ချစ်မမဖြူရဲ့ အသေးစိတ်လှုပ်ရှားမှုတိုင်းကို အပီအပြင်ဓာတ်ဖမ်းပေး‌ပြီး ပြုံးပျော်ရွှင်နေတဲ့ ကျော်ထက်အောင်

ပြည်သူချစ်တေးသံရှင်တစ်ယောက်ဖြစ်တဲ့ ဖြူဖြူကျော်သိန်းကတော့ အသံပါဝါအားကောင်းကောင်းနဲ့ တမူထူးခြားတဲ့အသံပါရမီကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်နော်။ဖြူဖြူကျော်သိန်းက သူမရဲ့အသံကို ပုံစံအမျိုးမျိုးလုပ်ပြီး သီဆိုနိုင်လို့ နိုင်ငံတကာထိပါ ထိုးဖောက်အောင်မြင်နေတာဖြစ်ပါတယ်။ဖြူဖြူကျော်သိန်းက လက်ရှိမှာဆိုရင်လည်း သီချင်းအသစ်လေးတွေကို ဆက်လက်ဖန်တီးနေပြီး အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်နေဆဲဖြစ်တဲ့ ဝါရင့်တေးသံရှင်တစ်ယောက်ဖြစ်ပါတယ်နော်။

ဖြူဖြူကျော်သိန်းက တက်သစ်စအဆိုရှင်လေးတွေကိုလည်း လက်တွဲခေါ်ယူပြီး သေချာသင်ကြားပြသပေးနေတဲ့စီနီယာမမတစ်ယောက်ဖြစ်ပါတယ်။လတ်တလောမှာဆိုရင်တော့ ဖြူဖြူကျော်သိန်းက သရုပ်ဆောင်၊အစီအစဉ်တင်ဆက်သူ ကျော်ထက်အောင်နဲ့ စုံတွဲပုံလေးတွေရိုက်ပြီး ပရိသတ်တွေကို ထုတ်ပြနေတာဖြစ်ပါတယ်။ဖြူဖြူနဲ့ကျော်ထက်အောင်တို့ အနုပညာမောင်နှမနှစ်ယောက်က အလုပ်တွေအတူတူတွဲလုပ်ရင်းကနေ ခင်မင်ရင်းနှီးလာကြတာဖြစ်ပါတယ်နော်။

ကျော်ထက်အောင်ကလည်း ချစ်အစ်မကြီးဖြူဖြူ့ရဲ့အိမ်ကို တစ်ခါတလေသွားလည်ပြီး နှစ်ယောက်အတူတူ ချက်ပြုတ်စားသောက်ကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဖြူဖြူက စန္ဒယားလေးလက်ဆောင်ရလိုက်လို့ အစမ်းတီးကြည့်ရင်း ဓာတ်ဖမ်းနေတာဖြစ်ပါတယ်နော်။ကျော်ထက်အောင်ကလည်း ပိုစ့်မျိုးစုံပေးနေတဲ့ ဖြူဖြူကျော်သိန်းကို ပြုံးရွှင်ပြီး အမိအရဓာတ်ဖမ်းပေးနေတာဖြစ်လို့ သူတို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Swelsone News