နာမည်ကြီးနေတဲ့ ကိုဗစ်ကာကွယ်ဆေး အကြောင်းတွေ ဖတ်ရင်း သတိရမိတဲ့ ‌ဒေါက်တာအောင်ဇော်

ေဇာ္ဂ်ီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

နာမည်ကြီးနေတဲ့ ကိုဗစ်ကာကွယ်ဆေး အကြောင်းတွေ ဖတ်ရင်း ဘီပီအိုင်ကို စိတ်ရောက်ရာမှ ဒေါက်တာအောင်ဇော်ကိစ္စဆက်တွေးကာ ပြောချင်လာတယ်။ တချိန်ကပေါ့..

ယခင်လွှတ်တော်အဆောက်အဦး၊ အခု ရန်ကုန်အစိုးရရုံးဆောက်တော့ အဲဒီခေတ် အနေနဲ့ အမိုးခန်းဖွင့်က အတော်ကြီးတယ်။ လိုရင်းပြောရင် ဆောက်နေရင်း ဒိုင်းပြို လို့ အလုပ်သမားတစ်ယောက်သေတယ်။ ဒီလိုအဆောက်အဦးမှာမှ ဖြစ်လေတော့ ပရောဂျက်တာဝန်ခံ ACE မြွေကိုက်ပြီပေါ့။

အဲဒီတုန်းက ကျွန်တော်အဖေက ဆလရ မှာ MD။ ဌာနတွင်းစုံစမ်းရေးဖွဲ့စစ်လိုက်တယ်။ အထက်ကိုလည်း သူတာဝန်ခံပြီး သွားရှင်းပြတယ်။ ဒိဇိုင်းလည်း မမှားဘူး၊ တည်ဆောက် ရေးသမားလည်း မမှားဘူး၊ မှားသွားတာ က လူတက်ခုန်လို့ ရစ်သမ်မိသွားရင် ပြိုနိုင်တာကို၊ ပြင်ဆင်မှု အားနဲချက်သာဖြစ် တာမို့ ဌာနတွင်းအရေးယူမှုသာ ဖြစ်သင့်တယ် ပေါ့ဗျာ။ (အလုပ်သမားက လှုပ်စိ၊ လှုပ်စိ ဒိုင်းပေါ်မှာ အပျော်ခုန်ရင်း နရီမိ သွားတော့ ပြိုတာလို့ စစ်ဆေးပေါ်ပေါက်ပါတယ်) ဘာညာ သာရကာအရေးယူပြီး၊ အဲဒီလူကို မဖြုတ်ပဲ ပြီးတဲ့အထိတာဝန်ယူစေပါ တယ်။ နောက်မမှားစေနဲ့ ရဲရဲလုပ်ပေါ့ဗျာ။ အကျယ် အကျယ်အရေးယူကြရင် နောက်လူတွေ အလုပ်မလုပ်ရဲပဲ ဖြစ်သွား မှာမို့ MD လုပ်တဲ့လူက ခေါင်းခံ ရှင်းပေး လိုက်တာပါတဲ့..

ထိုစဥ်ကအာဏာပိုင်တွေ သိပ်အမြတ်တနိုး ဖြစ်နေတဲ့အဆောက်အဦးကြီးမပြီးခင်၊ အမိုးဒိုင်းပြိုပြီး လူသေတဲ့ကိစ္စက နဲတဲ့အမှု မဟုတ်ဖူးဗျ။ (ကျက်သရေမရှိတော့ဘူး ဘာညာ ကောလာဟာလတွေပင် အပြင်မှာ ထွက်တဲ့အထိ ကိစ္စကကျယ်ပြန့်ပါတယ်) ဒါပေမဲ့ ဌာနတွင်းနဲ့ ပြတ်အောင် MD က တာဝန်ယူမှုအပြည့်နဲ့ ရင်စီးပြီး သွားရှင်း သလို… ဓါးထက်တဲ့ အာဏာပိုင် ကြီးများ ကလည်း အချက်အလက်ကိုင်ပြီး ရှင်းပြမှုကို လက္ခံပေးခဲ့ကြပါတယ်။

