ကိုဗစ်ထက်ဆိုးတာ မြို့တွေထဲ ရောက်နေပါပြီ . .လူကို ချက်ချင်းသေစေနိုင်ပါတယ်
ေဇာ္ဂ်ီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
တောကြီးမြွေဟောက်စစ်စစ်တွေမို့ သတိထားကြပါ။
မြို့တွေထဲ လူတွေကြားထဲကို ရောက်နေကြတာပါ။တခါတုန်းကလဲ တကောင်ဖမ်းပြီးပြီး။ ခုနောက်တကောင်။
ယနေ့ (27.12.2020)ရက်နေ့ ညနေက ကျွန်တော့်ဆီ ဖုန်းဆက်အကူအညီတောင်းလာပါတယ်။ ဟိုတယ် တခုကပါ။မြွေတကောင် ဟိုတယ် ထဲ ဝင်လာလို့ ကူညီပါဦးတဲ့။
ဒါနဲ့ မော်လမြိုင် RESCUE ရုံးနောက်တန်းအဖွဲ့ကိုစက်နဲ့ပေါက် သတင်းပေးပြီး သွားဖမ်းစေခဲ့ပါတယ်။စိတ်ထင် ပုံမှန်ပဲပေါ့။ လူစည်ကားတဲ့ နေရာပဲလေ။မော်လမြိုင်မှာဆို ကျွန်တော့်တို့ မော်လမြိုင် RESCUE အဖွဲ့ဟာ နေ့စဉ် မြွေမဖမ်းပေးရတဲ့နေ့ မရှိသလောက်ပါပဲ။
လင်းမြွေ /ငန်းစောင်းလား အများဆုံး မြွေဟောက်လားပေါ့ …ဒါပေမဲ့ တကယ်တမ်းကျတော့ တောကြီးမြွေဟောက်စစ်စစ် ဖြစ်နေတာ။ ကိုယ်တောင် အံ့သြသွားတာ။ပရဟိတကိုတရုတ်(သက်တင်ဦး) ဦးစီးတဲ့ ကျွန်တော်တို့
မော်လမြိုင် Rescue အဖွဲ့ဝင်များမှ အဲကွန်းထဲ ဝင်ခွေနေတဲ့တောကြီးမြွေဟောက်ကို ခက်လက်ခဲခဲ ထုတ်ပြီး သေချာဖမ်းဆီးပြီး ကူညီပေးခဲ့ပါတယ်။
တောထဲမှာသာနေပြီး တွေ့ရခဲတဲ့ တောကြီးမြွေဟောက်တွေမြို့ပေါ် လူစည်ကားတဲ့ နေရာတွေထိတောင် ရောက်လာနေပြီး။ နှစ်ခါ ရှိပါပြီး။
ကိုဗစ် က လူကို ချက်ချင်း မသေနိုင်ဘူး။
တောကြီးမြွေဟောက်ကတော့ ချက်ချင်းသေနိုင်တယ်။မြွေ အန္တရာယ်လဲ သတိထားကြပါလို့ သတိပေးပါတယ်။
ဇင်မိုး ..မော်လမြိုင် RESCUE ကွန်ယက်
မော်လမြိုင် ၁၀ မြို့နယ်ဆောင် CBFQ စခန်း။