အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်တစ်ခုကိုဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံတွေကိုပြောပြလာတဲ့ ခင်ရတနာစိုး

ေဇာ္ဂ်ီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

ဇနီးအတြက္ေရာ၊ မိဘအတြက္ပါ တကယ္ကို ႀကိဳးစားတဲ့သူပါတဲ့။ ခင္ရတနာစိုးဟာ အသက္ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အိမ္ေထာင္တစ္ခုကိုျဖတ္သန္းလာခဲ့ရတဲ့ အေတြ႕အႀကဳံေတြကို အခုလို ေျပာျပခဲ့ပါတယ္။

ခင္ရတနာစိုးကေတာ့ ခင္ပြန္းျဖစ္သူနဲ႔ ပရိသတ္ကို မိတ္ဆက္ေပးခဲ့ပါတယ္။ သူမရဲ႕ ခင္ပြန္းနာမည္က စိုင္းထက္ေက်ာ္ပါ။ သူတို႔ ဇနီးေမာင္ႏွံဟာ အခုဆိုရင္ အိမ္ေထာင္သက္တမ္း (၅) ႏွစ္ရွိၿပီလို႔ သိရပါတယ္။ ေက်ာင္းသားအ႐ြယ္မွာ အိမ္ေထာင္ျပဳခဲ့ရတဲ့ အခက္အခဲေတြကို ေျပာျပခဲ့ပါတယ္။

“ အိမ္ေထာင္သက္တမ္းက (၅) ႏွစ္ရွိပါၿပီ။ အိမ္ေထာင္က်ခါစတုန္းကဆိုရင္ အရမ္းခက္ခဲတယ္။ ညီမကို အိမ္ေထာင္က်သြားလို႔ စိတ္ဆိုးထားၾကတာထက္ လူႀကီးေတြရဲ႕ အိပ္မက္ကို ညီမက ႐ိုက္ခ်ိဳးလိုက္သလို ျဖစ္သြားေတာ့ စိတ္ဆိုးတာပါ။ သူ႔ကိုလည္း ညီမဘက္က အသိုင္းအဝိုင္းက ခ်စ္ေပးၾကပါတယ္။ သူနဲ႔ ညီမနဲ႔ ညားတုန္းက သူက ေက်ာင္းသားပဲရွိေသးတယ္။ ညီမက က်ေတာ့ ေမေမက သီခ်င္းတစ္ပြဲဆိုရင္ မုန႔္ဖိုး (၃) သာင္းေပးတယ္။ ၿပီးေတာ့ သူ႔ရဲ႕ မိဘေတြကလည္း မုန႔္ဖိုးေတြ ေပးၾကတယ္။ ၿပီးေတာ့ စီးပြားေရး အတည္တက်ျဖစ္ေအာင္လို႔ သူ႔ရဲ႕ မိဘေတြက စီးပြားေရးေလးေတြ ေထာင္ေပးတယ္။ သူကလည္း အလုပ္ႀကိဳးစားပါတယ္” လို႔ ဆိုပါတယ္။

ခင္ရတနာစိုးဟာ လက္ရွိလုပ္ကိုင္ေနတဲ့ အႏုပညာအလုပ္ကိုလည္း ခင္ပြန္းျဖစ္သူက နားလည္မႈ အျပည့္ေပးထားတယ္လို႔ ေျပာပါတယ္။ ခင္ပြန္းက သူမထက္ အသက္(၉)လႀကီးေပမယ့္ အစ္ကို တစ္ေယာက္လို ေမတၱာေတြ ေပးႏိုင္တယ္လို႔လည္း ခင္ရတနာစိုးက အင္တာဗ်ဴးမွာ ေျဖဆိုခဲ့တာပါ။

“ ခင္ပြန္းကေတာ့ ညီမကို စိတ္မရႈပ္ေစတဲ့သူ၊ ညီမကို နားမၿငီးေစတဲ့သူ၊ ညီမကို အာ႐ုံ မေနာက္ေစတဲ့သူေပါ့ေနာ္။ ညီမ စိတ္ညစ္ေနၿပီဆိုလည္း သူက ညီမနဲ႔ ခပ္ေဝးေဝးေလးမွာ ေနေပးတယ္။ ဒါေပမယ့္ ကိုယ္က ရစ္စရာလူမရွိေတာ့ သူ႔အနားပဲ သြားၿပီး ရစ္ရတာေပါ့ေလ။ ကိုယ္ေတြ ႏွစ္ေယာက္ ညားခါစတုန္းကေတာ့ ညီမက ဆိုးတယ္၊ တစ္ဦးတည္းေသာ သမီးလည္းျဖစ္တယ္ဆိုေတာ့ ညီမရဲ႕ ဒဏ္ေတြကို အေမ့အစား သူ ခံရတာေပါ့ေနာ္။

