ဆယ်တန်းကျောင်းသူအရွယ်ကတည်းက နေတိုးရုပ်ရှင်ရိုက်တာကို အပြင်မှာမြင်ဖူးခဲ့တာဆိုပြီး ငယ်ငယ်က အမှတ်တရတွေကို ပြောပြလာတဲ့ ဝတ်မှုံရွှေရည်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

ဆယ်တန်းကျောင်းသူအရွယ်ကတည်းက နေတိုးရုပ်ရှင်ရိုက်တာကို အပြင်မှာမြင်ဖူးခဲ့တာဆိုပြီး ငယ်ငယ်က အမှတ်တရတွေကို ပြောပြလာတဲ့ ဝတ်မှုံရွှေရည်

ပြည်သူချစ် အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ နေတိုးနဲ့ ဝတ်မှုံရွှေရည်ကတော့ သရုပ်ဆောင်ကောင်းသလို ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံးနဲ့ အပိုင်နိုင်ဆုံးသသရုပ်ဆောင်နိုင်ကြတဲ့ ထိပ်တန်းမင်းသားနဲ့ မင်းသမီးတွေပဲ ဖြစ်ကြပါတယ်။ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ကတော့ အနုပညာလောကထဲ ဝင်ရောက်လာချိန်ချင်းမတူညီပေမယ့် အနုပညာလှုပ်ရှားမှုတွေအများကြီးရှိတာကြောင့် ပရိသတ်တွေက တွဲမြင်ကြတဲ့အထိ လိုက်ဖက်ညီတဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း နေတိုးနဲ့ ဝတ်မှုံရွှေရည်က ရုပ်ရှင်၊ ကြော်ငြာ၊ သီချင်း MV စတာတွေကို အတူတူလုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်။

နှစ်ပေါင်းဆယ်စုနှစ်ကြာ အနုပညာအလုပ်တွေအတူတူလုပ်ကိုင်ခဲ့ကြတဲ့ အနုပညာမောင်နှမတွေပီပီ တစ်ယောက်နဲ့တစ်ယောက် အမှတ်တရတွေများစွာရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကလည်း နေတိုးကို ဆယ်တန်းကျောင်းသူအရွယ်ကတည်းက နေတိုးကိုမြင်ဖူးခဲ့သလို နေတိုးကလည်း ဝတ်မှုံရွှေရည်နဲ့ စစချင်းကြော်ငြာရိုက်ကွင်းပေါ်မှာ ဖြစ်ခဲ့ကြတဲ့ အမှတ်တရတွေကို အပြန်အလှန်ပြောပြလာတာ အခုလိုပဲ တွေ့ရပါတယ်။

နေတိုးနဲ့ ဝတ်မှုံရွှေရည်ကတော့ ခင်မင်မှုအတိုင်းအတာအရ ရှိခဲ့ဖူးကြတဲ့ အမှတ်တရတွေက မနည်းမနောပါပဲ။ ပရိသတ်ကြီးလည်း ကိုယ်ချစ်တဲ့ အနုပညာရှင်နှစ်ယောက်ရဲ့ အမှတ်တရတွေကိုသိရလို့ ကျေနပ်ကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Wutt Hmone Shwe Yi’s fb
Bilie – Cele Connections