သူမရောင်းချတဲ့ ထီပေါက်ပင်လေးဝယ်ပြီး အမှန်တကယ်ပဲထီပေါက်သွားခဲ့တဲ့ ဝယ်သူအတွက် ထပ်တူဝမ်းသာနေတဲ့ အေသင်ချိုဆွေ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

သူမရောင်းချတဲ့ ထီပေါက်ပင်လေးဝယ်ပြီး အမှန်တကယ်ပဲထီပေါက်သွားခဲ့တဲ့ ဝယ်သူအတွက် ထပ်တူဝမ်းသာနေတဲ့ အေသင်ချိုဆွေ

နိုင်ငံကျော် အဆိုတော်တစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ အေသင်ချိုဆွေကတော့ Single Mother တစ်ယောက်အဖြစ် ဘဝကို ရဲရဲဝံ့ဝံ့ ရပ်တည်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အေသင်ချိုဆွေကတော့ သမီးလေး Ivy ကို အဖေလိုတစ်မျိုး၊ အမေလိုတစ်မျိုး ပြုစုစောင့်ရှောက်ရင်း တစ်ဖက်မှာလည်း အနုပညာအလုပ်တွေကို အချိန်ပေး ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အေသင်ချိုဆွေက Indoor Plant လေးတွေကိုရောင်းချရင်း သူမရဲ့ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းကို ဦးစီးနေပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အေသင်ချိုဆွေက သူမဆီက အပင်လေးဝယ်ပြီး ထီပေါက်သွားခဲ့တဲ့ ဝယ်သူတစ်ယောက်အကြောင်းကို ဝမ်းသာစွာနဲ့ မျှဝေပေးလာပါတယ်။ အေသင်ချိုဆွေက “နှစ်သစ်မှာ ထီပေါက်ပင်လေး ဝယ် ပြီး ထီ (၅) သောင်းဆု ပေါက် တယ် တဲ့ ဝမ်းသာလိုက်တာ ၊ 2021 နှစ်သစ်အဖွင့်လေးမှာ ပထမဆုံး မင်္ဂလာသတင်းလေး ။ ” ဆိုပြီး သူမရောင်းချတဲ့ ထီပေါက်ပင်လေးဝယ်ပြီး အမှန်တကယ်ပဲထီပေါက်သွားခဲ့တဲ့ဝယ်သူအတွက် ထပ်တူဝမ်းသာနေတာပဲ ဖြစ်ပါတယ်။

အေသင်ချိုဆွေကတော့ သူမကြောင့်ပဲ ကံကောင်းသွားတဲ့ ဝယ်သူအတွက် ကိုယ်တိုင်ထီပေါက်တာထက်တောင် ဝမ်းသာပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ အေသင်လည်း နှစ်သစ်ကနေစပြီး ကံကောင်းခြင်းတွေရရှိပိုင်ဆိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source:Athen Cho Swe’s fb
Bilie – Cele Connections