ဝတ်မှုံရွှေရည်နဲ့ စုံတွဲလိုက်ဓာတ်ပုံလေးကိုတင်ရင်း ပရိသတ်တွေထင်ယောင်ထင်မှားဖြစ်အောင် စနောက်ကျီစားလာတဲ့ အောင်လေး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Aung Lay’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

ဝတ်မှုံရွှေရည်နဲ့ စုံတွဲလိုက်ဓာတ်ပုံလေးကိုတင်ရင်း ပရိသတ်တွေထင်ယောင်ထင်မှားဖြစ်အောင် စနောက်ကျီစားလာတဲ့ အောင်လေး

မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ်ချစ်ကြတဲ့ အောင်လေးကတော့ ချောမောပြေပြစ်တဲ့ ရုပ်ရည်လေးကို ပိုင်ဆိုင်ထားရုံသာမက ဖြူစင်တဲ့ စိတ်ထားကိုလည်း ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ အောင်လေးက လက်ရှိမှာတော့ ချစ်သူရည်းစားမရှိတဲ့ တစ်ကိုယ်တော် Single တစ်ယောက်ပီပီ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးသာနေထိုင်ရင်း အနပညာအလုပ်တွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အောင်လေးရဲ့ ပျော်ပျော်နေတတ်ပြီး စိတ်ရှင်းရှင်းနေတတ်တဲ့ ပုံစံလေးကိုပဲ အချစ်ပိုနေရတာ ဖြစ်ပါတယ်။

အမြဲတမ်း သူများကို ဆေးထိုးစနောက်ကျီစယ်လေ့ရှိတဲ့ အောင်လေးက ဒီတစ်ခေါက်မှာလည်း သူ့ရဲ့ပရိသတ်တွေ ထင်ယောင်ထင်မှားဖြစ်အောင် စနောက်ကျီစယ်လာတာကို တွေ့ရပါတယ်။ အောင်လေးက မင်းသမီးချော ဝတ်မှုံရွှေရည်နဲ့ MV ရိုက်ကွင်းပေါ်က အမှတ်တရ ဓာတ်ပုံလေးကို ချပြရင်း “ဒီကာလဖြစ်နေလို့ ဘယ်သူ့မှ မဖိတ်မိလိုက်ရတာ စောရီးပါနော်(jk)” ဆိုပြီး ပရိသတ်တွေကို စနောက်ကျီစယ်လာတာကို တွေ့ရပါတယ်။

အောင်လေးကတော့ ဝတ်မှုံရွှေရည်ကို အရင်ကတည်းက ကြိုက်နှစ်သက်အားပေးခဲ့ရတာပဲ ဖြစ်ပြီး အနုပညာအလုပ်တွေ အတူတူတွဲဖက်လုပ်ကိုင်ရင်းနဲ့လည်း မောင်နှမသဖွယ် ခင်မင်ရင်းနှီးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Aung Lay’s fb
Bilie – Cele Connections