ဈေးကွက်ပျက်နေတဲ့ သရုပ်ဆောင်လောကရဲ့ဒဏ်တွေကို ခါးစည်းခံနေရတဲ့ လူကြမ်းသရုပ်ဆောင် ဦးမြမောင်ရဲ့ ဗီဒိယိုဖိုင်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★







Source – MC
Daisy

Unicode ဖြင့်ဖတ်ပါ
★★★★★

ဈေးကွက်ပျက်နေတဲ့ သရုပ်ဆောင်လောကရဲ့ဒဏ်တွေကို ခါးစည်းခံနေရတဲ့ လူကြမ်းသရုပ်ဆောင် ဦးမြမောင်ရဲ့ ဗီဒိယိုဖိုင်…

ပရိသတ်ကြီးရေ ၊ အလွှာစုံလင်လှတဲ့ အနုပညာအသိုင်းအဝိုင်းထဲမှာ မပြည့်စံမှုတွေ ရှိနေတဲ့ ဇာတ်ပို့ဇာတ်ရံတွေရဲ့ ဘဝဖြတ်သန်းမှုတွေက ကြားရမြင်ရသူတိုင်းကို ရင်ဆို့ စေပါတယ်.အခုတစ်ခေါက်မှာတော့  ပရိသတ်ကြီးအတွက် လူကြမ်းသရုပ်ဆောင် ဦးမြမောင်ရဲ့ အကြောင်းကို ပြောပြချင်ပါတယ် ။

ဦးမြမောင် ကို လူကြမ်းသရုပ်ဆောင် အဖြစ် ရုပ်ရှင် နဲ့ ဗီဒီယို တော်တော်များများ မှာ သရုပ်ဆောင်ခဲ့ပြီး လက်ရှိ ကိုဗစ်ကာလမှာတော့ အချက်အခဲတွေကို ရင်ဆိုင်ရင်း ဘဝကို ရင်ဆိုင်ဖြတ်သန်းနေပါတယ်။

အကယ်ဒမီ ကျော်ဟိန်းရဲ့ လက်တွဲခေါ်ယူမှုနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ဖြစ်ခဲ့တဲ့ ဦးမြမောင်တစ်ယောက် လက်ရှိမှာတော ဈေးကွက်ပျက်နေတဲ့ သရုပ်ဆောင် လောကရဲ့ ဒဏ်တွေကို ခါးစည်းခံရဆဲပါ ။

ငယ်စဉ်ကာလ သားသမီးတွေကို ပြုစု စောင့်ရှောက်ခဲ့ပေမယ့် အသက်ကြီးလာတဲ့ အခါမှာတော့ မိသားစု တကွဲတပြားနဲ့ အထီးကျန်စွာ ဘဝကို ဖြတ်သန်းနေရတယ်လို့ ဆိုပါတယ်။

ဦးမြမောင် ကတော့ မိသားစုထမင်းဝိုင်းလေး ကို သတိရနေဆဲပါလို့ မျက်ရည်တွေကြား ထဲက ဖွင့်ဟပြောကြားသွားတာ စိတ်မကောင်းစရာပါ ။ ပရိသတ်ကြီးလည်း လူကြမ်းသရုပ်ဆောင် ဦးမြမောင်အတွက် အားပေးစကားလေးတွေ ပြောပေးခဲ့ကြပါဦး

Source – MC