အဲဒီတုန်းကလူတွေ ခုလူတွေထက် အများကြီးဒါးထက်တာ ကြုံဖူးသူတွေ သိကြပါမယ်။ ဒါပေမဲ့ ခေါင်းတော့ သုံးကြပါတယ်။ ဒါမျိုးတွေဟာ ပညာရှင်အသိုင်းအဝိုင်းမှာ ရှိအပ်တဲ့ အဆင့်ဆင့်တာဝန်ယူမှုပါ။ အပေါ် ကလူတွေလည်း လိုပါတယ်။ ပညာရပ်ပိုင်း ဖွံ့ဖြိုးမှုကိုပါ ဂယက်ရိုက်တဲ့ကိစ္စတွေပါ။ ဘယ်လိုတွေဖြစ်ကြတယ် အသေးစိတ်မသိပေမဲ့ ဒေါက်တာအောင်ဇော်ကို တီးထဲ့လိုက် တဲ့အကျိုးဆက်က ခုလိုအရေးအကြောင်းမှာ သိသာနေပြီလေ။

မြွေဆိပ်ဖြေဆေးတောင် ပို့ကုန်ဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ ဘီပီအိုင်က၊ ကိုဗစ်ကိစ္စမှာ လက်ပိုက်ကြည့်နေပြီလေ..။ Research and Development ဆိုတာ ဆိတ်သုန်းသွားမှတော့ ပြီးပြီ..။ သိပ်နှမြောတယ်။ လူတစ်ယောက်ဆုံးရှုံးမှုက အစားထိုးလို့ရပေမဲ့ တက်ကြွနေတဲ့ကုန်ထုတ်လုပ်ငန်းကို စိတ်ဓါတ်ပိုင်း သင်းသတ်သလိုဖြစ်စေခဲ့တာ ကြောင့် မလုပ်၊ မရှုတ်၊ မပြုတ် ဇာတ်လမ်း၊ တကြော့ပြန်ခဲ့ပါပြီ..။ အမျိုးသားနိုင်ငံရေးရှုထောင့်မှ ရှုမြင်မှုသာ ဖြစ်ပါသည်။ (Michael Hlaing)

Zawgyi ျဖင့္ဖတ္ပါ
★★★★★

နာမည္ႀကီးေနတဲ့ ကိုဗစ္ကာကြယ္ေဆး အေၾကာင္းေတြ ဖတ္ရင္း ဘီပီအိုင္ကို စိတ္ေရာက္ရာမွ ေဒါက္တာေအာင္ေဇာ္ကိစၥဆက္ေတြးကာ ေျပာခ်င္လာတယ္။ တခ်ိန္ကေပါ့..

ယခင္လႊတ္ေတာ္အေဆာက္အဦး၊ အခု ရန္ကုန္အစိုးရ႐ုံးေဆာက္ေတာ့ အဲဒီေခတ္ အေနနဲ႔ အမိုးခန္းဖြင့္က အေတာ္ႀကီးတယ္။ လိုရင္းေျပာရင္ ေဆာက္ေနရင္း ဒိုင္းၿပိဳ လို႔ အလုပ္သမားတစ္ေယာက္ေသတယ္။ ဒီလိုအေဆာက္အဦးမွာမွ ျဖစ္ေလေတာ့ ပေရာဂ်က္တာဝန္ခံ ACE ေႁမြကိုက္ၿပီေပါ့။

အဲဒီတုန္းက ကြၽန္ေတာ္အေဖက ဆလရ မွာ MD။ ဌာနတြင္းစုံစမ္းေရးဖြဲ႕စစ္လိုက္တယ္။ အထက္ကိုလည္း သူတာဝန္ခံၿပီး သြားရွင္းျပတယ္။ ဒိဇိုင္းလည္း မမွားဘူး၊ တည္ေဆာက္ ေရးသမားလည္း မမွားဘူး၊ မွားသြားတာ က လူတက္ခုန္လို႔ ရစ္သမ္မိသြားရင္ ၿပိဳႏိုင္တာကို၊ ျပင္ဆင္မႈ အားနဲခ်က္သာျဖစ္ တာမို႔ ဌာနတြင္းအေရးယူမႈသာ ျဖစ္သင့္တယ္ ေပါ့ဗ်ာ။ (အလုပ္သမားက လႈပ္စိ၊ လႈပ္စိ ဒိုင္းေပၚမွာ အေပ်ာ္ခုန္ရင္း နရီမိ သြားေတာ့ ၿပိဳတာလို႔ စစ္ေဆးေပၚေပါက္ပါတယ္) ဘာညာ သာရကာအေရးယူၿပီး၊ အဲဒီလူကို မျဖဳတ္ပဲ ၿပီးတဲ့အထိတာဝန္ယူေစပါ တယ္။ ေနာက္မမွားေစနဲ႔ ရဲရဲလုပ္ေပါ့ဗ်ာ။ အက်ယ္ အက်ယ္အေရးယူၾကရင္ ေနာက္လူေတြ အလုပ္မလုပ္ရဲပဲ ျဖစ္သြား မွာမို႔ MD လုပ္တဲ့လူက ေခါင္းခံ ရွင္းေပး လိုက္တာပါတဲ့..

