ရှိသမျှအလုပ်တွေအကုန်ဖျက်ပြီး နှင်းဆီအစ်ကိုတွေရဲ့ New Normal Roses 2021 ဖျော်ဖြေပွဲကို နေအိမ်ကနေ အားပေးဝန်းရံခဲ့တဲ့ မေကဗျာ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: May Kabyar’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

ရှိသမျှအလုပ်တွေအကုန်ဖျက်ပြီး နှင်းဆီအစ်ကိုတွေရဲ့ New Normal Roses 2021 ဖျော်ဖြေပွဲကို နေအိမ်ကနေ အားပေးဝန်းရံခဲ့တဲ့ မေကဗျာ

ဆယ်ကျော်သက်မိန်းကလေးတွေတောင် လိုက်လို့မမှီနိုင်တဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချော မေကဗျာကတော့ အနုပညာလောကမှာ အောင်မြင်ခဲ့တာ နှစ်ပေါင်း (၂၀) နီးပါး ရှိနေပြီတောင် ဖြစ်ပါတယ်။ ကလေးမေမေတစ်ယောက်ဖြစ်တဲ့ မေကဗျာကတော့ သမီးလေးကိုလည်း ရင်အုပ်မကွာစောင့်ရှောက်နေသလို အနုပညာအလုပ်တွေမှာလည်း လစ်ဟင်းမှုမရှိအောင် ကြိုးစားခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ဒီနေ့ဒီအချိန်ထိ ရရှိပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို နှင်းဆီအဖွဲ့ရဲ့ ပင်တိုင်စံမင်းသမီးလေးတစ်လက်ပဲ ဖြစ်ပါတယ်။

လတ်တလောမှာ အွန်လိုင်း Live Sale တွေရောင်းချပြီး နေ့ရော၊ညပါ မအားလပ်တဲ့ မေကဗျာက နှင်းဆီအဖွဲ့နဲ့ အငြိမ့်မကဖြစ်ပေမယ့် နှင်းဆီအစ်ကိုတွေရဲ့ ဖျော်ဖြေပွဲတိုင်းကိုတော့ လက်လွတ်မခံပဲ အားပေးသူ ဖြစ်ပါတယ်။ မနေ့က ဇန်နဝါရီလ (၃) ရက်နေ့မှာလည်း မေကဗျာက “နှင်းဆီအကိုတွေကိုအားပေးချင်လို့ 24 ရက်နေ့ညကလည်း live နားတယ် ဒီနေ့လည်းနားပါတယ် အားပေးနေပါတယ်ရှင့်” ဆိုပြီး ရှိသမျှအလုပ်တွေအကုန်ဖျက်ခဲ့ပြီး နှင်းဆီအစ်ကိုတွေကို နေအိမ်ကနေ အားပေးဝန်းရံခဲ့တာပဲ ဖြစ်ပါတယ်။

မေကဗျာကတော့ နှင်းဆီအစ်ကိုတွေကို ချစ်တဲ့စိတ်နဲ့ပဲ ရှိသမျှ အလုပ်တွေကိုနားပြီး နေအိမ်ကနေ အားပေးဝန်းရံပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း နှင်းဆီအငြိမ့်တွေက မေကဗျာရဲ့ အကအလှတွေကို သတိရနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: May Kabyar’s fb
Bilie – Cele Connections