုလဲအထူးပင်ကျေးဇူးတင်ရှိပါတယ်နော်။

မည်သူမည်ဝါမှန်းမသိရပေမဲ့ဒိထက်မကလှူနိုင်ပါစေ။

တစ်န့တစ်ခြားစီးပွားလာဘ်လာဘများဒီရေလားသကဲ့သို့ကြီးပွားတိုးတက်၍ ကပ်ကြီးသုံးပါးတို့မှလည်းကင်းဝေးပါစေနော် ကျွန်တော်အားရင်ဘတ်ထဲကအသိအမှတ်ပြုပေးကြသော ကျေးဇူးရှင်ပရိတ်သတ်အမျိုးတွေအားလုံးကို အထူးအထူးပင်ကျေးဇူးတင်ရှိပါတယ်နော် အားလုံးကျန်းမာလို့ချမ်းသာကြပါစေ” ဆိုပြီး ပြောလာပါတယ်။

ထူးခန့်ကျော်ကတော့ “ဗေဒါ” ဆိုတဲ့ ဗီလိန်ကာရိုက်တာမှာ သရုပ်ဆောင်ခဲ့ပေမယ့် ပရိသတ်မုန်းတီးခြင်းမခံရတဲ့အပြင် ဝိုင်းချစ်ကြပြီး အမျိုးမျိုးလက်ခံရရှိနေတာပဲ ဖြစ်ပါတယ်။

ထူးခန့်ကျော်တစ်ယောက် ဒီထက်မက ပြည်သူချစ်သော အနုပညာရှင်ကြီးဖြစ်ပြီး အကယ်ဒမီဆုတွေများစွာလည်း ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

crd-CeleConnection