ညီမအတြက္လည္း အလုပ္ေတြ ႀကိဳးစားေပးတယ္၊ သူ႔ မိဘေတြအတြက္ စီးပြားေရးလည္း မလစ္ဟင္းေစရဘူး။ သူ ေတာ္ပါတယ္။ ညီမအတြက္ကေတာ့ တကယ္ေကာင္းတဲ့ ခင္ပြန္း တစ္ေယာက္ပါ။ အသက္ကလည္း (၉) လႀကီး (၉) လငယ္ဆိုေတာ့ သူငယ္ခ်င္းလိုျဖစ္ေနတာေပါ့။ ညီမက အစ္ကိုေတြ၊ ေမာင္ေတြလည္း မရွိေတာ့ အစ္ကို တစ္ေယာက္လိုလည္း ခင္တြယ္တယ္၊ ကိုယ့္ရဲ႕ အမ်ိဳးသားလည္း ျဖစ္တယ္ ဆိုေတာ့ အကုန္လုံးရဲ႕ ေမတၱာကို သူေပးႏိုင္တယ္ေပါ့ေနာ္” ဆိုၿပီးေတာ့ ဒီဇင္ဘာလ ၂၇ ရက္ေန႔က စိန္နန္းေတာ္ Live မွာ ေျဖဆိုခဲ့တာပါ။

ခင္ရတနာစိုးဟာ ဂီတ နဲ႔ ပတ္သက္ၿပီး ငယ္စဥ္ကတည္းက ဖခင္ျဖစ္သူရဲ႕ ဆိုင္းပြဲေတြမွာ သီခ်င္းေတြ သီဆိုခဲ့ဖူးသူတစ္ေယာက္ပါ။ သူမဟာ ဖခင္ဆုံးပါးသြားတဲ့ေနာက္ အသက္(၁၂) ႏွစ္အ႐ြယ္မွာ ကိုယ္ပိုင္ ဆိုင္းဝိုင္းရရွိခဲ့တာျဖစ္ၿပီး ဆိုင္းတီးရာမွာလည္း ကြၽမ္းက်င္သူ တစ္ေယာက္ျဖစ္တာမို႔ ေ႐ႊတံဆိပ္ဆုေတြလည္း ရရွိခဲ့ဖူးတာကိုလည္းေတြ႕ရပါတယ္။ ၂၀၁၉ ခုႏွစ္တုန္းကေတာ့ Myanmar idol သီခ်င္းဆိုၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ဖူးတယ္လို႔ သိရပါတယ္။ ၂၀၂၀ ခုႏွစ္မွာေတာ့ The Voice Myanmar (Season-3) ကို ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး Final Round အထိ တက္လွမ္းႏိုင္ခဲ့ေပမယ့္ Winner ဆုနဲ႔ လြဲေခ်ာ္သြားခဲ့ရပါတယ္။

ဆယ္လီရပ္ကြက္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ဇနီးအတွက်ရော၊ မိဘအတွက်ပါ တကယ်ကို ကြိုးစားတဲ့သူပါတဲ့။ ခင်ရတနာစိုးဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်တစ်ခုကိုဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံတွေကို အခုလို ပြောပြခဲ့ပါတယ်။

ခင်ရတနာစိုးကတော့ ခင်ပွန်းဖြစ်သူနဲ့ ပရိသတ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ သူမရဲ့ ခင်ပွန်းနာမည်က စိုင်းထက်ကျော်ပါ။ သူတို့ ဇနီးမောင်နှံဟာ အခုဆိုရင် အိမ်ထောင်သက်တမ်း (၅) နှစ်ရှိပြီလို့ သိရပါတယ်။ ကျောင်းသားအရွယ်မှာ အိမ်ထောင်ပြုခဲ့ရတဲ့ အခက်အခဲတွေကို ပြောပြခဲ့ပါတယ်။

