နှစ်သစ်မှာ ပရိသတ်တွေကို အမြင်သစ်နဲ့မြင်တွေ့စေချင်တဲ့အတွက် ကိုယ့်ကိုကိုယ် ပြောင်းလဲမှုတစ်ခုပြုလုပ်ခဲ့တဲ့ ဖွေးဖွေး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

နှစ်သစ်မှာ ပရိသတ်တွေကို အမြင်သစ်နဲ့မြင်တွေ့စေချင်တဲ့အတွက် ကိုယ့်ကိုကိုယ် ပြောင်းလဲမှုတစ်ခုပြုလုပ်ခဲ့တဲ့ ဖွေးဖွေး

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး ဖွေးဖွေးက လက်ရှိခေတ် အနုပညာလောကမှာတော့ အအောင်မြင်ဆုံး ထိပ်တန်းမင်းသမီးတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ ထူးချွန်တဲ့ အနုပညာစွမ်းရည်နဲ့ ကျရာဇာတ်ရုပ်အတိုင်းကို စိတ်ရောကိုယ်ပါ ပြောင်းလဲပြီး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်မှုအရှိန်အဟုန်လုံးဝကျဆင်းမသွားပဲ ပရိသတ်တွေရဲ့ အချစ်ကိုသာ တစ်နေ့ထက်တစ်နေ့ ပိုပြီး ရရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဖွေးဖွေးက အသက်အငယ်ဆုံး အကယ်ဒမီများရှင်အဖြစ် အောင်မြင်မှုတွေ တဖွဲဖွဲရရှိနေတာပဲ ဖြစ်ပါတယ်။

အနုပညာလောကမှာ ရပ်တည်လာတဲ့ (၁၃) နှစ်တာ ကာလပတ်လုံး ပရိသတ်တွေကို မတူညီတဲ့ ခံစားမှုရသအမျိုးမျိုးကို ချပြနေတဲ့ ဖွေးဖွေးက (၂၀၂၁) ခုနှစ် နှစ်သစ်ကိုရောက်လာချိန်မှာလည်း ပရိသတ်တွေကို အမြင်သစ်နဲ့ သူမကို မြင်တွေ့စေဖို့ ပြုလုပ်ခဲ့ပါတယ်။ ဖွေးဖွေးက သူမရဲ့ ဆံပင်စတိုင်လ်ရော၊ ဆံပင်အရောင်ကိုပါ ပြောင်းလဲပြီး နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ အမြင်သစ်နဲ့ရှိစေဖို့ ကိုယ့်ကိုကိုယ် ပြင်ဆင်ခဲ့တာကို တွေ့ရပါတယ်။

ဖွေးဖွေးကတော့ အခုလို ဆံပင်အစိမ်းရောင် အကောက်လေးနဲ့ အရမ်းလှပြီး တစ်မျိုးလေးလှနေတာပဲနော်။ ပရိသတ်ကြီးလည်း ဖွေးဖွေးရဲ့ စတိုင်လ်အသစ်လေးက ဖွေးဖွေးနဲ့ လိုက်ဖက်မှုရှိရဲ့လားဆိုတာ ပြောပြခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: HELLO Hair, Make-up, Nail & Spa’s fb
Bilie – Cele Connections