ဒရမ်မာဇာတ်လမ်းတွေကို သူလည်းရိုက်တတ်ပါတယ်ဆိုတာကို “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းနဲ့ သက်သေပြလိုက်တဲ့ မောင်သီ..

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ဒရမ္မာဇာတ္လမ္းေတြကုိ သူလည္းရုိက္တတ္ပါတယ္ဆုိတာကို “မမီွဝဲန႔ဲကင္းေအာင္ေန” ဇာတ္လမ္းနဲ႔ သက္ေသျပလုိက္တဲ့ ေမာင္သီ..

ပရိသတ္ႀကီးေရ ဟာသ ကားေတြ အၿမဲ႐ိုက္ေလ့ရွိတဲ့ ဒါ႐ိုက္တာ ေမာင္သီကေတာ့ လတ္တေလာ ပရိသတ္ေတြအႀကိဳက္ေတြ႕ေနတဲ့ မမွီဝဲနဲ႔ကင္းေအာင္ေန ဇာတ္လမ္းတြဲ ရဲ႕ထုတ္လုပ္သူ တစ္ေယာက္ပဲျဖစ္ပါတယ္ ။

မမွီဝဲနဲ႔ကင္းေအာင္ေန ဇာတ္လမ္းတြဲကေနာက္တပါတ္ဆို ၿပီးေတာ့မွာ ျဖစ္ၿပီး ဒါ႐ိုက္တာေမာင္သီရဲ႕ ကိုယ္ပိုင္ဇာတ္လမ္းတပုဒ္ျဖစ္ၿပီး ထုတ္လုပ္သူအျဖစ္လည္း တာဝန္ယူခဲ့တဲ့ ဇာတ္လမ္းတြဲ တစ္ခုျဖစ္ပါတယ္ ။

ဒီစီးရီးတြဲ ဘယ္ေလာက္ ေအာင္ျမင္တယ္ မေအာင္ျမင္ဘူး ဆိုတာ ပရိသတ္ကဆုံးျဖတ္ပါလိမ့္မယ္လို႔ ဒါ႐ိုက္တာေမာင္သီက သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ ေရးသားခဲ့ပါတယ္ ။

ဒါ့အျပင္ ကြၽန္ေတာ္လည္း drama ႐ိုက္တတ္ပါတယ္လို႔ေျပာတာကို ယုံၾကည္စြာနဲ႔႐ိုက္ကူးခြင့္ျပဳခဲ့တဲ့ CEO နဲ႔ မ်ိဳးစုံ ဂ်ီက်သမွ် စိတ္အညစ္ခံရၿပီး ယုံၾကည္ခြင့္ျပဳေပးခဲ့တဲ့ တာဝန္ရွိသူနဲ႔ ဒူးနာေနတဲ့ၾကားက ေထာ့နဲ႔နဲ႔ နဲ႔ အေကာင္းဆုံး အပင္ပမ္းခံ ႐ိုက္ကူးေပးခဲ့တဲ့ ဒါ႐ိုက္တာႀကီး ကိုဟိန္းစိုးကိုလည္း ေက်းဇူးတင္စကားေရးသားထားပါေသးတယ္ ။

ဒါ႐ိုက္တာေမာင္သီက သူျမင္ထားတဲ့ဇာတ္ေကာင္အတိုင္း ေ႐ြးခ်ယ္ထားတာကို အေကာင္းဆုံး သ႐ုပ္ေဆာင္ႏိုင္ခဲ့ၾကတဲ့ သ႐ုပ္ေတြနဲ႔

