သူမရဲ့ ဂေဟာလေးမှာ (၄၂) မြောက်အနေနဲ့ လာပစ်သွားခံရသူ ကလေးလေးရဲ့အဖြစ်ကြောင့် ဝမ်းနည်းခံစားနေရတဲ့ ခိုင်နှင်းဝေ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

Cele Active World ပရိသတ်ကြီးရေ မင်းသမီး ခိုင်နှင်းဝေကိုတော့ မိဘမဲ့ကလေးများရဲ့ တစ်ဦးတည်းသော အုပ်ထိန်းသူ မိခင်တစ်ယောက်အဖြစ်နဲ့ သိရှိချစ်ခင်ပြီးသားဖြစ်မယ် ထင်ပါတယ်.။ ခိုင်နှင်းဝေကတော ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူ မင်းသမီးတစ်လက်ဖြစ်ပြီး ပရဟိတအလုပ်တွေကိုလည်း စိတ်ရောကိုယ်ပါ နှစ်ကာ လုပ်ဆောင်တတ်သူပါ.။

ခိုင်နှင်းဝေက အခက်အခဲများနဲ့ ရှင်သန်နေထိုင်ဖို့ ခက်ခဲသူ ကလေးများကို သူမရဲ့ ကလေးများအဖြစ် ခေါ်ယူကာ စောင့်ရှောက်မှုတွေနဲ့ သူမရဲ့ “ခိုင်နှင်းဝေရင်သွေးလေးများ ဂေဟာ” မှာ မေတ္တာအပြည့်နဲ့ ပြုစုထားရှိထားသူပါ.။ ဒီနေ့မှာလည်း ခိုင်နှင်းဝေက သူမရဲ့ ဂေဟာကို အယောက် (၄၂)မြောက် ကလေးလေး ရောက်ရှိခဲ့ပုံကို “မနက်စောစောစီးစီး စိတ်မချမ်းသာစရာ ပါရှင်…။

မွေးကာစ ကလေးတစ်ယောက် ပစ်သွာဲးပြီး ကလေးက ကြွက် ကိုက်ခံထားရ၍ လက်မ တချောင်းနှင့် လက်ညှိုးတချောင်းပြတ်ကာ နှာခေါင်းပဲ့သွားပါတယ်..။ ခုတော့ အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးထားပါတယ်…။ လိုအပ်သလို ဆေးကုသမှုများ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်သွားပါမယ်ရှင်…သားလေး ကံကောင်းပါစေ..” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

ရောက်ရှိလာသူ ကလေးငယ်လေးရဲ့ အဖြစ်က ရင်နင့်သနားဖွယ်ရာပါပဲနော်..ပရိသတ်ကြီး.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ Cele Active World ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။

Source: Khine Hnin Wai’s Facebook
Violet(Cele Active World)

Unicode ဖြင့်ဖတ်ပါ
★★★★★

Cele Active World ပရိသတ္ႀကီးေရ မင္းသမီး ခိုင္ႏွင္းေဝကိုေတာ့ မိဘမဲ့ကေလးမ်ားရဲ႕ တစ္ဦးတည္းေသာ အုပ္ထိန္းသူ မိခင္တစ္ေယာက္အျဖစ္နဲ႔ သိရွိခ်စ္ခင္ၿပီးသားျဖစ္မယ္ ထင္ပါတယ္.။ ခိုင္ႏွင္းေဝကေတာ က်ရာဇာတ္႐ုပ္တိုင္းကို ပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္သူ မင္းသမီးတစ္လက္ျဖစ္ၿပီး ပရဟိတအလုပ္ေတြကိုလည္း စိတ္ေရာကိုယ္ပါ ႏွစ္ကာ လုပ္ေဆာင္တတ္သူပါ.။

ခိုင္ႏွင္းေဝက အခက္အခဲမ်ားနဲ႔ ရွင္သန္ေနထိုင္ဖို႔ ခက္ခဲသူ ကေလးမ်ားကို သူမရဲ႕ ကေလးမ်ားအျဖစ္ ေခၚယူကာ ေစာင့္ေရွာက္မႈေတြနဲ႔ သူမရဲ႕ “ခိုင္ႏွင္းေဝရင္ေသြးေလးမ်ား ေဂဟာ” မွာ ေမတၱာအျပည့္နဲ႔ ျပဳစုထားရွိထားသူပါ.။ ဒီေန႔မွာလည္း ခိုင္ႏွင္းေဝက သူမရဲ႕ ေဂဟာကို အေယာက္ (၄၂)ေျမာက္ ကေလးေလး ေရာက္ရွိခဲ့ပုံကို “မနက္ေစာေစာစီးစီး စိတ္မခ်မ္းသာစရာ ပါရွင္…။

ေမြးကာစ ကေလးတစ္ေယာက္ ပစ္သြာဲးၿပီး ကေလးက ႂကြက္ ကိုက္ခံထားရ၍ လက္မ တေခ်ာင္းႏွင့္ လက္ညႇိဳးတေခ်ာင္းျပတ္ကာ ႏွာေခါင္းပဲ့သြားပါတယ္..။ ခုေတာ့ အင္းစိန္ေဆး႐ုံကို ပို႔ေဆာင္ေပးထားပါတယ္…။ လိုအပ္သလို ေဆးကုသမႈမ်ား စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္ ျပဳလုပ္သြားပါမယ္ရွင္…သားေလး ကံေကာင္းပါေစ..” ဆိုၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္.။

ေရာက္ရွိလာသူ ကေလးငယ္ေလးရဲ႕ အျဖစ္က ရင္နင့္သနားဖြယ္ရာပါပဲေနာ္..ပရိသတ္ႀကီး.။ ဖတ္ရႈ႕ေပးခဲ့ၾကတဲ့ Cele Active World ပရိသတ္ႀကီးလည္း ေပ်ာ္႐ႊင္သာယာတဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္.။

Source: Khine Hnin Wai’s Facebook
Violet(Cele Active World)