ရုပ်သံလိုင်းမှာ ကြေငြာပြီးသားဖြစ်တဲ့ New Year Countdown ပွဲမှာ မဖျော်ဖြေဖြစ်တော့ဘူးလို့ စိတ်မကောင်းစွာပြောလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

ေဇာ္ဂ်ီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

ျမန္မာနို္င္ငံရဲ့ ဒိတ္ဒိတ္ၾကဲ အနုပညာရွင္တစ္ဦးျဖစ္တဲ့ စိုင္းစိုင္းခမ္းလိႈင္က အဆိုေရာ၊ သရုပ္ေဆာင္ပါ ေျပာစရာမလိုေအာင္ ထူးခၽြန္သူတစ္ေယာက္ ျဖစ္ပါတယ္။ စိုင္းစိုင္းခမ္းလိႈင္က နွစ္ေပါင္း (၂၀) ေက်ာ္ၾကာ ေအာင္ျမင္ခဲ့ျပီး အခုခ်ိန္ထိတိုင္ ေအာင္ျမင္မႈအရိွန္အဝါ လံုးဝက်ဆင္းမသြားပဲ အားေပးသူပရိသတ္ အခိုင္အမာနဲ့ ရပ္တည္ေနလ်က္ရိွတဲ့ လက္ခ်ိဳးေရလို့ရတဲ့ အနုပညာရွင္စာရင္းမွာ ပါဝင္သူတစ္ေယာက္ဆိုလည္း မမွားပါဘူး ။ နိုင္ငံေက်ာ္ အနုပညာရွင္တစ္ေယာက္ပီပီ ရိႈးပြဲေတြမ်ားစြာမွာလည္း သီဆုိေလ့ရိွတဲ့ စိုင္းစိုင္းခမ္းလိႈင္က ဒီကေန့မွာေတာ့ သူ့အေနနဲ့ New Year Countdown ပြဲမွာ မေဖ်ာ္ေျဖျဖစ္ေတာ့ဘူးလို့ ဝမ္းနည္းစြာေျပာလာပါတယ္။

စိုင္းစိုင္းခမ္းလိႈင္က “ဒီႏွစ္ ႏွစ္သစ္ကူးပြဲမွာ မေဖ်ာ္ေျဖျဖစ္ပါဘူးခင္ဗ်ာ။ ( ကြ်န္ေတာ္ Brand Ambassador အျဖစ္ အမွတ္တံဆိပ္ေတြကို တာဝန္ယူတဲ့ေနရာမွာ ကုန္ပစၥည္းအမ်ိဳးအစားတစ္ခုစီတိုင္းအတြက္ တစ္ခုတည္း (Exclusive) တာဝန္ယူဖို႔ စာခ်ဳပ္နဲ႔သေဘာတူလက္ခံထားတာျဖစ္ပါတယ္။ ဒါေၾကာင့္ တခ်ိဳ႕ပြဲေတြမွာ တခ်ိဳ႕ အစီအစဥ္ေတြမွာ က်ေနာ္ပါဝင္ ေဖ်ာ္ေျဖဖို႔အတြက္ မျဖစ္ႏိုင္တာေတြရွိပါတယ္။ အခု New Year ပြဲမွာလည္း က်ေနာ္ မပါဝင္ျဖစ္တဲ့အေၾကာင္းနဲ႔ ေနာက္တစ္ပြဲမွပဲ ပါဝင္ေဖ်ာ္ေျဖပါမယ္ဆိုတဲ့အေၾကာင္း တင္ျပပါတယ္ခင္ဗ်) အားလုံး Happy 2021 New Year ပါ” ဆိုျပီး အခုလိုပဲ ေျပာလာတာပဲ ျဖစ္ပါတယ္။

စိုင္းစိုင္းခမ္းလိႈင္ကေတာ့ MRTV 4 ရဲ့Telenor Myanmar New Year Countdown 2021 Virtual Live Show မွာ သီဆိုဖို့ ရုပ္သံလိုင္းမွာ တရားဝင္ေၾကျငာျပီးသားျဖစ္ေပမယ့္ သူ့ရဲ့အလုပ္ကိစၥတစ္ခုေၾကာင့္ မေဖ်ာ္ေျဖေတာ့ဘူးလို့ ေျပာလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Sai Sai Kham Leng’s fb
Bilie – Cele Connections

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ရုပ်သံလိုင်းမှာ ကြေငြာပြီးသားဖြစ်တဲ့ New Year Countdown ပွဲမှာ မဖျော်ဖြေဖြစ်တော့ဘူးလို့ စိတ်မကောင်းစွာပြောလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်က အဆိုရော၊ သရုပ်ဆောင်ပါ ပြောစရာမလိုအောင် ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က နှစ်ပေါင်း (၂၀) ကျော်ကြာ အောင်မြင်ခဲ့ပြီး အခုချိန်ထိတိုင် အောင်မြင်မှုအရှိန်အဝါ လုံးဝကျဆင်းမသွားပဲ အားပေးသူပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေလျက်ရှိတဲ့ လက်ချိုးရေလို့ရတဲ့ အနုပညာရှင်စာရင်းမှာ ပါဝင်သူတစ်ယောက်ဆိုလည်း မမှားပါဘူး ။ နိုင်ငံကျော် အနုပညာရှင်တစ်ယောက်ပီပီ ရှိုးပွဲတွေများစွာမှာလည်း သီဆိုလေ့ရှိတဲ့ စိုင်းစိုင်းခမ်းလှိုင်က ဒီကနေ့မှာတော့ သူ့အနေနဲ့ New Year Countdown ပွဲမှာ မဖျော်ဖြေဖြစ်တော့ဘူးလို့ ဝမ်းနည်းစွာပြောလာပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က “ဒီနှစ် နှစ်သစ်ကူးပွဲမှာ မဖျော်ဖြေဖြစ်ပါဘူးခင်ဗျာ။ ( ကျွန်တော် Brand Ambassador အဖြစ် အမှတ်တံဆိပ်တွေကို တာဝန်ယူတဲ့နေရာမှာ ကုန်ပစ္စည်းအမျိုးအစားတစ်ခုစီတိုင်းအတွက် တစ်ခုတည်း (Exclusive) တာဝန်ယူဖို့ စာချုပ်နဲ့သဘောတူလက်ခံထားတာဖြစ်ပါတယ်။ ဒါကြောင့် တချို့ပွဲတွေမှာ တချို့ အစီအစဉ်တွေမှာ ကျနော်ပါဝင် ဖျော်ဖြေဖို့အတွက် မဖြစ်နိုင်တာတွေရှိပါတယ်။ အခု New Year ပွဲမှာလည်း ကျနော် မပါဝင်ဖြစ်တဲ့အကြောင်းနဲ့ နောက်တစ်ပွဲမှပဲ ပါဝင်ဖျော်ဖြေပါမယ်ဆိုတဲ့အကြောင်း တင်ပြပါတယ်ခင်ဗျ) အားလုံး Happy 2021 New Year ပါ” ဆိုပြီး အခုလိုပဲ ပြောလာတာပဲ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ MRTV 4 ရဲ့Telenor Myanmar New Year Countdown 2021 Virtual Live Show မှာ သီဆိုဖို့ ရုပ်သံလိုင်းမှာ တရားဝင်ကြေငြာပြီးသားဖြစ်ပေမယ့် သူ့ရဲ့အလုပ်ကိစ္စတစ်ခုကြောင့် မဖျော်ဖြေတော့ဘူးလို့ ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Sai Sai Kham Leng’s fb
Bilie – Cele Connections