ပကာသနမလိုတဲ့ သိန်းတစ်သောင်းခွဲ ကံထူးရှင် အခုလဲ သိန်းနှစ်ထောင်လှူပြီးပြီတဲ့ကိုယ့်အတွက်အိမ်လေးရယ် လိုအပ်တာလေးဝယ်ပေးပြီးရင် လို အပ်တဲ့သူတွေကိုယ် လှူဒါန်းသွားမယ်တဲ့။

ပကာသနမလိုတဲ့ သိန်းတစ်သောင်းခွဲ ကံထူးရှင်
အခုလဲ သိန်း၂၀၀၀လှူပြီးပြီတဲ့ကိုယ့်အတွက်အိမ်လေးရယ် လိုအပ်တာလေးဝယ်ပေးပြီးရင်
လို အပ်တဲ့သူတွေကိုယ် လှူဒါန်းသွားမယ်တဲ့။

အခုတော့ အမေ့အတွက်ရယ် အမျိုးတွအတွက်ရယ်စိန်ထည်တွေ ၊ရွှေထည်တွေ အများကြီးအာ းပေးသွားတဲ့အတွက်ဇွဲထက်မိသားစုမှ အထူးပင်ကျေးဇူးတင်မိပါတယ်ရှင့်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဇီးအုပ်ကျေးရွာတွင် အိမ်ငှားရမ်းနေထိုင်ပြီး သားငါးရောင်းချသည့် အမျိုးသမီးငယ် တစ်ဦးမှ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ၏ ကျပ်သိန်းတစ်သောင်းခွဲဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

သူမအနေဖြင့် ၂၀၂၀ တစ်နှစ်လုံး ထီထိုးခဲ့ခြင်းမရှိဘဲ ယခုလတွင်မှ ထီထိုးခဲ့ခြင်းဖြစ်ပြီး အ သ က် ၁၉ နှစ်အရွယ်မှ စတင်ထီထိုးခဲ့ကြောင်း၊ ပ ထမဆုံး ထီပေါက်ခြင်းတွင် ကျပ်သိန်း တစ်သေ ာင်းခွဲဆုကို ကံထူးခဲ့သဖြင့် ယုံကြည်နိုင်ခြင်း မရှိသေးဘဲ အရမ်းအံ့သြမိကြောင်း ကံထူးရှင် မဝင်းဝင်းအိက ဆိုသည်။

မွေးချင်းငါးယောက်အနက် အကြီးဆုံးဖြစ်သည့် သူမအနေဖြင့် ၅၆ လမ်း အောင်ပင်လယ်ဈေးတွ င် သားငါးရောင်းချခြင်းဖြင့် မိသားစု၏ တာဝန်ကို ဖြေရှင်းနေရသလို လက်ရှိနေထိုင်သည့် နေ ရာမှာလည်း ကျူးကျော်သဘောမျိုး ငှားရမ်းနေထိုင် ရကြောင်းလည်း သိရသည်။

ဆက်လက်ပြီး ကျပ်သိန်းတစ်သောင်းခွဲ ထီ ပေါဘက်သည့် ငွေများကို မိခင်၏ သဘောတိုင်းသ ာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် သူမအ နေဖြင့် သာသနာ ပြုချင်ကြောင်းလည်း ဆို သ ည်။

သားငါးရောင်းတာဆိုတော့ အကုသိုလ် အလုပ်လေ။ ဆက်မလုပ်ချင်တော့ဘူး။ အခုလို ထီ ပေါ က်တော့ ဆွေမျိုးသားချင်း တွေကလည်း ဝိုင်းလာကြတာပေါ့လေ။

ထီလက်မှတ် သူတို့အပ်ဖို့တွေဘာတွေ ပြောနေတာတို့၊ ဟိုကြိမ်း ဒီကြိမ်းနဲ့ဆိုတော့ ညီမနည်းနည်း စိတ်ညစ်တာပေါ့။ ထီလက်မှတ်ကလည်း ရုံးပိတ်ရက်နဲ့ ဘာနဲ့ဆိုတော့ မထုတ်ရသေးဘူး။

အိမ်တော့ပြန်ဖို့ အဆင်မပြေ သေးတာကြောင့် အခုတစ်ခြားမှာပဲ နေနေတယ်။ ညီမဘာဖြစ်ချင်လဲ ဆိုရင်တော့ အမေနဲ့ မောင်နှမတွေအတွက် လုပ်စရာရှိတာ လုပ်ပေးပြီးရင် ညီမသီလရှင် ဝတ်ချင်တယ်။ အိမ်ထောင်လည်း မပြုချင်ဘူး ဟု သူမဆန္ဒကို ပြောကြားသည်။

ယခုလို သူမကဲ့သို့ ကျပ်သိန်းတစ်သောင်းခွဲထီ ကံထူးရှင်အဖြစ် လူတိုင်းကံထူးနိုင်သဖြင့် ထီကိုမပျက်မကွက် ထိုးရန်နှင့် ၎င်းအနေဖြင့်လည်း ထီဆက်လက် ကံစမ်းသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်အခုထက် ကုသိုလ်များအများကြီးလုပ်ပေးနိုင်ပါစေရှင့်။

Credit Wai gyi