ကိုဗစ်ကုသဆေးဟာ ကမ္ဘာပေါ်တွင် မပေါ်ပေါက်သေးကြောင်း ဒေါက်တာခင်ခင်ကြီး ပြောပြီ

မြန်မာပြည် ကိုဗစ်ကုသဆေးဟာ နတ်ဆေးမဟုတ်ကြောင်း ဒေါက်တာခင်ခင်ကြီး ပြောပြီ

ဒီနေ့ ဆိုရှယ်မီဒီယာမှာ ဟော့နေတဲ့ ကိုဗစ်ကုသဆေးဆိုတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး ပြည်သူတွေ ပိုပြီးရှင်းရှင်းလင်းလင်းသိစေဖို့ ဂျပန်တိုင်းမ်း ဒီဇင်ဘာ ၁၇ ရက်နေ့မှာပါတဲ့ အကြောင်းအရာလေးကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်။

ဒီ Favipiravir ဆေးဟာ ကိုဗစ်ကို ကုသရာတွင်အသုံးပြုဖို့ မည်သူမျှ ထောက်ခံထားခြင်းမရှိပါ ရာသီတုပ်ကွေး Influenza အတွက် ကုသဆေးသာ ဖြစ်ပါသည် နတ်ဆေးလဲမဟုတ်ပါ ကိုဗစ်အတွက် ထုတ်ဖော်၍ရသော ဆေးတော်ကြီးမဟာလည်း မဟုတ်ပါ မိမိသဘောနှင့် သောက်သုံးရသည့်ဆေးလဲမဟုတ်ပါ ဆေး၏အစွမ်းထက်မြက်မှုကို စမ်းသပ်နေဆဲအဆင့်သာရှိပါသေးသည်။

မူရင်း Fujifilm Toyama Chemical Co., တောင် ဂျပန်နိုင်ငံတွင် ထောက်ခံချက် မရသေးသော ဆေးတစ်မျိုးသာဖြစ်ပါကြောင်း သိစေအပ်ပါသည်။

Favipiravir သည် ကိုဗစ်ရောဂါအတွက် ကုသဆေးအဖြစ် ဂျပန်နိုင်ငံမှာပင်လျှင် အတည်ပြုချက် ရရှိမထားသော ဆေးဖြစ်ပါသည်.. ဂျပန်နိုင်ငံမှ ပညာရှင်များအနေဖြင့် Avigan ဆေး၏ ကိုဗစ်ရောဂါကိုကုသရာတွင် ထိရောက်မှု ရှိမရှိနှင့်ပတ်သက်၍ အဆုံးသတ်ဆုံးဖြတ်ချက်ပေးနိုင်ရန် ကုသရေးပိုင်းက လုံလောက်သော အထောက်အထားမရှိသေးပါ။

ယင်းဆေးသည် ယခုမှဖော်ထုတ်၍ရသော ဆေးမဟုတ်ပဲ ယခင်ကတည်းကပင် ရာသီတုပ်ကွေးရောဂါကို ကုသရာတွင် အသုံးပြုရန် ရည်ရွယ်ထုတ်လုပ်ခဲ့သော ဆေးဖြစ်ပါသည်။

ဆေး၏နောက်ဆက်တွဲဆိုးကျိုးများအဖြစ် အသည်း၏ လုပ်ငန်းဆောင်တာထိခိုက်ခြင်း ကိုယ်ဝန်ဆောင်များတွင် သောက်သုံးလျှင် သန္ဓေသားတွင် ပုံသဏ္ဍာန်မမှန်သော ချို့ယွင်းချက်ဖြင့် မွေးဖွားလာနိုင်ခြင်းတို့ကြောင့် အထူးသတိထားသင့်သည့် ဆေးတစ်မျိုးလည်းဖြစ်ပါသည်။

