“နန်း” နဲ့ အကျိုးမပေးတဲ့သူ့ကို ဆေးကြီးကြီးထိုးစနောက်ကြတဲ့ သူငယ်ချင်းတွေရဲ့ မွေးနေ့ကိတ်ကြောင့် သဘောကျမဆုံးဖြစ်နေတဲ့ G Fatt

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အမိုက္စား သီခ်င္းေတြအျပင္၊ ခံစားခ်က္အျပည့္ပါတဲ့ အခ်စ္၊ အလြမ္း၊ အေဆြး သီခ်င္းေတြကို ပိုင္နိုင္စြာ ေရးဆိုတီးခတ္နုိင္သူကေတာ့ လူငယ္ပရိသတ္ေတြၾကား လႊမ္းမိုးထားတဲ့ အဆိုေတာ္ G Fatt ပဲ ျဖစ္ပါတယ္။ G Fatt ကေတာ့ သူ့ရဲ့ အနုပညာသက္တမ္းတစ္ေလွ်ာက္ ပရိသတ္ေတြအေပၚ အရိုးသားဆံုးနဲ့ အပြင့္လင္းဆံုးသာေနထိုင္ခဲ့ျပီး သူ့ရဲ့မိသားစုကိစၥကအစ အခ်စ္ေရးကိစၥအဆံုး ပရိသတ္ေတြကို အသိေပးခဲ့တာပဲ ျဖစ္ပါတယ္။ လက္ရိွမွာေတာ့ G Fatt က ခ်စ္ရတဲ့ မိန္းကေလးမရိွေသးပဲ တစ္ေယာက္တည္း Single အျဖစ္နဲ့ သီခ်င္းသစ္ေတြကို ဆက္လက္ဖန္တီးေနလ်က္ရိွပါတယ္။

ဒီကေန့ ဒီဇင္ဘာလ (၃၁) ရက္ေန့ကေတာ့ G Fatt ရဲ့ အသက္ (၂၈) နွစ္ျပည့္ ေမြးေန့ပဲ ျဖစ္ပါတယ္။ G Fatt ကေတာ့ သူ့ရဲ့ ေမြးေန့မွာ ခ်စ္ရတဲ့ပရိသတ္ေတြအျပင္ ခင္မင္ရင္းနွီးသူေတြဆီက အမွတ္တရလက္ေဆာင္ေတြ ေမြးေန့ဆုမြန္ေကာင္းေတာင္းေတြ ရရိွခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ G Fatt က သူ့ရဲ့ အခ်စ္ဆံုးသူငယ္ခ်င္းေတြေပးၾကတဲ့ ေမြးေန့လက္ေဆာင္ကိတ္ကို ေတာ္ေတာ္ေလး သေဘာက်ေနတာ ေတြ့ရပါတယ္။ ကိတ္ေလးကေတာ့ “နန္း” နဲ့ အက်ိဳးမေပးတဲ့သူ့ကို “ဘုရင္ၾကီး သက္ေတာ္ရာေက်ာ္ရွည္ပါေစ.. နန္းတက္ေန့.. 31.12.1992 ပံု- မႈးမတ္မ်ားနဲ့ ဝန္ၾကီးမ်ားေကာင္းမႈ”လို့ ေရးထားတာေၾကာင့္ပဲ ျဖစ္ပါတယ္။

G Fatt ကေတာ့ သူထားရိွခဲ့ဖူးတဲ့ ခ်စ္သူမိန္းကေလးနာမည္ေတြနဲ့ စေနာက္ျပီး နန္းက်ဘုရင္ၾကီးလို့ ပရိသတ္ေတြက စေနာက္သလို သူငယ္ခ်င္းေတြကလည္း ေဆးထိုးၾကတာျဖစ္ျပီး ဒီကေန့ ေမြးေန့မွာေတာ့ နန္းတက္နိုင္ဖုိ့ နန္းတက္ဘုရင္ၾကီးဆိုျပီး သူငယ္ခ်င္းေတြက ကိတ္မုန့္မွာ ေရးသားေပးခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း G Fatt ရဲ့ သူငယ္ခ်င္းေတြလုပ္ေပးတဲ့ ကိတ္မု့န္ကို သေဘာက်ေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: G Fatt’s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