ထိုစဥ္ကအာဏာပိုင္ေတြ သိပ္အျမတ္တႏိုး ျဖစ္ေနတဲ့အေဆာက္အဦးႀကီးမၿပီးခင္၊ အမိုးဒိုင္းၿပိဳၿပီး လူေသတဲ့ကိစၥက နဲတဲ့အမႈ မဟုတ္ဖူးဗ်။ (က်က္သေရမရွိေတာ့ဘူး ဘာညာ ေကာလာဟာလေတြပင္ အျပင္မွာ ထြက္တဲ့အထိ ကိစၥကက်ယ္ျပန္႔ပါတယ္) ဒါေပမဲ့ ဌာနတြင္းနဲ႔ ျပတ္ေအာင္ MD က တာဝန္ယူမႈအျပည့္နဲ႔ ရင္စီးၿပီး သြားရွင္း သလို… ဓါးထက္တဲ့ အာဏာပိုင္ ႀကီးမ်ား ကလည္း အခ်က္အလက္ကိုင္ၿပီး ရွင္းျပမႈကို လကၡံေပးခဲ့ၾကပါတယ္။

အဲဒီတုန္းကလူေတြ ခုလူေတြထက္ အမ်ားႀကီးဒါးထက္တာ ႀကဳံဖူးသူေတြ သိၾကပါမယ္။ ဒါေပမဲ့ ေခါင္းေတာ့ သုံးၾကပါတယ္။ ဒါမ်ိဳးေတြဟာ ပညာရွင္အသိုင္းအဝိုင္းမွာ ရွိအပ္တဲ့ အဆင့္ဆင့္တာဝန္ယူမႈပါ။ အေပၚ ကလူေတြလည္း လိုပါတယ္။ ပညာရပ္ပိုင္း ဖြံ႕ၿဖိဳးမႈကိုပါ ဂယက္႐ိုက္တဲ့ကိစၥေတြပါ။ ဘယ္လိုေတြျဖစ္ၾကတယ္ အေသးစိတ္မသိေပမဲ့ ေဒါက္တာေအာင္ေဇာ္ကို တီးထဲ့လိုက္ တဲ့အက်ိဳးဆက္က ခုလိုအေရးအေၾကာင္းမွာ သိသာေနၿပီေလ။

ေႁမြဆိပ္ေျဖေဆးေတာင္ ပို႔ကုန္ျဖစ္ေအာင္ လုပ္ႏိုင္ခဲ့တဲ့ ဘီပီအိုင္က၊ ကိုဗစ္ကိစၥမွာ လက္ပိုက္ၾကည့္ေနၿပီေလ..။ Research and Development ဆိုတာ ဆိတ္သုန္းသြားမွေတာ့ ၿပီးၿပီ..။ သိပ္ႏွေျမာတယ္။ လူတစ္ေယာက္ဆုံးရႈံးမႈက အစားထိုးလို႔ရေပမဲ့ တက္ႂကြေနတဲ့ကုန္ထုတ္လုပ္ငန္းကို စိတ္ဓါတ္ပိုင္း သင္းသတ္သလိုျဖစ္ေစခဲ့တာ ေၾကာင့္ မလုပ္၊ မရႈတ္၊ မျပဳတ္ ဇာတ္လမ္း၊ တေၾကာ့ျပန္ခဲ့ပါၿပီ..။ အမ်ိဳးသားႏိုင္ငံေရးရႈေထာင့္မွ ရႈျမင္မႈသာ ျဖစ္ပါသည္။ (Michael Hlaing)