အချစ်ရဆုံးသမီးလေး မြမိုးဂင်္ဂါအတွက် အလှဆုံးပြင်ဆင်ထားတဲ့ ကိုယ်ပိုင်အိပ်ခန်းလေးကို နှစ်သစ်လက်ဆောင်အဖြစ်ပေးခဲ့တဲ့ ချမ်းချမ်း

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အဆိုေတာ္ ခ်မ္းခ်မ္းကေတာ့ ထူးျခားေလးနက္ျပီး ဆြဲေဆာင္အားေကာင္းတဲ့အသံပိုင္ရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဂီတေလာကမွာ နွစ္ေပါင္းအေတာ္ၾကာေအာင္ျမင္လာနိုင္ခဲ့တဲ့ ခ်မ္းခ်မ္းက အိမ္ေထာင္ရွင္မိခင္တစ္ေယာက္လည္းျဖစ္ျပီး ပရိသတ္ေတြအတြက္လည္း အနုပညာအလုပ္ေတြကို ၾကိဳးစားလုပ္ကိုင္ရသလို မိသားစုအတြက္လည္း တာဝန္ေက်ပြန္တဲ့ မိခင္ေကာင္းတစ္ေယာက္အျဖစ္ တာဝန္အျပည့္ယူထားသူတစ္ေယာက္ျဖစ္ပါတယ္။ လက္ရိွမွာေတာ့ ခ်မ္းခ်မ္းက သမီးၾကီးျမမိုးဂဂၤါနဲ့အတူတူ ဗိုက္ထဲကသမီးငယ္ေလး ျမမိုးဟသၤာကို ဂရုစိုက္ေစာင့္ေရွာက္ေနတာပဲ ျဖစ္ပါတယ္။

ဗိုက္ထဲက သမီးငယ္ကိုလည္း ဂရုစိုက္ေစာင့္ေရွာက္ေနသလို ျမမိုးဂဂၤါေလးအတြက္လည္း လုိအပ္တာမွန္သမွ်ျဖည့္ဆည္းေပးေနတဲ့ ခ်မ္းခ်မ္းက ဒီတစ္ေခါက္မွာေတာ့ ဂဂၤါေလးအတြက္ နွစ္သစ္လက္ေဆာင္အျဖစ္ ကိုယ္ပိုင္အခန္းေလးတစ္ခန္းလက္ေဆာင္ေပးခဲ့ပါတယ္။ ခ်မ္းခ်မ္းက ” ေနာက္ဆံုးေတာ့ နွစ္သစ္မွာ သူမရဲ့ကိုယ္ပိုင္အခန္းေလးကို ရရိွသြားခဲ့ျပီ။ ပန္းေရာင္ေကာေဇာ္နဲ့ ခ်စ္စရာေကာင္းတဲ့ အိပ္ယာေလးကိုေတာ့ ထပ္ထည့္ေပးဖို့ က်န္ေနေသးတယ္။ ေမေမသမီးကို အရမ္းခ်စ္တယ္ ပန္းေရာင္မင္းသမီးေလးေရ.. ” ဆိုျပီး သူမရဲ့ သမီးေလးအတြက္ ျဖည့္ဆည္းေပးခဲ့တာကို မွ်ေဝေပးလာပါတယ္။

ခ်မ္းခ်မ္းကေတာ့ သမီးေလး ျမမိုးဂဂၤါအၾကိဳက္ တစ္ခန္းလံုးကို ပန္းေရာင္ေလးေတြ လႊမ္းျခံဳဖို့ အစစအရာရာ ျပင္ဆင္ေပးေနတာပဲ ျဖစ္ပါတယ္။ ဂဂၤါေလးလည္း ေမေမ့ရဲ့ နွစ္သစ္လက္ေဆာင္ကို ၾကိဳက္နွစ္သက္မွာ အေသအခ်ာပါပဲေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Chan Nyein’s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

အချစ်ရဆုံးသမီးလေး မြမိုးဂင်္ဂါအတွက် အလှဆုံးပြင်ဆင်ထားတဲ့ ကိုယ်ပိုင်အိပ်ခန်းလေးကို နှစ်သစ်လက်ဆောင်အဖြစ်ပေးခဲ့တဲ့ ချမ်းချမ်း

အဆိုတော် ချမ်းချမ်းကတော့ ထူးခြားလေးနက်ပြီး ဆွဲဆောင်အားကောင်းတဲ့အသံပိုင်ရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဂီတလောကမှာ နှစ်ပေါင်းအတော်ကြာအောင်မြင်လာနိုင်ခဲ့တဲ့ ချမ်းချမ်းက အိမ်ထောင်ရှင်မိခင်တစ်ယောက်လည်းဖြစ်ပြီး ပရိသတ်တွေအတွက်လည်း အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရသလို မိသားစုအတွက်လည်း တာဝန်ကျေပွန်တဲ့ မိခင်ကောင်းတစ်ယောက်အဖြစ် တာဝန်အပြည့်ယူထားသူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ ချမ်းချမ်းက သမီးကြီးမြမိုးဂင်္ဂါနဲ့အတူတူ ဗိုက်ထဲကသမီးငယ်လေး မြမိုးဟင်္သာကို ဂရုစိုက်စောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။

ဗိုက်ထဲက သမီးငယ်ကိုလည်း ဂရုစိုက်စောင့်ရှောက်နေသလို မြမိုးဂင်္ဂါလေးအတွက်လည်း လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးနေတဲ့ ချမ်းချမ်းက ဒီတစ်ခေါက်မှာတော့ ဂင်္ဂါလေးအတွက် နှစ်သစ်လက်ဆောင်အဖြစ် ကိုယ်ပိုင်အခန်းလေးတစ်ခန်းလက်ဆောင်ပေးခဲ့ပါတယ်။ ချမ်းချမ်းက ” နောက်ဆုံးတော့ နှစ်သစ်မှာ သူမရဲ့ကိုယ်ပိုင်အခန်းလေးကို ရရှိသွားခဲ့ပြီ။ ပန်းရောင်ကောဇော်နဲ့ ချစ်စရာကောင်းတဲ့ အိပ်ယာလေးကိုတော့ ထပ်ထည့်ပေးဖို့ ကျန်နေသေးတယ်။ မေမေသမီးကို အရမ်းချစ်တယ် ပန်းရောင်မင်းသမီးလေးရေ.. ” ဆိုပြီး သူမရဲ့ သမီးလေးအတွက် ဖြည့်ဆည်းပေးခဲ့တာကို မျှဝေပေးလာပါတယ်။

ချမ်းချမ်းကတော့ သမီးလေး မြမိုးဂင်္ဂါအကြိုက် တစ်ခန်းလုံးကို ပန်းရောင်လေးတွေ လွှမ်းခြုံဖို့ အစစအရာရာ ပြင်ဆင်ပေးနေတာပဲ ဖြစ်ပါတယ်။ ဂင်္ဂါလေးလည်း မေမေ့ရဲ့ နှစ်သစ်လက်ဆောင်ကို ကြိုက်နှစ်သက်မှာ အသေအချာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Chan Nyein’s fb
Bilie – Cele Connections