“နန်း” နဲ့ အကျိုးမပေးတဲ့သူ့ကို ဆေးကြီးကြီးထိုးစနောက်ကြတဲ့ သူငယ်ချင်းတွေရဲ့ မွေးနေ့ကိတ်ကြောင့် သဘောကျမဆုံးဖြစ်နေတဲ့ G Fatt

အမိုက်စား သီချင်းတွေအပြင်၊ ခံစားချက်အပြည့်ပါတဲ့ အချစ်၊ အလွမ်း၊ အဆွေး သီချင်းတွေကို ပိုင်နိုင်စွာ ရေးဆိုတီးခတ်နိုင်သူကတော့ လူငယ်ပရိသတ်တွေကြား လွှမ်းမိုးထားတဲ့ အဆိုတော် G Fatt ပဲ ဖြစ်ပါတယ်။ G Fatt ကတော့ သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် ပရိသတ်တွေအပေါ် အရိုးသားဆုံးနဲ့ အပွင့်လင်းဆုံးသာနေထိုင်ခဲ့ပြီး သူ့ရဲ့မိသားစုကိစ္စကအစ အချစ်ရေးကိစ္စအဆုံး ပရိသတ်တွေကို အသိပေးခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ G Fatt က ချစ်ရတဲ့ မိန်းကလေးမရှိသေးပဲ တစ်ယောက်တည်း Single အဖြစ်နဲ့ သီချင်းသစ်တွေကို ဆက်လက်ဖန်တီးနေလျက်ရှိပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၃၁) ရက်နေ့ကတော့ G Fatt ရဲ့ အသက် (၂၈) နှစ်ပြည့် မွေးနေ့ပဲ ဖြစ်ပါတယ်။ G Fatt ကတော့ သူ့ရဲ့ မွေးနေ့မှာ ချစ်ရတဲ့ပရိသတ်တွေအပြင် ခင်မင်ရင်းနှီးသူတွေဆီက အမှတ်တရလက်ဆောင်တွေ မွေးနေ့ဆုမွန်ကောင်းတောင်းတွေ ရရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် G Fatt က သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေပေးကြတဲ့ မွေးနေ့လက်ဆောင်ကိတ်ကို တော်တော်လေး သဘောကျနေတာ တွေ့ရပါတယ်။ ကိတ်လေးကတော့ “နန်း” နဲ့ အကျိုးမပေးတဲ့သူ့ကို “ဘုရင်ကြီး သက်တော်ရာကျော်ရှည်ပါစေ.. နန်းတက်နေ့.. 31.12.1992 ပုံ- မှုးမတ်များနဲ့ ဝန်ကြီးများကောင်းမှု”လို့ ရေးထားတာကြောင့်ပဲ ဖြစ်ပါတယ်။

G Fatt ကတော့ သူထားရှိခဲ့ဖူးတဲ့ ချစ်သူမိန်းကလေးနာမည်တွေနဲ့ စနောက်ပြီး နန်းကျဘုရင်ကြီးလို့ ပရိသတ်တွေက စနောက်သလို သူငယ်ချင်းတွေကလည်း ဆေးထိုးကြတာဖြစ်ပြီး ဒီကနေ့ မွေးနေ့မှာတော့ နန်းတက်နိုင်ဖို့ နန်းတက်ဘုရင်ကြီးဆိုပြီး သူငယ်ချင်းတွေက ကိတ်မုန့်မှာ ရေးသားပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း G Fatt ရဲ့ သူငယ်ချင်းတွေလုပ်ပေးတဲ့ ကိတ်မု့န်ကို သဘောကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: G Fatt’s fb
Bilie – Cele Connections