ခေတ်စားနေတဲ့ သီချင်းတပုဒ်နဲ့ ဆယ်လီမမတွေကတဲ့အတိုင်း တပုံစံတည်းလိုက်ကထားတဲ့ နန္ဒာလှိုင်ရဲ့ သမီးထွေးလေး ဇေမဒီလှိုင်ရဲ့ Tik Tok ဗီဒီယိုလေး ( ချစ်ဖို့ကောင်းချက်ပါနော်..)

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★







MM Load

Unicode ဖြင့်ဖတ်ပါ
★★★★★

ခေတ်စားနေတဲ့ သီချင်းတပုဒ်နဲ့ ဆယ်လီမမတွေကတဲ့အတိုင်း တပုံစံတည်းလိုက်ကထားတဲ့ နန္ဒာလှိုင်ရဲ့ သမီးထွေးလေး ဇေမဒီလှိုင်ရဲ့ Tik Tok ဗီဒီယိုလေး ( ချစ်ဖို့ကောင်းချက်ပါနော်..)ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဆယ်စုနှစ်တွေကတည်းက ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူချစ်အနုပညာရှင်မင်းသမီးချောကတော့ နန္ဒာလှိုင်ပဲ ဖြစ်ပါတယ်နော်..။

ဇာတ်ကားကောင်းတွေများစွာ ရိုက်ကူးထားပြီး ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အချစ်တွေနဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ကျော်ကြားခဲ့တဲ့ နန္ဒာလှိုင်ဟာ လက်ရှိမှာ အနုပညာအလုပ်တွေရပ်နားထားပေမယ့် ချစ်သရာသမီးလေးသုံးယောက်နဲ့အတူ ကြည်နူးအားကျစရာမိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်..။

မလတ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ နန္ဒာလှိုင်ရဲ့ သမီးလေးတွေကလည်း ဝဝကစ်ကစ်ပါးဖောင်းဖောင်းလေးတွေနဲ့ ချစ်မွှေလေးတွေပါကာ ချစ်စရာကောင်းလွန်းတာမို့ ပရိသတ်တွေက ချစ်ခင်အားပေးကြသလို မလတ်ကလည်း သမီးလေးတွေရဲ့ ပုံရိပ်လေးတွေကို မကြာခဏဝေမျှတတ်ပါတယ်နော်..။

အခုတစ်ခါမှာလည်း မလတ်ရဲ့အငယ်ဆုံးသမီးထွေးလေးဖြစ်ပြီး မဒီလို့ ချစ်စနိုးခေါ်ကြတဲ့ ဇေမဒီလှိုင်လေးကလည်း Tik Tok လေးတွေ ဆော့ကစားကာ ပရိသတ်တွေကို အသည်းယားအချစ်ပိုစေပြန်ပါတယ်နော်..။

ခေတ်စားနေတဲ့ Tik Tok သီချင်းလေးကို ဆယ်လီတွေကကြတဲ့အတိုင်း အသည်းယားစရာကောင်းအောင် တစ်ပုံစံတည်းလိုက်ကထားတဲ့ သမီးထွေးလေး မဒီရဲ့ Tik Tok ဗီဒီယိုလေးကို ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။

ချစ်စရာကောင်းလွန်းသလို လည်လွန်းတတ်လွန်းတဲ့ မဒီလေးတစ်ယောက် ဆယ်လီတွေကကြတဲ့အတိုင်းလေး ကိုယ်လုံးလေးကို လှုပ်ခါပြီး ကပြထားတဲ့ အသည်းယားစရာ Tik Tok ဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

MM Load