ရုပ်ရှင်အစည်းအရုံးက ကြိုဆိုဆို၊ မကြိုဆိုဆို ရုပ်ရှင်လောကကောင်းအောင် ဝိုင်းကြိုးစားနေတဲ့အချိန်မှာ ပါဝင်ချင်ပါတယ်ဆိုတဲ့ ယုန်လေး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ျပည္သူခ်စ္ အနုပညာရွင္ေတြထဲက တစ္ေယာက္အပါအဝင္ျဖစ္တဲ့ ယုန္ေလးကေတာ့ အနုပညာနဲ့ ပက္သတ္ရင္ သူမ်ားေတြထက္ေတာင္ ပိုျပီးရူးသြပ္စြာ လုပ္ကိုင္တတ္သူတစ္ေယာက္ပါ။ ယုန္ေလးကေတာ့ သူ့ရဲ့ တစ္ခ်ိဳ့ေသာ အနုပညာလႈပ္ရွားမႈေတြမွာ ေစတနာအမွားေတြမ်ားစြာျဖစ္ခဲ့ရတာေၾကာင့္ ျပႆနာအခ်ိဳ့လည္းရိွခဲ့ျပီး မၾကာေသးခင္လပိုင္းကလည္း သီခ်င္း MV တစ္ပုဒ္ေၾကာင့္ ျမန္မာနုိင္ငံရုပ္ရွင္အစည္းအရံုးမွ ရုပ္ရွင္ရိုက္ကူးခြင့္ တစ္နွစ္ ပိတ္ပင္တားျမစ္ခံခဲ့ရတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ယုနေလးက ရုပ္ရွင္အစည္းအရံုးက ၾကိဳဆိုဆို၊ မၾကိဳဆိုဆို ရုပ္ရွင္ေလာကေကာင္းေအာင္ ဝိုင္းၾကိဳးစားေနတဲ့အခ်ိန္မွာ ပါဝင္ခ်င္ပါတယ္ဆိုတဲ့အေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။

“ဆင္ဆာဆိုတာႀကီးက အႏုပညာသမားတိုင္းရဲ႕ အေႏွာင့္ယွက္တစ္ခုပါ။ ဆင္ဆာလူႀကီးမ်ားကိုေစာ္ကားျခင္းမဟုတ္ပါ။ ဆင္ဆာမူဝါဒကို မရိွေတာ့ေအာင္ ကြ်န္ေတာ္တို႔ လူညီမွရပါမည္။ အခုမွ ေျပာတာက ကြ်န္ေတာ္စိတ္ညစ္ေနတဲ့အခ်ိန္မွာ ဘယ္ကိစၥမွ ဦးမေဆာင္ခ်င္ေတာ့တာနဲ႔ ဝင္မပါခ်င္ေတာ့တဲ့ စိတ္ေၾကာင့္ပါ။ ဦးေဆာင္ေနတဲ့ လူမ်ားအားလံုးကို အားေပးေထာက္ခံ ေလးစားပါတယ္။ ဒီေန႔မနက္ Ice Cold ဖုန္းဆက္တယ္။ Ice Cold ဆိုတာ ရုပ္ရွင္ေလာကနဲ႔ နည္းနည္းေဝးပါတယ္။ ဒါေပမယ့္ အရမ္းလည္းမေဝးဘူး Special 9 မင္းသားဆိုေတာ့ .သူေျပာတာRating ကိစၥ ကြ်န္ေတာ့္ကို လက္မွတ္လာထိုးခိုင္းလို႔ ထိုးသင့္လားေမးလို႔ ထိုးသင့္တဲ့ အေၾကာင္းေျပာလိုက္ပါတယ္။”

