စာတစ်နာရီ ဖတ်ရင် ငွေ(၁၀၀၀) ပေးတဲ့အပြင် ကော်ဖီနဲ့ မုန့်ပါ ကျွေးတဲ့ ရန်ကုန်မြို့က နေရာတစ်နေရာ
ေဇာ္ဂ်ီ / ယူနီကုဒ်
Unicode ဖြင့်ဖတ်ပါ
★★★★★
စာတစ်နာရီဖတ်ရင် ငွေ(၁၀၀၀)ပေးတဲ့အပြင်ကော်ဖီနဲ့မုန့်ပါကျွေးတဲ့ ရန်ကုန်မြို့ကနေရာတစ်နေရာ မည်သူမဆို စာတစ်နာရီဖတ် = ငွေတစ်ထောင်ရမည်။ လှည်းတန်း၊ ကမာရွတ်မှာပဲနော်..
ကိုဗစ်ကြောင့် ယာယီရပ်နားခဲ့ရပေမယ့် အခုပြန်စပါတော့မည်
အပတ်စဉ်(ဗုဒ္ဓဟူးနေ့)တိုင်း ညနေ(၆)နာရီ ည(၇)နာရီအထိ (စာဖတ်ချိန်တစ်နာရီ) Royal Job Agency တွင်စာလာဖတ်ပါက လမ်းစရိတ်ငွေတစ်ထောင်(၁၀၀၀)ပေးပါမည်..ကော်ဖီ၊မုန့်များလည်းအခမဲ့တိုက်ကျွေးပါမည်။ Royal Job Agency မှစီစဉ်ထားသောအောက်ဖော်ပြပါ စာအုပ်များကိုသာ ဖတ်ရှုရပါမည်။ စာဖတ်နေချိန် ဖုန်းလုံးဝသုံးစွဲခွင့်မပြုပါ။ ဘဝတိုးတက်မှုအတွက် အထောက်အကူဖြစ်စေမည့်စာအုပ်များသာစီစဉ်ထားပါသည်.
Royal Job Agency မှစီစဉ်ပေးထားသော စာအုပ်များမှ (၁၀)အုပ်ပြည့်အောင်သာဖတ်ပါ။ သင့်အတွေးခေါ်အယူအဆများ ပိုမိုတိုးတက်အားကောင်းလာကာ သင့်ဘဝတိုးတက်လာလိမ့်မည်ဟု ယုံကြည်ပါသည်..
လူတိုင်းစာဖတ်လာစေရန် ၊စာဖတ်ခြင်းမှ မှန်ကန်သည့်ဘဝအတွေးအခေါ်များရရှိကာ မိမိဘဝကိုတိုးတက်အောင် ပုံဖော်ဖန်တီးနိူင်ကြရန် ယခုစာဖတ်ခြင်းအစီအစဉ်ကို စတင်လုပ်ဆောင်လိုက်ခြင်းဖြစ်ပါသည်။ ဖတ်ရှုကြရမည့်စာအုပ်များမှာ..1။ စုန်ဆင်းသွားသော မေတ္တာများ – ချမ်းသာထွန် ၂။ မိတ်တဗလဋီကာ – ဦးနု 3။ မင်္ဂလာရှိသောမန်နေဂျာ – ဝင်းသိန်းဦး 4။ ထိပ်ဆုံးမှာတွေ့ကြမယ် ခင်မောင်ညို(ဘောဂဗေဒ)
5။ သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့ – မိုးရှင်း 6။ နေ့တိုင်းပျော်ပါတယ် – ထက်ထက်ထွန်း(Waterfall) 7။ ငါ့အတွက်ငါရှိတယ် – လင်းရောင်စင် 8။ ဦးနှောက်တွင်ရင်းနှီးမြှုပ်နှံပါ – ဖေမြင့် 9။ ၂၁ ရာစုပြည်သူ့နီတိ – တင်ညွန့်
10။ ဒေါ်လာ ၁၀၀ ကိုယ်ပိုင်လုပ်ငန်းတစ်ခု – Du Du ဘာသာပြန် 11။ သျှောင်ပေစူး(ဝတ္ထုတိုများ) – ခင်ခင်ထူး 12။ ခွပ်ဒေါင်းဧကရီ(သို့)ဒေါ်အောင်ဆန်းစုကြည်၏ဘဝခရီး – ရဲမြလွင် (ဘာသာပြန်သည်)
13။ငြိမ်းအေးသောဘဝပိုင်ရှင် – အရှင်ဆန္ဒာဓိက 14။အလင်းစေတမန် – အရှင်ဆန္ဒာဓိက 15။ မေတ္တာကြောင့်သာ မဟုတ်ခဲ့လျှင် – ချမ်းသာထွန်..
ဘဝအောင်မြင်မှုကိုအထောက်အကူဖြစ်စေမည့် အခြားသုတ/ရသစာအုပ်မျိုးစုံ (၁၀၀၀)ကျော်ရှိပါသည်။
(စာဖတ်ချင်တဲ့ မိတ်ဆွေတို့ရဲ့သူငယ်ချင်းတွေသိအောင် ရှယ်ပေးကြပါအုံးနော်)
လိပ်စာအပြည့်အစုံမှာ အမှတ်(၁၈)၊ ၆လွှာ၊ဘီ ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်း၊ကမာရွတ်မြို့နယ်မှာဖြစ်ပါတယ်။ #လှည်းတန်းမှတ်တိုင်မှာဆင်းရန်- စာရင်းပေးရန်ဖုန်း -09 400 400 769 (အပတ်စဉ် တနင်္လာ+အင်္ဂါ)ကြိုတင်စာရင်းပေးရန်လိုအပ်ပါသည်
ပြန်လည်မျှဝေသည်Hannah-TT Credit-Royal Job Agency
Zawgyi ဖြင့်ဖတ်ပါ
★★★★★