၇ နှစ်လုံးလုံး ပိုက်ဆံအတုနဲ့ ခေါက်ဆွဲဝယ်စားနေတဲ့ အဘိုးကို မသိချင်ယောင်ဆောင်ခဲ့တဲ့ ဆိုင်ပိုင်ရှင်
ေဇာ္ဂ်ီ / ယူနီကုဒ်
Unicode ဖြင့်ဖတ်ပါ
★★★★★
ပိုက်ဆံအတုနဲ့ ၇နှစ် ခေါက်ဆွဲလာ ဝယ်စားနေတဲ့ အဘိုးကို မသိဟန် ဆောင်ပေးခဲ့တဲ့ ဆိုင်ရှင်
အိမ်ခြေမဲ့ အဘိုးက ၇ နှစ်လုံးလုံး ပိုက်ဆံအတု နဲ့ ခေါက်ဆွဲ ဝယ်စားနေတာကို မသိဟန်ဆောင်ပေးခဲ့တဲ့ ဆိုင်ပိုင်ရှင်လေး
တရုတ်နိုင်ငံ Zhejiang ပြည်နယ် Wenzhou မြို့ရှိ ခေါက်ဆွဲ ဆိုင်ပိုင်ရှင် အမျိုးသားဟာ အိမ်ရာမဲ့တစ်ဦး အတွက်
နွေးထွေးတဲ့ ကြင်နာမှု တစ်ခုပြု လုပ်ပေးခဲ့လို့ လူအများက ချီးကျူးဂုဏ်ပြုနေခဲ့
ကြပါတယ်။ သတင်း ဖော်ပြချက်အရ အိုးမဲ့အိမ်မဲ့ အဘိုးတစ်ဦးဟာ လက်ဖြင့် ရေးဆွဲထားတဲ့
ဘက်ငွေစက္ကူ အတုတွေကို အသုံးပြုကာ ခေါက်ဆွဲဝယ်ယူ နေခဲ့ပေမဲ့ ဆိုင်ပိုင်ရှင်က သတိမထား မိ
စေဖို့ ဟန်ဆောင် နေခဲ့ပြီး အဆိုပါ အဘိုးအတွက် ခေါက်ဆွဲကို အခမဲ့ ပေးခဲ့ပါတယ်။ ခေါက်ဆွဲဆိုင်ပိုင်ရှင်နဲ့
ဇနီးတို့က အဆိုပါ အိုးအိမ်မဲ့ အဘိုးဟာ သူတို့ရဲ့ ဆိုင်မှာ ၇ နှစ်ကြာထိ ခေါက်ဆွဲဝယ်စား
နေခဲ့ပြီး သူတို့ဆိုင် အကြိမ်ပေါင်းများစွာ ပြောင်းရွေ့ သွားခဲ့တာတောင် အဆိုပါအဘိုးက
သူတို့ကို ရအောင် လိုက်ရှာနေခဲ့ ကြောင်း ဆိုခဲ့ပါတယ်။ အ ဆိုပါ အဘိုးက ငွေစက္ကူ တုနဲ့ ခေါက်ဆွဲ ဝယ်စား
နေခဲ့ပေမဲ့ တစ်ခါ တစ်လေလည်း တစ်ကယ့် ငွေ သားအစစ် ၂ ယွမ် ( ၄၅၀ ကျပ်) ဖြင့် ပေးချေ ဝ ယ်စားတတ် ပါသေးတယ်။
ဓာတ်ပုံ ထဲအရ အဆို ပါအိုးအိမ်မဲ့ အဘိုးက သူ့ရဲ့ငွေစက္ကူကို အစစ်နဲ့
တူအောင် အရောင်စုံပါ ခြယ်ထားပုံပါဘဲ။ ခေါက် ဆွဲဆိုင် ပိုင်ရှင်က သူဟာ မသိသလို ဟန်ဆောင် နေခဲ့ပြီး
အဆိုပါ ကံမကောင်းတဲ့ အိုးအိမ်မဲ့အဘိုးအား ဂရုစိုက်သင့်တယ်လို့ ယုံကြည်နေ တာကြော
င့် ခေါက်ဆွဲကို ဆက်ရောင်း ပေးဖို့ ရွေး ချယ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။ အခုအဖြစ် အပျက်ကို ကြားသိခဲ့ရတဲ့
အင်တာနက် အသုံးပြုသူတွေ ၊ သူတို့ဆိုင်ရဲ့ စီးပွါးရေး သာယာဝပြော မှုတွက်
ဆန္ဒရှိသူ များစွာက ခေါက်ဆွဲဆိုင် ရှင် နဲ့ ဇနီးတို့အား သူတို့ရဲ့ ကြင်နာတဲ့ လုပ်ရပ် အတွက်ကို ချီး ကျူးနေခဲ့ ကြပါတယ်။
တစ်ကယ်လည်း တစ်ခါတစ်လေ သေးငယ်တဲ့ ကြင်နာမှု လုပ်ရပ်ဟာ ဒီ
လောက ကြီးမှာရှိတဲ့ အခြားလူ တစ်ဦးတစ်ယော က်အတွက် ကြီးမားတဲ့ ခြားနားချက်ကို ဖြစ်စေနိုင် ပါတယ်ဗျာ Mia (Mck zone Daily)
Zawgyi ဖြင့်ဖတ်ပါ
★★★★★