“ကြ်န္ေတာ္ အစ္ကိုဒါရိုက္တာ ကိုသားညီလွမ္းေမးတယ္။ လက္မွတ္ ထိုးၿပီးၿပီလားဆိုေတာ့ ဘယ္သူ႔မွမဆက္သြယ္သလို ဘယ္မွာထိုးရမွာလဲ။ ကြ်န္ေတာ္ေရာ ထိုးရမွာလား တကယ္ဘာမမသိလို႔ပါလုိ႔ ေျဖလိုက္ပါတယ္။ ညီေလး က အထိုးသင့္ဆံုးေပါ့ ဆိုၿပီးေျပာပါတယ္။ ဒီRatingကိုလည္း လြန္ခဲ့တဲ့ ႏွစ္ေတြထဲက အျဖစ္သင့္ဆံုးလို႔ ေျပာဖူးပါတယ္။ မွတ္မွတ္ရရ OG 3 အပိတ္ခံထားရတဲ့ အခ်ိန္။ OG 2 ရံုတင္ခြင့္မရခင္ ဆင္ဆာေတြ ျဖတ္ေတာက္ေနခ်ိန္ ဝန္ႀကီးပါပါတဲ့ 2017 က မွာျပဳလုပ္တဲ့ ရုပ္ရွင္ျမင့္တင္ေရးရဲ႕ အစည္းေဝးတစ္ခုမွ ကြ်န္ေတာ္ထေျပာဖူးပါတယ္။ လူလိမ္မာႏိုင္ငံမွာ ဆရာက်တဲ့လူနာမည္ေတာင္ ၃ ေခါက္ေျပာင္းၿပီး ဆင္ဆာက်ဖို႔ ေတာ္ေတာ္ခက္ခဲ့ပါတယ္။ OG 3 အားလံုးသိတဲ့အတိုင္း အမ်ားျပည္သူျပသရန္မသင့္ဆိုၿပီး အတတ္ႏိုင္ဆံုး ျပင္ဆင္ႀကိဳးပမ္းခဲ့တဲ့အတြက္ ၄ႏွစ္အၾကာမွာ ဆင္ဆာရခဲ့ပါတယ္။”

“သတိအႏၲရာယ္ရိွသည္ တစ္ခ်ိဳ႕ခန္းေတြ ဆင္ဆာထိခဲ့လို႔ျပသခ်ိန္ ၃ လ ေနာက္က်ခဲ့ပါတယ္။ အခုထိ ဇာတ္လမ္းမက်ေသးတာ ကြ်န္ေတာ္အႀကိဳက္ဆံုးကားထဲကတစ္ကား။ နာမည္က “အကယ္၍ မေသခဲ့ေသာ္” ရည္ရြယ္ခ်က္ အရမ္းေကာင္းတဲ့ ေက်ာရိုးကို မေပးပါဘူးဆိုၿပီးပိတ္တယ္။ ကြ်န္ေတာ္ မျဖစ္ျဖစ္ေအာင္ရိုက္ခ်င္တယ္ဆိုၿပီး ေလးစားရတဲ့ အဖြဲ႕ဝင္ထဲက ဆရာႀကီးတစ္ေယာက္ကို ေျပာပါတယ္။ အဲ့ဆရာႀကီးက ရိုက္ၿပီးေတာ့မွ တစ္ကားလံုးပိတ္လိုက္မယ္လို႔ ေျပာၿပီး စိတ္ဓာတ္ကို သတ္ခဲ့ပါတယ္။ အဲ့ဆရာႀကီးတို႔ စာေပမွာ ဆင္ဆာမရိွေအာင္ ရုန္းကန္ေနတဲ့အခ်ိန္ ရုပ္ရွင္ေလာကသားေတြက ဝိုင္းကူညီထားေပးၾကပါတယ္။ ဆင္ဆာက်က် မက်က် ယုန္ေလး ရုပ္ရွင္ရိုက္ကူးခြင့္ျပန္ရတဲ့အခ်ိန္ မရရေအာင္ရိုက္မယ့္ ပထမဆံုးကားက “အကယ္၍ မေသခဲ့ေသာ္”ပါ။ ”

