အနေဝေးကွာသွားလေလေ အချစ်ရဲ့တန်ဖိုးပိုမြင်လာလေဆိုတဲ့ခံစားချက်နဲ့ “ငှက်” သီချင်းကို ရေးဖြစ်ခဲ့ကြောင်း ပြောလာတဲ့ G Fatt

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

နုိင္ငံေက်ာ္ အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ G Fatt ကေတာ့ ငယ္စဥ္ကတည္းက ဂီတကို ဝါသနာပါခဲ့သူတစ္ေယာက္ျဖစ္ျပီး သူ့ရဲ့ လူငယ္ဘဝမွာလည္း အဆိုေတာ္တစ္ေယာက္ျဖစ္ေအာင္ ၾကိဳးစားခဲ့တာပဲ ျဖစ္ပါတယ္။ G Fatt ကေတာ့ လက္ရိွမွာ သူျဖစ္ခ်င္တဲ့ နိုင္ငံေက်ာ္အဆိုေတာ္ၾကီးျဖစ္လို့ေနျပီး တစ္နိုင္ငံလံုးအတိုင္းအတာနဲ့ အားေပးသူပရိသတ္ေတြကို အခုိင္အမာရရိွထားျပီပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ G Fatt က သူ့ဘဝရဲ့အမွတ္တရေတြထဲက တစ္ခုအပါအဝင္ျဖစ္တဲ့ “ငွက္” သီခ်င္းေလးနဲ့ ပက္သတ္ျပီး အခုလိုပဲ ေျပာျပလာပါတယ္။

“လြန္ခဲ့တဲ့ ၄ႏွစ္​ေက်ာ္ ၅ႏွစ္​ေလာက္က ငွက္သီခ်င္းကို​ေရးခဲ့တယ္ မွတ္မွတ္ရရ အျမန္လမ္းမ​ေပၚ မွာခရီးသြား​ေနတဲ့အခ်ိန္​ေပါ့ဗ်ာ ​ေတာင္တန္း​ေတြ​ေပၚမွာ တိမ္​​ေတြရဲ႕အရိပ္​က ထိုးက်ေနတာကို အ​ေဝးကလွမ္းၾကည့္ရတာ အရမ္းလွတာပဲ ဒါ​ေပမယ့္​ေတာင္တန္း​ေတြအနီးနားကိုကားကတစ္ျဖည္းျဖည္းနီးလာ​ေလ​ေလ အဲ့ဒီ့တိမ္အရိပ္​ေလး​ေတြက သိပ္မလွ​ေတာ့သလိုခံစားရ​ေလပဲ ကြၽန္​ေတာ္စဥ္းစားမိတယ္ တစ္ခ်ိဳ႕အခ်စ္ေတြဟာ အဲ့တိမ္အရိပ္နဲ႔တူတယ္ နီး​ေနတဲ့အခ်ိန္မွာ အခ်စ္ရဲ႕လွပမႈကိုမခံစားရဘူး တစ္​ေယာက္နဲ႔တစ္​ေယာက္ ပို​ေဝးသြား​ေလ အခ်စ္ရဲ႕တန္ဖိုးကိုပိုျမင္လာ​ေလ​ေပါ့ အဲ့အ​ေတြး​ေလးဝင္လာ​ေတာ့ ကြၽန္​ေတာ္ ကား​ေပၚမွာ ‘​ေတာင္တန္း​ေတြ​ေပၚမွာရွိတဲ့ တိမ္တိုက္ရဲ႕အရိပ္လိုမ်ိဳး ငါ့အခ်စ္က နင္အ​ေဝးကၾကည့္မွ​ေတြ႕ႏိုင္လို႔ ‘ ဆိုတဲ့ Melody နဲ႔ စာသား ​ေရးျဖစ္တယ္ ”

