မန္တလေး အိမ်တော်ရာစေတီအတွင်းရှိ မြေစောင့်နတ်ရုပ်မှ ရေများ ကျဆင်းလာ (အတိတ်နိမိတ်တွေလား)

ေဇာ္ဂ်ီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

မန္တလေး အိမ်တော်ရာစေတီအတွင်းရှိ မြေစောင့်နတ်ရုပ်မှ ရေများ ကျဆင်းလာ (အတိတ်နိမိတ်တွေလား)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ “မဟာလောကရံသီ အိမ်တော်ရာစေတီတော် တနင်္ဂနွေထောင့်ရှိ ရုပ်ထုတခုမှ ဒီဇင်ဘာ၂၉ရက် နေ့လယ်ပိုင်းတွင် ရေစက်များ အလိုအလျောက် ကျရှိနေကြောင်း သိရပါတယ်။

“အစပိုင်းမှာ သူရသဿီရုပ်တုလို့ ကြားခဲ့မိရာ အမှန်တကယ် ကြွရောက်စစ်ဆေးကြည့်တော့ ဝသုန္ဓရေ မြေစောင့်နတ်ရုပ် ဖြစ်နေတာ တွေ့ရှိရပါတယ်။ ရေစက်ကတော့ အချို့ကလဲ ရေပိုက်ထည့်ထားကြတယ်လို့ ဆိုကြလေတယ်။ ဂေါပကအဖွဲ့ကလည်းအသစ်၊ ဝန်ထမ်းတွေကလည်း အသစ်ဆိုတော့ ရေရေလည်လည် မသိရှိကြပါဘူး။

ရေပိုက်ထည့်ထားတာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဆက်အစပ် မရှိဘဲ ရေစက်ကအလိုအလျောက် ကျနေတာဆိုတော့ ထူးဆန်းနေတဲ့ သဘောပါ။ ဘယ်လို အခြေအနေပဲ ဖြစ်နေပါစေ၊ မြန်မာလူမျိုးတို့ ဓလေ့ထုံးစံအရ ဆံပင်က ရေထွက်တယ်၊ ရောင်ခြည်တော်လွှတ် တယ်ဆိုတာ ” ဇမ္ဗူဒိပ် အောင်အတိတ်” ဆိုသည့်အတိုင်း ကောင်းတဲ့နိမိတ် ကောင်းတဲ့အတိတ် ဆောင်ကြရင် ကောင်းတဲ့ လက္ခဏာပါလို့ ဆိုရမှာဖြစ်ပါကြောင်း”ဟု ချမ်းအေးသာစံမြို့နယ်၊သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင် ဆရာတော်က မိန့်ကြားပါတယ်။

ယခင်က အဆိုပါ နတ်ရုပ်တုမှ ယခုကဲ့သို့ ရေစက်များ ထွက်ရှိခြင်းမရှိဟု သိရပါတယ်။

Zawgyi ျဖင့္ဖတ္ပါ
★★★★★

မႏၲေလး အိမ္ေတာ္ရာေစတီအတြင္းရွိ ေျမေစာင့္နတ္႐ုပ္မွ ေရမ်ား က်ဆင္းလာ (အတိတ္နိမိတ္ေတြလား)

မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ “မဟာေလာကရံသီ အိမ္ေတာ္ရာေစတီေတာ္ တနဂၤေႏြေထာင့္ရွိ ႐ုပ္ထုတခုမွ ဒီဇင္ဘာ၂၉ရက္ ေန႔လယ္ပိုင္းတြင္ ေရစက္မ်ား အလိုအေလ်ာက္ က်ရွိေနေၾကာင္း သိရပါတယ္။

“အစပိုင္းမွာ သူရသႆီ႐ုပ္တုလို႔ ၾကားခဲ့မိရာ အမွန္တကယ္ ႂကြေရာက္စစ္ေဆးၾကည့္ေတာ့ ဝသုႏၶေရ ေျမေစာင့္နတ္႐ုပ္ ျဖစ္ေနတာ ေတြ႕ရွိရပါတယ္။ ေရစက္ကေတာ့ အခ်ိဳ႕ကလဲ ေရပိုက္ထည့္ထားၾကတယ္လို႔ ဆိုၾကေလတယ္။ ေဂါပကအဖြဲ႕ကလည္းအသစ္၊ ဝန္ထမ္းေတြကလည္း အသစ္ဆိုေတာ့ ေရေရလည္လည္ မသိရွိၾကပါဘူး။

ေရပိုက္ထည့္ထားတာ ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ အဆက္အစပ္ မရွိဘဲ ေရစက္ကအလိုအေလ်ာက္ က်ေနတာဆိုေတာ့ ထူးဆန္းေနတဲ့ သေဘာပါ။ ဘယ္လို အေျခအေနပဲ ျဖစ္ေနပါေစ၊ ျမန္မာလူမ်ိဳးတို႔ ဓေလ့ထုံးစံအရ ဆံပင္က ေရထြက္တယ္၊ ေရာင္ျခည္ေတာ္လႊတ္ တယ္ဆိုတာ ” ဇမၺဴဒိပ္ ေအာင္အတိတ္” ဆိုသည့္အတိုင္း ေကာင္းတဲ့နိမိတ္ ေကာင္းတဲ့အတိတ္ ေဆာင္ၾကရင္ ေကာင္းတဲ့ လကၡဏာပါလို႔ ဆိုရမွာျဖစ္ပါေၾကာင္း”ဟု ခ်မ္းေအးသာစံၿမိဳ႕နယ္၊သာသနာေတာ္ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕ဝင္ ဆရာေတာ္က မိန႔္ၾကားပါတယ္။

ယခင္က အဆိုပါ နတ္႐ုပ္တုမွ ယခုကဲ့သို႔ ေရစက္မ်ား ထြက္ရွိျခင္းမရွိဟု သိရပါတယ္။