Miss Universe Myanmar 2020 သရဖူကြီးကို ဆွတ်ခူးနိုင်ခဲ့တဲ့ ညီမလေးဆီ အပြေးလေးသွားပြီး မှတ်တမ်းတင်ဂုဏ်ယူခဲ့တဲ့ မေ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: May’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

Miss Universe Myanmar 2020 သရဖူကြီးကို ဆွတ်ခူးနိုင်ခဲ့တဲ့ ညီမလေးဆီ အပြေးလေးသွားပြီး မှတ်တမ်းတင်ဂုဏ်ယူခဲ့တဲ့ မေ

ရုပ်ရည်သွင်ပြင်မှာ ပြောစရာမလိုအောင်လှတဲ့ မေကတော့ သူမလိုပဲ ချောမောတဲ့ ညီမလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ မေ့ရဲ့ ညီမလေးကလည်း နိုင်ငံခြားသူလေးတစ်ယောက်လို ဘိုဆန်တဲ့ မျက်နှာထားနဲ့ အရပ်အမောင်း ခန္ဓာကိုယ်အချိုးအစားမျိုးပိုင်ဆိုင်ထားတာမို့ ပရိသတ်တွေကတော့ ညီအစ်မနှစ်ယောက်စလုံးကို အားပေးနေကြတာပဲ ဖြစ်ပါတယ်။ မေကလည်း သူမရဲ့ညီမလေး သူဇာဝင့်လွင်ရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို ဘေးနားကနေ အမြဲတမ်း ဂုဏ်ယူနေသူတစ်ယောက် ဖြစ်ပါတယ်။

မနေ့က ဒီဇင်ဘာလ (၃၀) ရက်နေ့မှာလည်း မေ့ရဲ့ ညီမလေး သူဇာဝင့်လွင်က Miss Universe Myanmar 2020 သရဖူဆုကြီးနဲ့အတူတူ အခြား Title ဆုတွေများစွာကို ဆွတ်ခူးရရှိသွားခဲ့တာ ဖြစ်ပါတယ်။ မေကတော့ ညီမလေးရဲ့ ပြိုင်ပွဲကို အိမ်ကနေ အားပေးနေခဲ့ပြီး သရဖူကြီးရရှိသွားပြီလို့ သိရချိန်မှာတော့ ညီမလေးရှိရာပြိုင်ပွဲဆီအရောက်သွားပြီး မှတ်တမ်းတင်ခဲ့ကြောင်းကို “အရမ်းလှနေတဲ့သူလေးနဲ့ ဖေကြီးနဲ့မေကြီး ဂုဏ်ယူဖို့အပြေးအလွှားလေးဓာတ်ပုံသွားရိုက်ခဲ့တယ်.. Thuzar Wint Lwin” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။။

မေကတော့ (၈) ယောက်မြောက် Miss Universe Myanmar ဆုရှင်ဖြစ်လာတဲ့ ညီမလေးအတွက် အတိုင်းမသိဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း မေနဲ့အတူတူ မေ့ရဲ့ညီမလေး သူဇာဝင့်လွင်ကို ချစ်ပေး အားပေးပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: May’s fb
Bilie – Cele Connections