Double Dating က ပါဝင်တင်ဆက်သူတွေနဲ့ လှုပ်ရှားမှုအမှတ်တရ ပုံရိပ်လေးကို ကြည့်ပြီး ဟာသဆန်ဆန် သူမရဲ့ အမြင်လေးကို ချပြလာခဲ့တဲ့ သဇင်ထူးမြင့်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Unicode ဖြင့်ဖတ်ပါ
★★★★★

“Double Dating က ပါဝင်တင်ဆက်သူတွေနဲ့ လှုပ်ရှားမှုအမှတ်တရ ပုံရိပ်လေးကို ကြည့်ပြီး ဟာသဆန်ဆန် သူမရဲ့ အမြင်လေးကို ချပြလာခဲ့တဲ့ သဇင်ထူးမြင့်”

Cele Active World ပရိသတ်ကြီးရေ တက်သစ်စ သရုပ်ဆောင်မလေး သဇင်ထူးမြင့်ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ သဇင်ထူးမြင့်ကတော့ (၂၀၁၈)ခုနှစ်ရဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ရွှေကြိုမှာ ပါဝင်ပြီးနောက် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားခဲ့သူပဲဖြစ်ပါတယ်.။

သဇင်ထူးမြင့်ကတော့ MTVတွေနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာပါ ပါဝင်သရုပ်ဆောင်လာရပြီး ချစ်ခင်အားပေးမှုတွေကို ရရှိနေသူလေးပါ.။ လတ်တလောမှာလည်း ပရိုဂရမ်အစီအစဉ်တစ်ခုအဖြစ်နဲ့ “Double Dating” အစီအစဉ်လေးမှာ ပါဝင်လှုပ်ရှားမှုလေးတွေ ရှိနေပါသေးတယ်.။

“Double Dating” အစီအစဉ်မှာ ပါဝင်ကြသူတွေနဲ့ အတူတူ နှစ်သစ်ကို ကြိုဆိုတဲ့ပုံရိပ်လေးတွေ ရိုက်ထားတဲ့ ပုံလေးတစ်ပုံကို သဇင်ထူးမြင့်က “ဧည့်ခန်းမှာ ချိတ်ထားသင့်သော ပုံ” ဆိုပြီး သူမရဲ့ မိုင်ဒေးမှာ တင်လာခဲ့ပါတယ်.။ အတွဲနှစ်တွဲနဲ့ ကြားမှာထိုင်နေသူ သိန်းလင်းစိုးရဲ့ ပုံရိပ်ကြောင့် မိသားစုပုံရိပ်လေးလို ဖြစ်သွားပုံရပြီး ဟာသဆန်ဆန် သူမရဲ့ အမြင်လေးကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော်.။

ပုံလေးကိုကြည့်ပြီးနောက် သဇင်ထူးမြင့်ရဲ့ အမြင်လေးနဲ့ တိုက်ဆိုင်သူ ပရိသတ်တွေရှိရင်လည်း မှတ်ချက်လေးတွေ ရေးခဲ့ပါဦးနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ Cele Active World ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Source: Thazin Htoo Myint’sFacebook

Violet(Cele Active World)