“ပိတ္တာေတာ့ ကံဇာတာပဲေပါ့။ အႏုပညာသမားကေတာ့ စိတ္လြတ္လပ္ေနမွ အေတြးေခၚေတြ လြတ္လပ္ေနမွ အေကာင္းဆံုးအရာေတြကို ဖန္တီးဖို႔ပိုနီးစပ္မွာပါ။ အခုပံုထဲက Special Foece က2016 ထဲက ရိုက္ခဲ့တဲ့ကားပါ။ တစ္ကားလံုး အခုထိ ပိတ္ထားတုန္းပါ။ ျပန္ျပင္ဆင္တင္တာ ၃ခါမက ေတာ့ပါဘူး။ ရုပ္ရွင္အစည္းရံုးက ၾကိဳဆိုဆို၊ မႀကိဳဆိုဆို ကြ်န္ေတာ္ရုပ္ရွင္ရိုက္လို႔ ပရိသတ္လက္ခံလို႔၊ ကြ်န္ေတာ္ပရိသတ္ေပးတဲ့ ေနရာေလးရခဲ့ပါတယ္။ ရုပ္ရွင္ဆိုတာႀကီးေၾကာင့္ အဆင္ေျပခဲ့ပါတယ္ ရုပ္ရွင္ေလာကေကာင္းေအာင္ ဝိုင္းႀကိဳးစားေနတဲ့အခ်ိန္ ပါဝင္ခ်င္ပါတယ္။

အဲ့အတြက္ ဒီဆင္ဆာဆိုတာႀကီးကိုမရိွေအာင္ Rating စနစ္ျဖစ္ေအာင္ ၾကိဳးပမ္းရမယ့္အထဲကြ်န္ေတာ္တို႔ လက္မွတ္ေလးပါခြင့္ရခ်င္ပါတယ္။ အမ်ားဆံုးအပိတ္ခံရတာ ကြ်န္ေတာ့္ ကားေတြပါ။ အဲ့ဒါေၾကာင့္ ဘယ္သူ႔ကို ဘယ္လို ဆက္သြယ္ၿပီး ဘယ္လို ထိုးရပါမလဲ။ ေနာက္လည္း မလိုအပ္ပါက ဘာမွမဝင္ေျပာပါ။ လိုအပ္မယ္ဆို ရုပ္ရွင္ေလာကအတြက္ အခ်ိန္ေပးဖို႔ အၾကံညဏ္ေပးဖို႔အသင့္ပါ။” ဆိုျပီး ေျပာလာတာပဲ ျဖစ္ပါတယ္။

ယုန္ေလးကေတာ့ သူ့ရဲ့ ရုပ္ရွင္ေတာ္ေတာ္မ်ားမ်ားကလည္း္ ဆင္ဆာထိခဲ့တာေၾကာင့္ အခုလို Rating စနစ္ေျပာင္းလဲဖို့ လိႈႈက္လိႈက္လွဲလွဲေထာက္ခံလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Yone Lay’s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

ရုပ်ရှင်အစည်းအရုံးက ကြိုဆိုဆို၊ မကြိုဆိုဆို ရုပ်ရှင်လောကကောင်းအောင် ဝိုင်းကြိုးစားနေတဲ့အချိန်မှာ ပါဝင်ချင်ပါတယ်ဆိုတဲ့ ယုန်လေး

ပြည်သူချစ် အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ယုန်လေးကတော့ အနုပညာနဲ့ ပက်သတ်ရင် သူများတွေထက်တောင် ပိုပြီးရူးသွပ်စွာ လုပ်ကိုင်တတ်သူတစ်ယောက်ပါ။ ယုန်လေးကတော့ သူ့ရဲ့ တစ်ချို့သော အနုပညာလှုပ်ရှားမှုတွေမှာ စေတနာအမှားတွေများစွာဖြစ်ခဲ့ရတာကြောင့် ပြဿနာအချို့လည်းရှိခဲ့ပြီး မကြာသေးခင်လပိုင်းကလည်း သီချင်း MV တစ်ပုဒ်ကြောင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်ရိုက်ကူးခွင့် တစ်နှစ် ပိတ်ပင်တားမြစ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ယုနလေးက ရုပ်ရှင်အစည်းအရုံးက ကြိုဆိုဆို၊ မကြိုဆိုဆို ရုပ်ရှင်လောကကောင်းအောင် ဝိုင်းကြိုးစားနေတဲ့အချိန်မှာ ပါဝင်ချင်ပါတယ်ဆိုတဲ့အကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