မဂၤလာ့သုတ္ သံေပါက္သီခ်င္းနဲ႔ပတ္သက္သမွ်အထူး ခြင့္ျပဳေပးခဲ့ပါေသာ ခ်စ္မိတ္ေဆြ YMBA ဒု ဥကၠ႒ Drေက်ာ္သူ နဲ႔ YMBAအသင္းႀကီးမွတာဝန္ရွိသူမ်ားအားလုံး အင္ျပည့္အားျပည့္ လိုေလေသးမရွိ ကူညီေပးပါေသာ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္သူ႔ရဲတပ္ဖြဲ႕ နဲ႔အတူ ေက်းဇူးတင္ထိုက္သူအားလုံးကို ေက်းဇူးတင္ရွိေၾကာင္း ေရးသားေဖာ္ျပခဲ့ပါတယ္ ။

Source : Maung Thi
Cele Gabar (Crd)

Unicode ဖြင့်ဖတ်ပါ
★★★★★

ဒရမ်မာဇာတ်လမ်းတွေကို သူလည်းရိုက်တတ်ပါတယ်ဆိုတာကို “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းနဲ့ သက်သေပြလိုက်တဲ့ မောင်သီ..

ပရိသတ်ကြီးရေ ဟာသ ကားတွေ အမြဲရိုက်လေ့ရှိတဲ့ ဒါရိုက်တာ မောင်သီကတော့ လတ်တလော ပရိသတ်တွေအကြိုက်တွေ့နေတဲ့ မမှီဝဲနဲ့ကင်းအောင်နေ ဇာတ်လမ်းတွဲ ရဲ့ထုတ်လုပ်သူ တစ်ယောက်ပဲဖြစ်ပါတယ် ။

မမှီဝဲနဲ့ကင်းအောင်နေ ဇာတ်လမ်းတွဲကနောက်တပါတ်ဆို ပြီးတော့မှာ ဖြစ်ပြီး ဒါရိုက်တာမောင်သီရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတပုဒ်ဖြစ်ပြီး ထုတ်လုပ်သူအဖြစ်လည်း တာဝန်ယူခဲ့တဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်ပါတယ် ။

ဒီစီးရီးတွဲ ဘယ်လောက် အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာ ပရိသတ်ကဆုံးဖြတ်ပါလိမ့်မယ်လို့ ဒါရိုက်တာမောင်သီက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားခဲ့ပါတယ် ။

ဒါ့အပြင် ကျွန်တော်လည်း drama ရိုက်တတ်ပါတယ်လို့ပြောတာကို ယုံကြည်စွာနဲ့ရိုက်ကူးခွင့်ပြုခဲ့တဲ့ CEO နဲ့ မျိုးစုံ ဂျီကျသမျှ စိတ်အညစ်ခံရပြီး ယုံကြည်ခွင့်ပြုပေးခဲ့တဲ့ တာဝန်ရှိသူနဲ့ ဒူးနာနေတဲ့ကြားက ထော့နဲ့နဲ့ နဲ့ အကောင်းဆုံး အပင်ပမ်းခံ ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာကြီး ကိုဟိန်းစိုးကိုလည်း ကျေးဇူးတင်စကားရေးသားထားပါသေးတယ် ။

ဒါရိုက်တာမောင်သီက သူမြင်ထားတဲ့ဇာတ်ကောင်အတိုင်း ရွေးချယ်ထားတာကို အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ကြတဲ့ သရုပ်တွေနဲ့

မင်္ဂလာ့သုတ် သံပေါက်သီချင်းနဲ့ပတ်သက်သမျှအထူး ခွင့်ပြုပေးခဲ့ပါသော ချစ်မိတ်ဆွေ YMBA ဒု ဥက္ကဋ္ဌ Drကျော်သူ နဲ့ YMBAအသင်းကြီးမှတာဝန်ရှိသူများအားလုံး အင်ပြည့်အားပြည့် လိုလေသေးမရှိ ကူညီပေးပါသော ပြည်ထဲရေးဝန်ကြီးဌာန ပြည်သူ့ရဲတပ်ဖွဲ့ နဲ့အတူ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ရှိကြောင်း ရေးသားဖော်ပြခဲ့ပါတယ် ။

Source : Maung Thi
Cele Gabar (Crd)