“အ​ေရွ႕ကစကားကိုျပန္ဆက္ရရင္ တစ္ခ်ိဳ႕အခ်စ္​ေတြက ​ေဝး​ေလ တန္ဖိုးပိုရွိ​ေလ​ေပါ့ဗ်ာ ခင္ဗ်ားတို႔ဘဝမွာလဲ ​ေဝးသြားမွ ပိုခ်စ္မိတဲ့သူ​ေတြရွိဖူးၾကမယ္ထင္တာပါပဲ ကြၽန္​ေတာ္ ဂ်င္အ​ေခြထြက္​ေတာ့ ငွက္သီခ်င္းဟာ ​ပရိတ္သတ္အႀကိဳက္​ေတြ႕တဲ့သီခ်င္းထဲပါခဲ့တယ္ ​ေၾကာင္ခ်စ္တက္တဲ့​ေကာင္မ​ေလး​ေတြ / မိုး​ေရထဲလမ္း​ေလ်ာက္ရတာ​ေပ်ာ္တဲ့စုံတြဲ​ေတြ / ဟိုးငယ္ငယ္​ေလးထဲကသံ​ေယာဇာဥ္ျဖစ္ခဲ့ၾကတဲ့ခ်စ္သူ​ေတြ / အ​ေဝးႀကီး​ေဝးသြားမွ ပိုခ်စ္မွန္းသိၾကရတဲ့အသည္းကြဲသမား​ေတြ အတြက္ /ဒီသီခ်င္းက ဒါဏ္ရာပို​ေစခဲ့မယ္ထင္တာပါပဲ ၊

မတိုက္ဆိုင္လဲ ႀကိဳက္ႏွစ္သက္ၾကတဲ့ပရိတ္သတ္​ေတြလဲရွိခဲ့မယ္ထင္ပါတယ္ ကြၽန္​ေတာ္ ဒီသီခ်င္း​ေလးကိုအရမ္းတန္ဖိုးထားပါတယ္ ​ေတာင္တန္း​ေတြ​ေပၚက တိမ္ရိပ္​ေလး​ေတြလို အ​ေဝးကၾကည့္မွျမင္ရမယ့္ ခ်စ္ျခင္းတရား​ေတြအတြက္ ဒီသီခ်င္းကိုဖန္တီးခဲ့ပါတယ္ အခု MV နဲ႔ခံစားရ​ေတာ့မယ္ အတိတ္ကိုျပန္လြမ္းမိၾကပါ​ေစ ဆု​ေတာင္းရင္း ဒီသီခ်င္းက စနား​ေထာင္မိတုန္းက အမွတ္တရ ခံစားခ်က္​ေတြရွိရင္ ​ေရးသြားၾကပါလို႔​” ဆိုျပီး ေျပာလာပါတယ္။

G Fatt ရဲ့ “ငွက္” သီခ်င္းကေတာ့ ထြက္ရိွထားတာၾကာခဲ့ျပီဆိုေပမယ့္ Music Video ကိုေတာ့ မနက္ျဖန္ ဒီဇင္ဘာလ (၃၁) ရက္ေန့ G Fatt ရဲ့ ေမြးေန့မွာ ထြက္ရိွမွာ ျဖစ္ပါတယ္။ “ငွက္” သီခ်င္းနဲ့ ပက္သတ္ျပီး ပရိသတ္ၾကီးေရာ ခံစားခ်က္တိုက္ဆိုင္မႈေတြရိွလား ေျပာျပခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: G Fatt ‘s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ G Fatt ကတော့ ငယ်စဉ်ကတည်းက ဂီတကို ဝါသနာပါခဲ့သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ လူငယ်ဘဝမှာလည်း အဆိုတော်တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။ G Fatt ကတော့ လက်ရှိမှာ သူဖြစ်ချင်တဲ့ နိုင်ငံကျော်အဆိုတော်ကြီးဖြစ်လို့နေပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အားပေးသူပရိသတ်တွေကို အခိုင်အမာရရှိထားပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ G Fatt က သူ့ဘဝရဲ့အမှတ်တရတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ “ငှက်” သီချင်းလေးနဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောပြလာပါတယ်။