“ဆင်ဆာဆိုတာကြီးက အနုပညာသမားတိုင်းရဲ့ အနှောင့်ယှက်တစ်ခုပါ။ ဆင်ဆာလူကြီးများကိုစော်ကားခြင်းမဟုတ်ပါ။ ဆင်ဆာမူဝါဒကို မရှိတော့အောင် ကျွန်တော်တို့ လူညီမှရပါမည်။ အခုမှ ပြောတာက ကျွန်တော်စိတ်ညစ်နေတဲ့အချိန်မှာ ဘယ်ကိစ္စမှ ဦးမဆောင်ချင်တော့တာနဲ့ ဝင်မပါချင်တော့တဲ့ စိတ်ကြောင့်ပါ။ ဦးဆောင်နေတဲ့ လူများအားလုံးကို အားပေးထောက်ခံ လေးစားပါတယ်။ ဒီနေ့မနက် Ice Cold ဖုန်းဆက်တယ်။ Ice Cold ဆိုတာ ရုပ်ရှင်လောကနဲ့ နည်းနည်းဝေးပါတယ်။ ဒါပေမယ့် အရမ်းလည်းမဝေးဘူး Special 9 မင်းသားဆိုတော့ .သူပြောတာRating ကိစ္စ ကျွန်တော့်ကို လက်မှတ်လာထိုးခိုင်းလို့ ထိုးသင့်လားမေးလို့ ထိုးသင့်တဲ့ အကြောင်းပြောလိုက်ပါတယ်။”

“ကျွန်တော် အစ်ကိုဒါရိုက်တာ ကိုသားညီလှမ်းမေးတယ်။ လက်မှတ် ထိုးပြီးပြီလားဆိုတော့ ဘယ်သူ့မှမဆက်သွယ်သလို ဘယ်မှာထိုးရမှာလဲ။ ကျွန်တော်ရော ထိုးရမှာလား တကယ်ဘာမမသိလို့ပါလို့ ဖြေလိုက်ပါတယ်။ ညီလေး က အထိုးသင့်ဆုံးပေါ့ ဆိုပြီးပြောပါတယ်။ ဒီRatingကိုလည်း လွန်ခဲ့တဲ့ နှစ်တွေထဲက အဖြစ်သင့်ဆုံးလို့ ပြောဖူးပါတယ်။ မှတ်မှတ်ရရ OG 3 အပိတ်ခံထားရတဲ့ အချိန်။ OG 2 ရုံတင်ခွင့်မရခင် ဆင်ဆာတွေ ဖြတ်တောက်နေချိန် ဝန်ကြီးပါပါတဲ့ 2017 က မှာပြုလုပ်တဲ့ ရုပ်ရှင်မြင့်တင်ရေးရဲ့ အစည်းဝေးတစ်ခုမှ ကျွန်တော်ထပြောဖူးပါတယ်။ လူလိမ်မာနိုင်ငံမှာ ဆရာကျတဲ့လူနာမည်တောင် ၃ ခေါက်ပြောင်းပြီး ဆင်ဆာကျဖို့ တော်တော်ခက်ခဲ့ပါတယ်။ OG 3 အားလုံးသိတဲ့အတိုင်း အများပြည်သူပြသရန်မသင့်ဆိုပြီး အတတ်နိုင်ဆုံး ပြင်ဆင်ကြိုးပမ်းခဲ့တဲ့အတွက် ၄နှစ်အကြာမှာ ဆင်ဆာရခဲ့ပါတယ်။”

