သူမပြန်လာဖို့အမြဲမျှော်နေတတ်တဲ့ အဘွားဆုံးပါးသွားတာကြောင့် ရွာကိုမပြန်နိုင်လို့ ယူကြုံးမရဖြစ်ပြီး ဝမ်းနည်းပူဆွေးနေတဲ့ ဖြူဖြူထွေး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★








Unicode ဖြင့်ဖတ်ပါ
★★★★★

သူမပြန်လာဖို့အမြဲမျှော်နေတတ်တဲ့ အဘွားဆုံးပါးသွားတာကြောင့် ရွာကိုမပြန်နိုင်လို့ ယူကြုံးမရဖြစ်ပြီး ဝမ်းနည်းပူဆွေးနေတဲ့ ဖြူဖြူထွေး…

မင်းသမီးချောလေးဖြူဖြူထွေးကတော့ စိတ်ထားပြည့်ဝတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေကာ ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေသူလေးပဲဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ အောက်ခြေဘဝကတက်လှမ်းခဲ့ရတာမို့ဘဝမမေ့တဲ့အပြင် စားဝတ်နေရေးခက်ခဲနေသူတွေနဲ့ သက်ကြီးရွယ်အိုတွေကို ချွေးနည်းစာပိုက်ဆံထဲကနေ အမြဲလှူဒါန်းလေ့ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။

ယနေ့မှာတော့ သူမအတွက်ဝမ်းနည်းဖွယ်ရာနေ့ရက်ဖြစ်ခဲ့ပြီး သူမရဲ့အဖွားဖြစ်သူဟာ ကွယ်လွန်ဆုံးပါးသွားခဲ့ပြီလို့ နယ်ပြန်ချင်ပေမယ့် Covidကြောင့် အခက်အခဲဖြစ်နေခဲ့ပါတယ်။ ဖြူဖြူထွေးကတော့ သူမပြန်လာမှာကိုအမြဲမျှော်နေတဲ့အဖွားက ယနေ့မှာဆုံးပါးသွားပြီဖြစ်ပေမယ့်

ရွာကိုမပြန်နိုင်လို့ယူကျုံးမရဖြစ်ပြီး ဝမ်းနည်းကြေကွဲနေခဲ့ပါတယ်။ သူမကတော့ အဖွားမကွယ်လွန်ခင်သွားလှူခဲ့တဲ့ အမှတ်တရဗီဒီယိုဖိုင်လေးကိုကြည့်ရင်း မျက်ရည်ကျနေခဲ့ပါတယ်။

သူမကတော့ ” ရွာရောက်တိုင်းအဘွားကိုအမြဲဂရုစိုက်တယ် အဘွားမဆုံးခင်က ပြောတယ်လာမကန်တော့ဘူးလာတဲ့ COVID ဖြစ်ကတည်းကမပြန်ရတာအဘွားရဲ့ ကျန်ခဲ့အမှတ်တရတွေ ဘွားဘွားကောင်းရာသုဂတိရောက်ပါစေ “ဆိုပြီးအမှတ်တရဗီဒီယိုဖိုင်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် အဖွားဖြစ်သူမကွယ်လွန်ခင်မုန့်တွေဆန်တွေသွားခဲ့တဲ့ ဖြူဖြူထွေးရဲ့ ပုံလေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။