“လွန်ခဲ့တဲ့ ၄နှစ်ကျော် ၅နှစ်လောက်က ငှက်သီချင်းကိုရေးခဲ့တယ် မှတ်မှတ်ရရ အမြန်လမ်းမပေါ် မှာခရီးသွားနေတဲ့အချိန်ပေါ့ဗျာ တောင်တန်းတွေပေါ်မှာ တိမ်တွေရဲ့အရိပ်က ထိုးကျနေတာကို အဝေးကလှမ်းကြည့်ရတာ အရမ်းလှတာပဲ ဒါပေမယ့်တောင်တန်းတွေအနီးနားကိုကားကတစ်ဖြည်းဖြည်းနီးလာလေလေ အဲ့ဒီ့တိမ်အရိပ်လေးတွေက သိပ်မလှတော့သလိုခံစားရလေပဲ ကျွန်တော်စဉ်းစားမိတယ် တစ်ချို့အချစ်တွေဟာ အဲ့တိမ်အရိပ်နဲ့တူတယ် နီးနေတဲ့အချိန်မှာ အချစ်ရဲ့လှပမှုကိုမခံစားရဘူး တစ်ယောက်နဲ့တစ်ယောက် ပိုဝေးသွားလေ အချစ်ရဲ့တန်ဖိုးကိုပိုမြင်လာလေပေါ့ အဲ့အတွေးလေးဝင်လာတော့ ကျွန်တော် ကားပေါ်မှာ ‘တောင်တန်းတွေပေါ်မှာရှိတဲ့ တိမ်တိုက်ရဲ့အရိပ်လိုမျိုး ငါ့အချစ်က နင်အဝေးကကြည့်မှတွေ့နိုင်လို့ ‘ ဆိုတဲ့ Melody နဲ့ စာသား ရေးဖြစ်တယ် ”

“အရှေ့ကစကားကိုပြန်ဆက်ရရင် တစ်ချို့အချစ်တွေက ဝေးလေ တန်ဖိုးပိုရှိလေပေါ့ဗျာ ခင်ဗျားတို့ဘဝမှာလဲ ဝေးသွားမှ ပိုချစ်မိတဲ့သူတွေရှိဖူးကြမယ်ထင်တာပါပဲ ကျွန်တော် ဂျင်အခွေထွက်တော့ ငှက်သီချင်းဟာ ပရိတ်သတ်အကြိုက်တွေ့တဲ့သီချင်းထဲပါခဲ့တယ် ကြောင်ချစ်တက်တဲ့ကောင်မလေးတွေ / မိုးရေထဲလမ်းလျောက်ရတာပျော်တဲ့စုံတွဲတွေ / ဟိုးငယ်ငယ်လေးထဲကသံယောဇာဉ်ဖြစ်ခဲ့ကြတဲ့ချစ်သူတွေ / အဝေးကြီးဝေးသွားမှ ပိုချစ်မှန်းသိကြရတဲ့အသည်းကွဲသမားတွေ အတွက် /ဒီသီချင်းက ဒါဏ်ရာပိုစေခဲ့မယ်ထင်တာပါပဲ ၊

မတိုက်ဆိုင်လဲ ကြိုက်နှစ်သက်ကြတဲ့ပရိတ်သတ်တွေလဲရှိခဲ့မယ်ထင်ပါတယ် ကျွန်တော် ဒီသီချင်းလေးကိုအရမ်းတန်ဖိုးထားပါတယ် တောင်တန်းတွေပေါ်က တိမ်ရိပ်လေးတွေလို အဝေးကကြည့်မှမြင်ရမယ့် ချစ်ခြင်းတရားတွေအတွက် ဒီသီချင်းကိုဖန်တီးခဲ့ပါတယ် အခု MV နဲ့ခံစားရတော့မယ် အတိတ်ကိုပြန်လွမ်းမိကြပါစေ ဆုတောင်းရင်း ဒီသီချင်းက စနားထောင်မိတုန်းက အမှတ်တရ ခံစားချက်တွေရှိရင် ရေးသွားကြပါလို့” ဆိုပြီး ပြောလာပါတယ်။

G Fatt ရဲ့ “ငှက်” သီချင်းကတော့ ထွက်ရှိထားတာကြာခဲ့ပြီဆိုပေမယ့် Music Video ကိုတော့ မနက်ဖြန် ဒီဇင်ဘာလ (၃၁) ရက်နေ့ G Fatt ရဲ့ မွေးနေ့မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။ “ငှက်” သီချင်းနဲ့ ပက်သတ်ပြီး ပရိသတ်ကြီးရော ခံစားချက်တိုက်ဆိုင်မှုတွေရှိလား ပြောပြခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: G Fatt ‘s fb
Bilie – Cele Connections