အဆိုပါဆေးကို ကိုဗစ်ရောဂါ အသင့်အတင့်ခံစားရသည့် လူပေါင်း ၁၅၆ ယောက်တွင် စမ်းသပ်ထားချက်အရ ဆေးပေးသူသည် ၁၁.၉ ရက်တွင် သက်သာလာသည်ကို တွေ့ရပြီး ဆေးမပေးပဲ placebo သာပေးသောသူတွင် ၁၄.၇ ရက်ကြာတွင်သက်သာသည်ကို တွေ့ရသဖြင့် ကွာခြားချက်မှာ ထူးခြားစွာသိသာခြင်းမရှိပါ.. အဆိုပါသူတေသနတွင်လည်း လိုအပ်ချက်များစွာရှိနေကြောင်း ပညာရှင်များကထောက်ပြထားပါသည်။

ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးလက်ထက်ကတည်းကစပြီး ထိုဆေးနှင့်ပတ်သက်၍ သုတေသနရလဒ်များ ဆက်လက်လုပ်ဆောင်နေပြီး လိုအပ်သည့်အချက်အလက်များ ပြည့်စုံပါက အဆိုပါဆေးကို ၂၀၂၁ မေလတွင် အတည်ပြုဖို့ မျှော်လင့်ဖွယ်ရှိကြောင်း ပြောကြားထားပါသည်။

ရှင်းလင်းချက်.. ကိုဗစ်ကို ကာကွယ်ထိန်းချုပ်ကုသရာတွင် သုံးနိုင်သည့် ကုသဆေး ယခုထိ ကမ္ဘာပေါ်တွင် မပေါ်ပေါက်သေးကြောင်း သိစေအပ်ပါသည် ယခုအချိန်အထိ WHO က ကိုဗစ်ရောဂါကို ကုသရာတွင်အသုံးပြုဖို့ Dexamethasone တစ်မျိုးကိုသာ ခွင့်ပြုထားပါသည် အဆိုပါဆေးသည်လည်း ဗိုင်းရပ်စ်ကို ဒဲ့သတ်နိုင်သည့်ဆေးမဟုတ်ပဲ ကိုဗစ်ကြောင့်ဖြစ်ပေါ်လာသည့် cytokine storm ကို လျော့ပါးစေဖို့ ရည်ရွယ်ပါသည်။

အမေရိကန်ဆီးနိတ်က ဒီဇင်ဘာ ၁၀ ရက်နေ့ရက်စွဲဖြင့် US National Institute of Health သို့ ထုတ်ပြန်ချက်တွင်လည်း အဆိုပါဆေးကို ကုသမှုထဲတွင် ထည့်သွင်းခြင်းမပြုဖို့ ဖော်ပြထားပါသည်.. သုတေသနပြုလုပ်ခြင်း clinical trials များတွင်သာ အဆိုပါဆေးကို ဆရာဝန်ကြီးများ၏ကြီးကြပ်မှုအောက်တွင်သာ အသုံးပြုရန် ပြောထားပါသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် မိမိကျန်းမာရေးအတွက် အကောင်းဆုံး ကုသဆေး ကာကွယ်ဆေးဖြစ်သည့် လက်ဆေးခြင်း.. မျက်နှာကိုကာခြင်း.. တဦးနဲ့တဦး ဝေးဝေးနေခြင်း.. ကိုသာ အတိအကျ လိုက်နာရန်လိုအပ်သလို အချင်းချင်း အသိပေး သတိပေးခြင်းဖြင့်လည်း မိမိနိုင်ငံသားအချင်းချင်း စောင့်ရှောက်ပေးဖို့ မေတ္တာရှေ့ထား ပြောလိုပါသည်။

မကြာမီအချိန်အတွင်း ပြည်သူများ၏ စည်းလုံးညီညွတ်မှု စုပေါင်းစွမ်းပကားဖြင့် ကိုဗစ်ကို ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ပါသည်.. အတူကြိုးစားကြပါစို့..

ဒေါက်တာခင်ခင်ကြီး

Ref – Japan’s review of Avigan as COVID-19 treatment draws blank