ဒုတိယကိုယ်ဝန်ကို လွယ်ထားရင်း သမီးလေး မြမိုးဂင်္ဂါနဲ့ ထူးထူးခြားခြား Photo ရှုတင်လေးတခု ရိုက်ကူးလိုက်တဲ့ အဆိုတော် ချမ်းချမ်း

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★








Unicode ဖြင့်ဖတ်ပါ
★★★★★

ဒုတိယကိုယ်ဝန်ကို လွယ်ထားရင်း သမီးလေး မြမိုးဂင်္ဂါနဲ့ ထူးထူးခြားခြား Photo ရှုတင်လေးတခု ရိုက်ကူးလိုက်တဲ့ အဆိုတော် ချမ်းချမ်း..ပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်း ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ချမ်းချမ်းကတော့ သီချင်းဆိုပြိုင်ပွဲကနေ စတင်ကာ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့သူ နာမည်ကြီး အဆိုတော် တစ်ဦ းပဲဖြစ်ပါတယ်နော်။

ချမ်းချမ်းကတော့ သံစဉ်တွေကို ပုံဖော်သီဆိုရာမှာ နားဝင်ပီယံရှိတဲ့ အသံပိုင်ဆိုင်ထားပြီး ထွက်သမျှ သီချင်းနဲ့ ဆိုသမျှသီချင်းတိုင်းဟာ ပရိသတ်တွေအတွက် သဘောကျနှစ်ခြိုက်ခဲ့တာချည်းပါပဲ..။ အောင်မြင်နေချိန်လေးမှာပဲ ခင်ပွန်းဟောင်းဖြစ်သူ ဘုဏ်းသိုက်နဲ့ အိမ်ထောင် ကျကာ သမီးငယ် မြမိုးဂင်္ဂါလေးကို မွေးဖွားခဲ့သူပါ.။

လက်ရှိမှာ ခင်ပွန်းဟောင်းနဲ့ ကွာရှင်းကာ သမီးလေးကို ကျွေးမွေးရင်းနဲ့ အချစ်စစ်ကို ထပ်မံတွေ့ရှိခဲ့ ကာ ခင်ပွန်းလောင်းရဲ့ သမီးကိုယ်ဝန်ကို လွယ်ထားရသူပါ.။

ဒုတိယမြောက် သမီးလေး ကိုယ်ဝန်နဲ့မို့ ကလေးမွေးပြီးမှ မင်္ဂလာဆောင်ဖို့ စီစဉ်ထားသူ ချမ်းချမ်းက ဇန်နဝါရီလ (၆)ရက်နေ့မှာ ပြုလုပ်နေတဲ့ သူမရဲ့ လှုပ်ရှားမှု ပုံရိပ်တစ်ချို့ကို “Today shooting!something is really new and super!!!!” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ာတင်လာခဲ့ပါတယ်.။

ချမ်းချမ်းကတော့ ဒုတိယမြောက် သမီးလေးကိုယ်ဝန်နဲ့ ပိုလို့တောင် အလှပိုကာ ကြည့်ကောင်း လာပါသေးတယ်နော်.။ ပရိသတ်ကြီးအတွက်လည်း ချမ်းချမ်းရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Chan Nyein’s Facebook
Credit ; (Cele Active World)