ဘုန်းကြီးဝတ်နဲ့ ဆရာကိုကျေးဇူးဆပ် တရားဟောပေးတဲ့ တပည့်ဖြစ်သူ ပိုင်တံခွန်ကြောင့် ဝမ်းသာမျက်ရည်ကျခဲ့ရတဲ့ ဂျွန်လွင်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: John Lwin’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

ဘုန်းကြီးဝတ်နဲ့ ဆရာကိုကျေးဇူးဆပ် တရားဟောပေးတဲ့ တပည့်ဖြစ်သူ ပိုင်တံခွန်ကြောင့် ဝမ်းသာမျက်ရည်ကျခဲ့ရတဲ့ ဂျွန်လွင်

Stars & Models Int’l Yangon ရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်ဖြစ်တဲ့ ဂျွန်လွင်ကတော့ သူကိုယ်တိုင်လည်း မော်ဒယ်လ်တစ်ယောက်အဖြစ် အောင်မြင်ကျော်ကြားခဲ့သလို မြန်မာနိုင်ငံအတွက်လည်း မော်ဒယ်လ်ကောင်းတွေကို မွေးထုတ်ပေးနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဂျွန်လွင်ကတော့ တပည့်သားသမီးတွေများစွာရှိသလို တပည့်တွေကြောင့်လည်း စိတ်ချမ်းသာရှိခဲ့ရတဲ့အချိန်တွေလည်း မနည်းမနောရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဂျွန်လွင်က သူ့ရဲ့ တပည့်သားသမီးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ပိုင်တံခွန်ရဲ့ ကျေးဇူးဆပ်ပုံလေးကြောင့် ဝမ်းသာမျက်ရည်ကျခဲ့ရတဲ့အကြောင်း ပြောပြလာပါတယ်။

ဂျွန်လွင်က “Sedona မှာရေကူးခါနီး တပည့်ပိုင်တံခွန် ဖုန်းဆက်လာတယ်။ သစ်တံခါးဆရာတော်ဘုရားနဲ့အတူတူ မေတ္တာပို့ဆုတောင်းပေးတာ ပိတီဖြစ်ပြီးမျက်ရည်ကျခဲ့ရတယ်။ ဘုန်းကြီးဝတ်နဲ့ဆရာကိုကျေးဇူးဆပ်တဲ့အနေနဲ့ သူပြု့သမျှကုသိုလ်တွေကို သူကမျှဝေပေးတာ တရားဟောပေးတာ ဘဝမှာဝမ်းသာလွန်းလို့ကျတဲ့မျက်ရည်ဟာထူးဆန်းအေးမျှလှပါတယ်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာခဲ့ပါတယ်။

ဂျွန်လွင်ကတော့ ဘုန်းကြီးဝတ်နဲ့ ကျေးဇူးရှင်ဆရာကိုကျေးဇူးဆပ် တရားဟောပေးတဲ့ တပည့်ဖြစ်သူ ပိုင်တံခွန်ကြောင့် ဝမ်းသာမျက်ရည်ကျခဲ့ရတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကိုလည်း အခုလို သင်္ကန်းဝတ်နဲ့တွေ့မြင်ရတာ ပရိသတ်ကြီး အံ့သြနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: John Lwin’s fb
Bilie – Cele Connections