နောက်ဆုံးပေါ် ဖုန်းအကောင်းစားတွေနဲ့ Surprise လုပ်ခဲ့ပေမယ့် ချစ်ဇနီးရဲ့ လေးစားဖွယ်စိတ်ဓာတ်လေးကြောင့် ချက်ချင်းဆိုသလိုပြန်ရောင်းခဲ့ရတဲ့ နိုင်းဝမ်း

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

နောက်ဆုံးပေါ် ဖုန်းအကောင်းစားတွေနဲ့ Surprise လုပ်ခဲ့ပေမယ့် ချစ်ဇနီးရဲ့ လေးစားဖွယ်စိတ်ဓာတ်လေးကြောင့် ချက်ချင်းဆိုသလိုပြန်ရောင်းခဲ့ရတဲ့ နိုင်းဝမ်း

ပရိသတ်တွေချစ်ကြတဲ့ အဆိုတော် နိုင်းဝမ်းကတော့ သူမြတ်မြတ်နိုးနိုးချစ်ရတဲ့ မိန်းကလေးနဲ့ ရွှေလက်တွဲ လက်ထပ်ခဲ့ပြီပဲ ဖြစ်ပါတယ်။ နိုင်းဝမ်းကတော့ အခုဆိုရင် သူ့ရဲ့ ကြင်စဦးအိမ်ထောင်သည်ဘဝလေးကို ဖြတ်သန်းနေပြီဖြစ်ပြီး သာယာတဲ့ အခိုက်အတံ့တွေကို ခံစားနေတာပဲ ဖြစ်ပါတယ်။ ချစ်သူဘဝကတည်းက မိန်းကလေးအပေါ် အရမ်းချစ်ပြီး ဘာမဆိုဖြည့်စည်းပေးချင်တဲ့ နိုင်းဝမ်းက လူတကာကိုင်နေကြတဲ့ နောက်ဆုံးပေါ် iPhone 12 Pro Max တွေကို ဝယ်ယူပြီး ချစ်ဇနီးကို Surprise လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆူခံခဲ့ရကြောင်း အခုလိုပဲ ပြောလာပါတယ်။

“သေးသေးလေးပဲလား ကြီးကြီးလား.. သေးသေးကြီးကြီးလား မိန်းမကိုစပရိုက်တိုက်တာ မိန်းမက သေးသေးကြီးကြီး ဖုန်းအဟောင်းမပျက်မချင်း ကိုဗစ်ကာလမှာ ဈေးကြီးတာတွေမကိုင်ချင်ဘူး၊ ဝယ်တဲ့ဈေးအတိုင်းပြန်ရောင်းဆိုပြီးအဆူခံလိုက်ရလို့ပြန်ရောင်းမယ်ကွာ USAအလုံးအသစ်စက်စက်တွေ 256GB ဘလူးသေးနဲ့ ဘလူးကြီး ချာဂျာခေါင်းကြိုးပါ မြန်မာပြည်ရောက်ဖို့ တစ်လကျော်ကြာတာကြောင့် ဝယ်ဈေးထက်တော့လုံးဝမလျှော့” ဆိုပြီး မိန်းမအတွက် ဝယ်ထားတဲ့ဖုန်းတွေကို ချက်ချင်းဆိုသလို ပြန်ရောင်းခဲ့တာပဲ ဖြစ်ပါတယ်။

နိုင်းဝမ်းကတော့ စေ့စေ့စပ်စပ်ရှိပြီး ပိုက်ဆံကို မလိုအပ်ပဲ မဖြုန်းတဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတာ တကယ့်ကို အားကျစရာပါပဲ။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ နိုင်းဝမ်းရဲ့ ဇနီးလေးကို ချစ်ပြီးရင်း ပိုချစ်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Zin Latt ‘s fb
Bilie – Cele Connections