Frenzo အဖွဲ့ဝင်တစ်ယောက်အဖြစ်နဲ့ ညီလေးတစ်ယောက်လိုချစ်ရတဲ့ G Fatt အတွက် လေးလေးနက်နက် မွေးနေ့ဆုတောာင်းပေးလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

ေဇာ္ဂ်ီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★





Zawgyi ဖြင့်ဖတ်ပါ
★★★★★

Frenzo အဖွဲ့ဝင်တစ်ယောက်အဖြစ်နဲ့ ညီလေးတစ်ယောက်လိုချစ်ရတဲ့ G Fatt အတွက် လေးလေးနက်နက် မွေးနေ့ဆုတောာင်းပေးလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

သရုပ်ဆောင်နဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ အနုပညာသက်တမ်း နှစ်(၂၀) ကျော်တိုင် အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်သူတစ်ယောက် ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကတော့ အနုပညာလောကမှာ ကျင်လည်ဖြတ်သန်းလာခဲ့တာ နှစ်ပေါင်းအတော်ကြာမြင့်ခဲ့ပြီဖြစ်သလို ခင်မင်ရင်းနှီးခဲ့တဲ့ အနုပညာရှင် ညီအစ်ကိုမောင်နှမတွေလည်း ဒုနဲ့ဒေးရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ လူငယ်တွေအပေါ် လက်ကမ်းကြိုဆိုပြီး အမြဲတမ်းဖေးမပေးတဲ့ စိုင်းစိုင်းခမ်းလှိုင် ကို ဂျူနီယာတွေက ချစ်ကြသလို သမ္ဘာရင့်၊ ဝါရင့် အနုပညာရှင်တွေအပေါ်မှာလည်း လေးစားမှုရှိတဲ့ စိုင်းစိုင်းခမ်းလှိုင်ကို စီနီယာတွေကလည်း ခင်မင်ကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ Frenzo အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ G Fatt ရဲ့ မွေးနေ့အတွက် ဖေ့စ်ဘုတ်စာမျက်နှာကနေ မမေ့မလျော့ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က ဒီကနေ့ရဲ့ မွေးနေ့ရှင် G Fatt အတွက် “Happy Birthday G Fatt.. ကျန်းမာပျော်ရွှင် အောင်မြင်ပါစေ ” ဆိုပြီး သူတို့နှစ်ယောက်ရဲ့ စတိတ်ရှိုးအမှတ်တရ ဓာတ်ပုံလေးနဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလာတာပဲ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ Frenzo အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်၊ သူ့ရဲ့ ညီငယ်လေးလိုလည်းဖြစ်နေတဲ့ G Fatt အတွက် အမှတ်တရ မွေးနေ့ဆုတောင်းပေးလာခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင် G Fatt အတွက် အမှတ်တရ မွေးနေ့ဆုတောင်းစကားလေးတွေ ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Sai Sai Kham Leng’s fb
Bilie – Cele Connections