“ အိမ်ထောင်သက်တမ်းက (၅) နှစ်ရှိပါပြီ။ အိမ်ထောင်ကျခါစတုန်းကဆိုရင် အရမ်းခက်ခဲတယ်။ ညီမကို အိမ်ထောင်ကျသွားလို့ စိတ်ဆိုးထားကြတာထက် လူကြီးတွေရဲ့ အိပ်မက်ကို ညီမက ရိုက်ချိုးလိုက်သလို ဖြစ်သွားတော့ စိတ်ဆိုးတာပါ။ သူ့ကိုလည်း ညီမဘက်က အသိုင်းအဝိုင်းက ချစ်ပေးကြပါတယ်။ သူနဲ့ ညီမနဲ့ ညားတုန်းက သူက ကျောင်းသားပဲရှိသေးတယ်။ ညီမက ကျတော့ မေမေက သီချင်းတစ်ပွဲဆိုရင် မုန့်ဖိုး (၃) သာင်းပေးတယ်။ ပြီးတော့ သူ့ရဲ့ မိဘတွေကလည်း မုန့်ဖိုးတွေ ပေးကြတယ်။ ပြီးတော့ စီးပွားရေး အတည်တကျဖြစ်အောင်လို့ သူ့ရဲ့ မိဘတွေက စီးပွားရေးလေးတွေ ထောင်ပေးတယ်။ သူကလည်း အလုပ်ကြိုးစားပါတယ်” လို့ ဆိုပါတယ်။

ခင်ရတနာစိုးဟာ လက်ရှိလုပ်ကိုင်နေတဲ့ အနုပညာအလုပ်ကိုလည်း ခင်ပွန်းဖြစ်သူက နားလည်မှု အပြည့်ပေးထားတယ်လို့ ပြောပါတယ်။ ခင်ပွန်းက သူမထက် အသက်(၉)လကြီးပေမယ့် အစ်ကို တစ်ယောက်လို မေတ္တာတွေ ပေးနိုင်တယ်လို့လည်း ခင်ရတနာစိုးက အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

“ ခင်ပွန်းကတော့ ညီမကို စိတ်မရှုပ်စေတဲ့သူ၊ ညီမကို နားမငြီးစေတဲ့သူ၊ ညီမကို အာရုံ မနောက်စေတဲ့သူပေါ့နော်။ ညီမ စိတ်ညစ်နေပြီဆိုလည်း သူက ညီမနဲ့ ခပ်ဝေးဝေးလေးမှာ နေပေးတယ်။ ဒါပေမယ့် ကိုယ်က ရစ်စရာလူမရှိတော့ သူ့အနားပဲ သွားပြီး ရစ်ရတာပေါ့လေ။ ကိုယ်တွေ နှစ်ယောက် ညားခါစတုန်းကတော့ ညီမက ဆိုးတယ်၊ တစ်ဦးတည်းသော သမီးလည်းဖြစ်တယ်ဆိုတော့ ညီမရဲ့ ဒဏ်တွေကို အမေ့အစား သူ ခံရတာပေါ့နော်။

ညီမအတွက်လည်း အလုပ်တွေ ကြိုးစားပေးတယ်၊ သူ့ မိဘတွေအတွက် စီးပွားရေးလည်း မလစ်ဟင်းစေရဘူး။ သူ တော်ပါတယ်။ ညီမအတွက်ကတော့ တကယ်ကောင်းတဲ့ ခင်ပွန်း တစ်ယောက်ပါ။ အသက်ကလည်း (၉) လကြီး (၉) လငယ်ဆိုတော့ သူငယ်ချင်းလိုဖြစ်နေတာပေါ့။ ညီမက အစ်ကိုတွေ၊ မောင်တွေလည်း မရှိတော့ အစ်ကို တစ်ယောက်လိုလည်း ခင်တွယ်တယ်၊ ကိုယ့်ရဲ့ အမျိုးသားလည်း ဖြစ်တယ် ဆိုတော့ အကုန်လုံးရဲ့ မေတ္တာကို သူပေးနိုင်တယ်ပေါ့နော်” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၇ ရက်နေ့က စိန်နန်းတော် Live မှာ ဖြေဆိုခဲ့တာပါ။

ခင်ရတနာစိုးဟာ ဂီတ နဲ့ ပတ်သက်ပြီး ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူရဲ့ ဆိုင်းပွဲတွေမှာ သီချင်းတွေ သီဆိုခဲ့ဖူးသူတစ်ယောက်ပါ။ သူမဟာ ဖခင်ဆုံးပါးသွားတဲ့နောက် အသက်(၁၂) နှစ်အရွယ်မှာ ကိုယ်ပိုင် ဆိုင်းဝိုင်းရရှိခဲ့တာဖြစ်ပြီး ဆိုင်းတီးရာမှာလည်း ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တာမို့ ရွှေတံဆိပ်ဆုတွေလည်း ရရှိခဲ့ဖူးတာကိုလည်းတွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကတော့ Myanmar idol သီချင်းဆိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ The Voice Myanmar (Season-3) ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး Final Round အထိ တက်လှမ်းနိုင်ခဲ့ပေမယ့် Winner ဆုနဲ့ လွဲချော်သွားခဲ့ရပါတယ်။

ဆယ်လီရပ်ကွက်