(၁၅) နှစ်သမီးအရွယ်က အကယ်ဒမီဒွေးနဲ့အတူတူ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ဝင်ခန်းတစ်ခုကို အမှတ်တရချပြလာတဲ့ စမိုင်းလ်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

(၁၅) နှစ်သမီးအရွယ်က အကယ်ဒမီဒွေးနဲ့အတူတူ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ဝင်ခန်းတစ်ခုကို အမှတ်တရချပြလာတဲ့ စမိုင်းလ်

ဘိုဆန်ဆန်မျက်နှာပေါက်လေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ စမိုင်းလ်ကတော့ အနုပညာလောကထဲကို (၁၃) နှစ်သမီးအရွယ်ကတည်းက ဝင်ရောက်ခဲ့ပြီး ငယ်ငယ်လေးနဲ့တင် အောင်မြင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ စမိုင်းလ်ကတော့ သီချင်းဗီစီဒီတွေမှာ အများဆုံးပါဝင်သရုပ်ဆောင်ခဲ့ပြီး ကြော်ငြာနဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ စမိုင်းလ်က အိမ်ထောင်ကျပြီးနောက်ပိုင်း နိုင်ငံခြားမှာသွားရောက်နေထိုင်ခဲ့တာမို့ အနုပညာလောကနဲ့ အချိန်အတော်ကြာ အဆက်အသွယ်ပြတ်တောက်သွားပေမယ့် ရုပ်ရှင်ဇာတ်ကားအချို့ကိုတော့ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။

အနုပညာနဲ့ ပက်သတ်ရင် အမှတ်တရတွေများစွာရှိတဲ့ စမိုင်းလ်က ဒီကနေ့မှာတော့ သူမရဲ့ အသက် (၁၅) နှစ်အရွယ်က အမှတ်တရလေးအချို့ကို ချပြလို့လာပြန်လာပါတယ်။ စမိုင်းလ်က (၁၅) နှစ်သမီးအရွယ်က အကယ်ဒမီဒွေးနဲ့အတူတူ သရုပ်ဆောင်ခဲ့တဲ့ “သိပ်နောက်ရင်စိတ်ကောက်မယ်” ဆိုတဲ့ ဗီဒီယိုဇာတ်ကားထဲက အမှတ်တရ ဇာတ်ဝင်ခန်းလေးတစ်ခုကို ပရိသတ်တွေ ပြန်လည်ကြည့်ရှုခံစားနိုင်ဖို့ အခုလိုပဲ မျှဝေပေးလာတာ ဖြစ်ပါတယ်။

စမိုင်းလ်ကတော့ အသက် (၁၅) နှစ်ဆိုတဲ့ အရွယ်ကတည်းက ဟန်ပန်အမူအယာကောင်းကောင်းနဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တာ ပရိသတ်ကြီး သတိထားမိကြမယ် ထင်ပါတယ်။ စမိုင်းလ်ကတော့ အခုချိန်ထိလည်း ရုပ်ရှင်တွေကို အနည်းနဲ့အများရိုက်ကူးနေဆဲမို့ ပရိသတ်ကြီးကလည်း အရင်အတိုင်း အချစ်မလျော့ပဲ အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: စမိုင်းလ် Smile’s fb
Bilie – Cele Connections