အသက်(၂၈)နှစ်ပြည့် မွေးနေ့မှာ အမိုက်စားကားသစ်ကြီး လက်ဆောင်ရရှိခဲ့တဲ့ အဆိုတော် G Fatt

ေဇာ္ဂ်ီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

ဒီဇင်ဘာလ (၃၁) ရက်နေ့ကတော့ လူငယ်ပရိသတ်တွေကြိုက်ကြတဲ့ အဆိုတော် G Fatt ရဲ့ အသက် (၂၈) နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ G Fatt ကတော့ မွေးနေ့မှာ ချစ်ရတဲ့ ပရိသတ်တွေနဲ့ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတွေဆီက အမှတ်တရ မွေးနေ့ဆုမွန်ကောင်းစကားတွေကို ရရှိခဲ့သလို မွေးနေ့လက်ဆောင်တွေများစွာကိုလည်း ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် G Fatt က ဒီကနေ့ သူ့ရဲ့ မွေးနေ့မှာ နာမည်ကြီး ကားအမှတ်တံဆိပ်တစ်ခုရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခြင်းခံရတယ်လို့ ဂုဏ်ယူစွာနဲ့ သိရှိရပါတယ်။

G Fatt က သူ့ရဲ့မွေးနေ့မှာ နာမည်ကြီးကားအမှတ်တံဆိပ်ဖြစ်တဲ့ MG ရဲ့ Brand Ambassador အဖြစ် (၂) နှစ်တာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး ထူးထူးခြားခြားအနေနဲ့လည်း MG ကားသစ်ကြီးတစ်စီးကို မွေးနေ့လက်ဆောင်အဖြစ် လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။ G Fatt ကတော့ မွေးနေ့မှာ ထူးထူးခြားခြား ကားတစ်စီးလက်ဆောင်ရရှိခဲ့ပြီး အမှတ်တရတွေများစွာ ဖြစ်ခဲ့တာ အားကျဝမ်းသာစရာပါပဲ။

G Fatt ကတော့ ယခု ကားအမှတ်တံဆိပ်အပြင် အခြားသော နာမည်ကြီး ကုန်ပစ္စည်းတွေရဲ့ Brand Ambassador လည်း တာဝန်ယူဆောင်ရွက်ထားရတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင် G Fatt ရဲ့ ဂုဏ်ယူစရာသတင်းကောင်းလေးအတွက် ထပ်တူဝမ်းသာနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ဆယ်လီကွန်နက်ရှင်
Swelsone News

Zawgyi ဖြင့်ဖတ်ပါ
★★★★★




ဆယ်လီကွန်နက်ရှင်
Swelsone News