နိုင်ငံခြားမှာကျောင်းသွားတက်ပြီး မြန်မာနိုင်ငံက မိဘတွေပိုင်ဆိုင်တဲ့ မြေဧကအကျယ်ကြီးမှာစီးပွားရေးလုပ်ငန်းတခု ထူထောင်တော့မယ် မောင်လေးအတွက် ဂုဏ်ယူနေတဲ့ နေခြည်ဦး..
ေဇာ္ဂ်ီ / ယူနီကုဒ်
Unicode ဖြင့်ဖတ်ပါ
★★★★★
နိုင်ငံခြားမှာကျောင်းသွားတက်ပြီး မြန်မာနိုင်ငံက မိဘတွေပိုင်ဆိုင်တဲ့ မြေဧကအကျယ်ကြီးမှာစီးပွားရေးလုပ်ငန်းတခု ထူထောင်တော့မယ် မောင်လေးအတွက် ဂုဏ်ယူနေတဲ့ နေခြည်ဦး..
Social Influencer တစ်ယောက်လည်းဖြစ်သလို နိုင်ငံကျော် အနုပညာရှင်တစ်ယောက်လည်းဖြစ်တဲ့ နေခြည်ဦးကတော့ တိုင်းသိပြည်သိ ဆယ်လီတစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ ဖြစ်တည်နေထိုင်မှုနဲ့ ပက်သတ်ပြီး အရာရာကို ပွင့်လင်းစွာ ချပြထားသူတစ်ယောက် ဖြစ်ပါတယ်။
နေခြည်ဦးက သူမရဲ့ မိသားစုလေးနဲ့ ပက်သတ်ပြီးလည်း မိတ်ဆက်ထားပေးခဲ့ပြီဖြစ်ပြီး နေခြည့်ရဲ့ အမေနဲ့ ညီမလေးကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ နေခြည်ဦးက နိုင်ငံခြားမှာ ကျောင်းသွားတက်ပြီး မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်းတစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့ မောင်လေးအကြောင်းကို ပြောလာပါတယ်။
နေခြည်ဦးက “လူငယ်စွန့်ဦးတီထွင်သူတွေကို နေခြည်အရမ်းသဘောကျတယ်။ အရမ်းလည်း လေးစားတယ်။ နေခြည်တို့မိသားစုမှာဆို ဖေဖေ့ဆီကစပြီး entrepreneurship သွေးတွေ စီးဆငိးလာတာ မောင်နှမတွေအားလုံးမှာ အဲ့စိတ်ဓါတ်တွေအပြည့်ပဲ။
အခုနေခြည် မောင်လေးက စိမ်းလဲ့တင်မှာ MotoDrift ဆိုပြီး ကားပြိုင်ကွင်းတွေ motorbike ကွင်းတွေ trekkers တွေ campers တွေအတွက် outdoor activities တွေအများကြီးလုပ်နေပါတယ်။ ခေတ်လူငယ်တစ်ယောက် ဒီလို အားကြိုးမာန်တက်လုပ်နေတာမြင်တော့ အမတစ်ယောက်အနေနဲ့ အရမ်းဝမ်းသာတာပဲ။ “
“အခု Camping Ground လေးက မကြာခင်ဆို soft opening လုပ်တော့မယ်။ အားလုံး ready ဆိုတာနဲ့ public ကို မကြာခင်ဖွင့်ပေးတော့မယ်နော်။ စိမ်းလဲ့တင်ဝန်းအတွင်းမှာပဲဆိုတော့ သွားရလာရတာကအစ လုံခြုံရေး အစားအသောက်အနေအထိုင် facilities အားလုံးပြည့်စုံပါတယ်။ အခုပုံလေးတွေကတော့ အမြည်းပေါ့နော်။ သေချာဖွင့်ပြီဆိုမှ camp site ကြီးကို ရှယ်ရိုက်ပြမယ်။ အခုတော့ နေခြည့်ပုံလေးတွေပဲ ကြည့်ပေးနော် ” ဆိုပြီး မောင်လေးအတွက် ဝမ်းသာစကားပြောလာပါတယ်။
နေခြည်ဦးရဲ့ မောင်လေး Kevin ကတော့ မိဘတွေပိုင်ဆိုင်တဲ့ မြေကွက်လပ်ကြီးပေါ်မှာ Camping Ground လေးတစ်ခုကို ပြုလုပ်ခဲ့ပြီး မိသားစု၊ သူငယ်ချင်းတွေ အနားယူအပန်းဖြေစေနိုင်ဖို့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ နေခြည်ဦးတို့ မောင်နှမတွေကတော့ တစ်ယောက်တစ်မျိုးစီ ထူးချွန်ကြတာ တကယ်အားကျစရာကြီးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: beautybynaychi i’s fb
Cele Connections (crd)
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Cele Connections (crd)