မတော်ရသေးတဲ့ ယောက္ခမကြီးကို နှစ်သစ်လက်ဆောင်လေးပို့ပေးရင်း သူမရဲ့ မေတ္တာကိုပြသလိုက်တဲ့ အေသင်ချိုဆွေ.. (ကြိုက်မယ်လို့ မျှော်လင့်ပါတယ်တဲ့..)

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★







Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

မတော်ရသေးတဲ့ ယောက္ခမကြီးကို နှစ်သစ်လက်ဆောင်လေးပို့ပေးရင်း သူမရဲ့ မေတ္တာကိုပြသလိုက်တဲ့ အေသင်ချိုဆွေ.. (ကြိုက်မယ်လို့ မျှော်လင့်ပါတယ်တဲ့..)

နိုင်ငံကျော် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အေသင်ချိုဆွေကတော့ အဆိုတော်တစ်ယောက်အဖြစ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ အောင်မြင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အေသင်ချိုဆွေက လက်ရှိမှာတော့ သမီးလေး Ivy ကို ပြုစုပျိုးထောင်နေရင်း အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေသလို သူမရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်း အချိန်ပေးလုပ်ကိုင်နေတာကို တွေ့ရပါတယ်။

အခုဆိုရင် အေသင်ချိုဆွေက သူမကိုချစ်တဲ့ ပရိသတ်တွေ၊ သူမကိုဂရုစိုက်ကြင်နာတဲ့ မိသားစုတွေအပြင် သူမအပေါ် နားလည်မှုအပြည့်ပေးပြီး ချစ်မေတ္တာတွေပေးတဲ့ ချစ်သူကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။

ချစ်သူရှိကြောင်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းပြောပြထားပြီးဖြစ်တဲ့ အေသင်ချိုဆွေက သူမရဲ့ချစ်သူနဲ့ ပက်သတ်ပြီးလည်း နှစ်ဖက်မိဘသဘောတူကြည်ဖြူကြတဲ့ အနေအထားမျိုးကိုလည်း ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အေသင်ချိုဆွေက သူမချစ်သူရဲ့ မိခင်ဆီ နှစ်သစ်လက်ဆောင်အဖြစ် Indoor Plant လေးလက်ဆောင်ပေးခဲ့ကြောင်းကို “ယောက္ခမကြီးအတွက် နှစ်သစ်လက်ဆောင် သူမ သဘောကျမယ်လို့မျော်လင့်ပါတယ်. ” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

အေသင်ချိုဆွေကတော့ သူမရဲ့ ချစ်သူကိုသာမက သူမချစ်သူရဲ့ မိခင်ကြီးကိုပါ ဂရုစိုက်သလို အေသင့်ရဲ့ချစ်သူကလည်း အေသင်တို့ တစ်မိသားစုလုံးကို ဂရုစိုက်ကြင်နာသူတစ်ယောက် ဖြစ်ပါတယ်။ အေသင်တို့ ချစ်သူနှစ်ယောက် အခုလိုပဲ အမြဲထာဝရပျော်ရွှင်နိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Athen Cho Swe’s fb
Cele Connections