“သတိအန္တရာယ်ရှိသည် တစ်ချို့ခန်းတွေ ဆင်ဆာထိခဲ့လို့ပြသချိန် ၃ လ နောက်ကျခဲ့ပါတယ်။ အခုထိ ဇာတ်လမ်းမကျသေးတာ ကျွန်တော်အကြိုက်ဆုံးကားထဲကတစ်ကား။ နာမည်က “အကယ်၍ မသေခဲ့သော်” ရည်ရွယ်ချက် အရမ်းကောင်းတဲ့ ကျောရိုးကို မပေးပါဘူးဆိုပြီးပိတ်တယ်။ ကျွန်တော် မဖြစ်ဖြစ်အောင်ရိုက်ချင်တယ်ဆိုပြီး လေးစားရတဲ့ အဖွဲ့ဝင်ထဲက ဆရာကြီးတစ်ယောက်ကို ပြောပါတယ်။ အဲ့ဆရာကြီးက ရိုက်ပြီးတော့မှ တစ်ကားလုံးပိတ်လိုက်မယ်လို့ ပြောပြီး စိတ်ဓာတ်ကို သတ်ခဲ့ပါတယ်။ အဲ့ဆရာကြီးတို့ စာပေမှာ ဆင်ဆာမရှိအောင် ရုန်းကန်နေတဲ့အချိန် ရုပ်ရှင်လောကသားတွေက ဝိုင်းကူညီထားပေးကြပါတယ်။ ဆင်ဆာကျကျ မကျကျ ယုန်လေး ရုပ်ရှင်ရိုက်ကူးခွင့်ပြန်ရတဲ့အချိန် မရရအောင်ရိုက်မယ့် ပထမဆုံးကားက “အကယ်၍ မသေခဲ့သော်”ပါ။ ”

“ပိတ်တာတော့ ကံဇာတာပဲပေါ့။ အနုပညာသမားကတော့ စိတ်လွတ်လပ်နေမှ အတွေးခေါ်တွေ လွတ်လပ်နေမှ အကောင်းဆုံးအရာတွေကို ဖန်တီးဖို့ပိုနီးစပ်မှာပါ။ အခုပုံထဲက Special Foece က 2016 ထဲက ရိုက်ခဲ့တဲ့ကားပါ။ တစ်ကားလုံး အခုထိ ပိတ်ထားတုန်းပါ။ ပြန်ပြင်ဆင်တင်တာ ၃ခါမက တော့ပါဘူး။ ရုပ်ရှင်အစည်းရုံးက ကြိုဆိုဆို၊ မကြိုဆိုဆို ကျွန်တော်ရုပ်ရှင်ရိုက်လို့ ပရိသတ်လက်ခံလို့၊ ကျွန်တော်ပရိသတ်ပေးတဲ့ နေရာလေးရခဲ့ပါတယ်။ ရုပ်ရှင်ဆိုတာကြီးကြောင့် အဆင်ပြေခဲ့ပါတယ် ရုပ်ရှင်လောကကောင်းအောင် ဝိုင်းကြိုးစားနေတဲ့အချိန် ပါဝင်ချင်ပါတယ်။

အဲ့အတွက် ဒီဆင်ဆာဆိုတာကြီးကိုမရှိအောင် Rating စနစ်ဖြစ်အောင် ကြိုးပမ်းရမယ့်အထဲ ကျွန်တော်တို့ လက်မှတ်လေးပါခွင့်ရချင်ပါတယ်။ အများဆုံးအပိတ်ခံရတာ ကျွန်တော့် ကားတွေပါ။ အဲ့ဒါကြောင့် ဘယ်သူ့ကို ဘယ်လို ဆက်သွယ်ပြီး ဘယ်လို ထိုးရပါမလဲ။ နောက်လည်း မလိုအပ်ပါက ဘာမှမဝင်ပြောပါ။ လိုအပ်မယ်ဆို ရုပ်ရှင်လောကအတွက် အချိန်ပေးဖို့ အကြံညဏ်ပေးဖို့အသင့်ပါ။” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ယုန်လေးကတော့ သူ့ရဲ့ ရုပ်ရှင်တော်တော်များများကလည်း ဆင်ဆာထိခဲ့တာကြောင့် အခုလို Rating စနစ်ပြောင်းလဲဖို့ လှိုှုက်လှိုက်လှဲလှဲထောက်ခံလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Yone Lay’s fb
Bilie – Cele Connections