သစ်တံခါးဆရာတော်နဲ့ သင်္ကန်းစည်းနေတဲ့ ပိုင်တံခွန်အနောက်လိုက်ပြီး မေတ္တာဓာတ်ခံယူနေတဲ့ အုပ်စိုးခန့်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

သစ်တံခါးဆရာတော်နဲ့ သင်္ကန်းစည်းနေတဲ့ ပိုင်တံခွန်အနောက်လိုက်ပြီး မေတ္တာဓာတ်ခံယူနေတဲ့ အုပ်စိုးခန့်

နိုင်ငံကျော် အဆိုတော်တစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ အုပ်စိုးခန့်ကတော့ လူငယ်ပေမယ့် အရွယ်နဲ့မလိုက်အောင် ဘာသာရေးနဲ့ ကုသိုလ်ရေးကို အထူးလိုက်စားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အုပ်စိုးခန့်ကတော့ မကြာခဏဆိုသလို သူရရှိတဲ့ အနုပညာကြေးလေးတွေနဲ့ အလှူအတန်းတွေကို မကြာခဏပြုလုပ်တတ်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေချီးကျူးခံရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ လက်ရှိမှာလည်း အုပ်စိုးခန့်က Covid-19 ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းစဉ်များအတွက် အလှူအတန်းတွေကို မကြခဏဆိုသလို ပြုလုပ်နေတာကို တွေ့ရပါတယ်။

လက်ရှိမှာတော့ အုပ်စိုးခန့်က သူတို့မိသားစု ယုံကြည်ကိုးကွယ်တဲ့ သစ်တံခါးဆရာတော်ကြီးရဲ့သာသနာပြုခရီးစဉ်တွေမှာ လိုက်ပါပြီး ကုသိုလ်ယူနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း အုပ်စိုးခန့်က သစ်တံခါးဆရာတော်ကြီးနဲ့ သင်္ကန်းစည်းနေတဲ့ ပိုင်တံခွန်ရဲ့ အနောက်ကိုလိုက်ပြီး မေတ္တာဓာတ်ခံယူ ကုသိုလ်ယူခဲ့တဲ့ အမှတ်တရကို ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့အတွက် အခုလိုပဲ မျှဝေပေးလာခဲ့တာကို တွေ့ရပါတယ်။

အုပ်စိုးခန့်ကတော့ သူ့ရဲ့ နှစ်သစ်အစမှာ သစ်တံခါးဆရာတော်ဘုရားကြီးထံမှာ မေတ္တာဓာတ်ခံယူရင်း ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နှစ်သစ်ကက ကံကောင်းခြင်းတွေ၊ စီးပွားလာဘ်လာဘတွေ တိုးတက်ပြီး ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Oak Soe Khant’s fb
Bilie – Cele Connections