ပရိသတ်တွေရဲ့ တစ်နိုင်တစ်ပိုင် အိမ်တွင်းစီးပွားရေးလုပ်ငန်းတွေကို ကူညီပေးရင်းနဲ့ ကိုယ်ပိုင်စတိုးဆိုင်ကြီး ဖွင့်လှစ်နိုင်ခဲ့တဲ့ စမိုင်းလ်
ေဇာ္ဂ်ီ / ယူနီကုဒ်
Unicode ဖြင့်ဖတ်ပါ
★★★★★
Zawgyi ဖြင့်ဖတ်ပါ
★★★★★
ပရိသတ်တွေရဲ့ တစ်နိုင်တစ်ပိုင် အိမ်တွင်းစီးပွားရေးလုပ်ငန်းတွေကို ကူညီပေးရင်းနဲ့ ကိုယ်ပိုင်စတိုးဆိုင်ကြီး ဖွင့်လှစ်နိုင်ခဲ့တဲ့ စမိုင်းလ်
သရုပ်ဆောင် စမိုင်းလ်ကတော့ ဆယ်ကျော်သက်အရွယ်မှာ မော်ဒယ်လ်နဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ကျော်ကြားခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေနဲ့ ကြော်ငြာတွေ တော်တော်များများမှာ နေရာယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။စမိုင်းလ်က အိမ်ထောင်ကျပြီးနောက်မှာတော့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့ပြီး နိုင်ငံခြားမှာ သွားရောက်အခြေချနေထိုင်နေခဲ့တာပဲ ဖြစ်ပါတယ်။ စမိုင်းလ်ကို ချစ်တဲ့ ပရိသတ်တွေကတော့ ဒီနေ့ဒီအချိန်ထိတိုင်ရှိနေကြဆဲဖြစ်ပြီး စမိုင်းလ်ကလည်း မအားလပ်တဲ့ အလုပ်တွေကြားမှာ ရုပ်ရှင်အချို့ကို ရိုက်ကူးထားပြီး သူမရဲ့ Smile အွန်လိုင်းရုပ်ရှင်ရုံကနေ ပြသပေးနေတာပဲ ဖြစ်ပါတယ်။
ခင်ပွန်းဖြစ်သူရဲ့ စီးပွားရေးအလုပ်တွေကိုလည်း ကူညီလုပ်ကိုင်ပေးနေတဲ့ စမိုင်းလ်ကတော့ သူမရဲ့ နာမည်နဲ့ Smile အွန်လိုင်းရုပ်ရှင်ရုံဆိုတဲ့ အွန်လိုင်း Application အပြင် အခုဆိုရင် သူမရဲ့ နာမည်နဲ့ပဲ Smile Mart ဆိုတဲ့ စတိုးဆိုင်လေးကို ဖွင့်လှစ်နိုင်ခဲ့ပြန်ပါပြီ။ စမိုင်းလ်က ကိုဗစ်ကာလမှာ တစ်နိုင်တစ်ပိုင် အိမ်တွင်းစီးပွားရေးလုပ်ငန်းလုပ်သူတွေကို ကူညီပေးရင်း စတိုးဆိုင်ဖွင့်ဖို့ အိုင်ဒီယာရကာ အခုဆိုရင် ပထမဦးဆုံးဆိုင်ကို ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
စမိုင်းလ်ကတော့ သူများအတွက် အလှူအတန်းတွေလုပ်လေလေ စီးပွားရေးတွေ အဆင်ပြောလာလေလေလို့ ဆိုထားသူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စမိုင်းလ်ရဲ့ စီးပွားရေးအလုပ်တွေ အဆင်ပြေပြီး ဒီထက်မက အောင်မြင်ကြီးပွားဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: စမိုင်းလ် Smile ‘s fb
Bilie – Cele Connections