သူမရဲ့ ဒုတိယရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရဲ့ဗိုက်လုံးလုံးကို အနမ်းလေးပေးပြီးချစ်ခင်ပေးလို့ အေးမြတ်သူကို ကျေးဇူးတင်နေတဲ့ ချမ်းချမ်း

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★







Swelsone News

Unicode ဖြင့်ဖတ်ပါ
★★★★★

သူမရဲ့ ဒုတိယရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရဲ့ဗိုက်လုံးလုံးကို အနမ်းလေးပေးပြီးချစ်ခင်ပေးလို့ အေးမြတ်သူကို ကျေးဇူးတင်နေတဲ့ ချမ်းချမ်း..

ပရိသတ်ကြီးရေ အဆိုတော်ချမ်းချမ်းကတော့ လက်ရှိမှာဆိုရင် အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပွဲတွေကိုလည်း အနည်းအကျဉ်းတက်ရောက်နေတာဖြစ်ပါတယ်။ချမ်းချမ်းက အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်နေတဲ့ တေးသံရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ချမ်းချမ်းက သူမရဲ့သမီးကြီးလေးကိုလည်း အမြဲပျော်ရွှင်အောင်ဖန်တီးပေးပြီး မိခင်ကောင်းပီသစွာနဲ့ ဂရုစိုက်စောင့်ရှောက်နေတာဖြစ်ပါတယ်နော်။

ချမ်းချမ်းက (2.1.2021)ရက်နေ့တုန်းကဆိုရင် SHAYiဆိုင်သစ်ဖွင့်ပွဲလေးကို တခြားအနုပညာရှင်ညီအစ်မတွေနဲ့အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။SHAYiဆိုင်ခွဲသစ်ဖွင့်ပွဲလေးကို ချမ်းချမ်း၊နန်းဆုရတီစိုး၊သန္တာလှိုင်၊ပိုင်ဖြိုးသု၊အေးမြတ်သူ၊သင်ဇာဝင့်ကျော်၊စန္ဒီမြင့်လွင်နဲ့ဇင်အောင်တို့က တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ချမ်းချမ်းတို့အနုပညာမောင်နှမတွေကတော့ တွေ့ဆုံကြတဲ့အချိန်ခဏလေးမှာ ဓာတ်ပုံအတူတူရိုက်ကြပြီး ပျော်ရွှင်နေကြတာဖြစ်ပါတယ်နော်။

မမြတ်လေးကတော့ ချမ်းချမ်းကိုတွေ့တုန်း သူမရဲ့ဗိုက်လုံးလုံးလေးကို အနမ်းပေးပြီး အရမ်းချစ်နေတာဖြစ်ပါတယ်။

ချမ်းချမ်းက”မမြတ်လေးရေ ချမ်းချမ်းကိုချစ်ပေးတဲ့အတွက် ကျေးဇူးပါ SHAYiဖွင့်ပွဲမှာ ချစ်ရတဲ့အနုပညာရှင်မောင်နှမတွေနဲ့နှစ်သစ်အစမှာ ပျော်ရွှင်စွာဆုံတွေ့ရလို့ အားလုံးကိုချစ်တယ် ကျေးဇူးတင်ပါတယ်နော် Congratulationsမဘောက်ရေ ချစယ်နော်”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

ချမ်းချမ်းကတော့ အရမ်းပြုံးပျော်ရွှင်နေပြီး စိတ်ချမ်းသာနေလို့ သူမရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Swelsone News