ဈေးကြီးတဲ့ ပရိဘောဂတွေ ရောင်းတာတောင် ပရိသတ်တွေက ယုံကြည်စွာနဲ့ အားပေးကြလို့ အရမ်းပျော်နေတဲ့ ထက်ထက်မိုးဦး

ေဇာ္ဂ်ီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

အကယ်ဒမီနှစ်ဆုရှင်လဲဖြစ် ကြော်ငြာမင်းသမီးလဲဖြစ် ပရိသတ်အချစ်တွေကို အမြဲရရှိနေသူလဲဖြစ်တဲ့ သူဆိုတာ အနုပညာလောကမှာ ထက်ထက်မိုးဦးပဲရှိမယ်ထင်တယ်။ ဝေဖန်ခံရနိုင်တဲ့ ကိစ္စတွေ ဖြစ်ခဲ့ရင်တောင် မဝေဖန်ခံရပဲ မျက်နှာမြင်တာနဲ့တင်

ပိုပိုအချစ်ခံလာရသူပါ။ အနုပညာလောကမှ ပျောက်လိုက်ပေါ်လိုက် ဖြစ်နေပေမယ့်လည်း ပရိသတ်တိုင်းရဲ့ရင်မှာ ထက်ထက်မိုးဦးက အမြဲ အချစ်တော်ကြီးဖြစ်နေခဲ့တယ်ဆိုတာ အခုတလော သူမကြော်ငြာပြီး

ရောင်းပေးနေတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေက သက်သေပါပဲ။ဘယ်သူနဲ့မှမတူတဲ့ သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေရဲ့ ကြည့်ရှုနှုန်းအားတွေက ဘယ် ဆယ်လီ ဘယ်အနုပညာရှင်တွေကမှ လိုက်မမှီတာ အမှန်ပါပဲနော်။ ဒီနေ့မှာလည်း ”ပရိဘောဂတွေရောင်းတိုင်း ဒီလိုမျိုး တန်ဖိုးကြီးတွေရောင်းရလို့ အားပေးသူတွေကိုယ်စား

ထက်ကိုယ်တိုင်လည်း စိတ်လှုပ်ရှားရသလို ဝမ်းသာကြည်နူးရပါတယ်။ အီတလီ ကထုတ်တာဆိုမှတော့ အနုပညာ တစ်ခုလိုပါပဲ ရွှေကလည်းပါတာဆိုတော့မှ ဘာမှတောင်ပြောစရာ လိုမယ်တော့မထင်တော့ပါဘူးနော်။ကြည့်ရှုပေးသူရော အားပေးသူရော ချစ်ရသူတွေအကုန်ကိုလည်း

မေတ္တာပို့ပေးပါတယ်။ ရောဂါတွေအားလုံးလည်း ကင်းဝေးပြီး ချစ်ရသူတွေဆီကိုလည်း ရတနာ ရှိရာ ရတနာလာ ဆိုတဲ့အတိုင်း ရွှေတွေငွေတွေ အများကြီး ဝင်ပါစေ။ ” ဆိုကာဆုမွန်ကောင်းတောင်းပေးခဲ့တာပါ။ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Htet Htet Moe Oo’s Facebook

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အကယ္ဒမီႏွစ္ဆုရွင္လဲျဖစ္ ေၾကာ္ျငာမင္းသမီးလဲျဖစ္ ပရိသတ္အခ်စ္ေတြကို အၿမဲရရွိေနသူလဲျဖစ္တဲ့ သူဆိုတာ အႏုပညာေလာကမွာ ထက္ထက္မိုးဦးပဲရွိမယ္ထင္တယ္။ ေဝဖန္ခံရႏိုင္တဲ့ ကိစၥေတြ ျဖစ္ခဲ့ရင္ေတာင္ မေဝဖန္ခံရပဲ မ်က္ႏွာျမင္တာနဲ႔တင္

ပိုပိုအခ်စ္ခံလာရသူပါ။ အႏုပညာေလာကမွ ေပ်ာက္လိုက္ေပၚလိုက္ ျဖစ္ေနေပမယ့္လည္း ပရိသတ္တိုင္းရဲ႕ရင္မွာ ထက္ထက္မိုးဦးက အၿမဲ အခ်စ္ေတာ္ႀကီးျဖစ္ေနခဲ့တယ္ဆိုတာ အခုတေလာ သူမေၾကာ္ျငာၿပီး

ေရာင္းေပးေနတဲ့ တိုက္႐ိုက္ထုတ္လႊင့္မႈေတြက သက္ေသပါပဲ။ဘယ္သူနဲ႔မွမတူတဲ့ သူမရဲ႕ တိုက္႐ိုက္ထုတ္လႊင့္မႈေတြရဲ႕ ၾကည့္ရႈႏႈန္းအားေတြက ဘယ္ ဆယ္လီ ဘယ္အႏုပညာရွင္ေတြကမွ လိုက္မမွီတာ အမွန္ပါပဲေနာ္။ ဒီေန႔မွာလည္း ”ပရိေဘာဂေတြေရာင္းတိုင္း ဒီလိုမ်ိဳး တန္ဖိုးႀကီးေတြေရာင္းရလို႔ အားေပးသူေတြကိုယ္စား

ထက္ကိုယ္တိုင္လည္း စိတ္လႈပ္ရွားရသလို ဝမ္းသာၾကည္ႏူးရပါတယ္။ အီတလီ ကထုတ္တာဆိုမွေတာ့ အႏုပညာ တစ္ခုလိုပါပဲ ေ႐ႊကလည္းပါတာဆိုေတာ့မွ ဘာမွေတာင္ေျပာစရာ လိုမယ္ေတာ့မထင္ေတာ့ပါဘူးေနာ္။ၾကည့္ရႈေပးသူေရာ အားေပးသူေရာ ခ်စ္ရသူေတြအကုန္ကိုလည္း

ေမတၱာပို႔ေပးပါတယ္။ ေရာဂါေတြအားလုံးလည္း ကင္းေဝးၿပီး ခ်စ္ရသူေတြဆီကိုလည္း ရတနာ ရွိရာ ရတနာလာ ဆိုတဲ့အတိုင္း ေ႐ႊေတြေငြေတြ အမ်ားႀကီး ဝင္ပါေစ။ ” ဆိုကာဆုမြန္ေကာင္းေတာင္းေပးခဲ့တာပါ။ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source : Htet Htet Moe Oo’s Facebook