ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့ သားအလတ်လေး ချစ်ချစ်တုန်ရဲ့ (၃) နှစ်ပြည့် မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးလာတဲ့ R ဇာနည်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့ သားအလတ်လေး ချစ်ချစ်တုန်ရဲ့ (၃) နှစ်ပြည့် မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးလာတဲ့ R ဇာနည်

အဆိုတော် R ဇာနည်ကတော့ ရင်တွင်း ခံစားမှုအားကောင်းကောင်းနဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်ခဲ့တဲ့ အဆိုရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ R ဇာနည်က ဂီတအနုပညာမှာ အောင်မြင်မှုရရှိနေသလို မိသားစုနဲ့ ပက်သတ်ရင်လည်း ကံကောင်းမှုတွေ ပိုင်ဆိုင်ထားသူတစ်ယောက်ပါပဲ။ ပရိသတ်တွေကလည်း R ဇာနည် ရဲ့ သီချင်းတွေအပြင် ပျော်ရွှင်ကြည်နူးမှုတွေပြည့်နှက်နေတဲ့ သူတို့ရဲ့ မိသားစုလေးကိုပါ ချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ (၁၀) ရက်နေ့ကတော့ R ဇာနည် ရဲ့ သားအလတ်လေး ချစ်ချစ်တုန်ရဲ့ (၃) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဖေဖေကြီး R ဇာနည် နဲ့မေမေ ဝမ်းတို့ကတော့ သားငယ်လေးအတွက် အမှတ်တရမွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ပြီး R ဇာနည် က “Happy Birthday My Son Lay အာဘွား” လို့ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေပြီး အမှတ်တရမွေးနေ့ဆုတောင်းပေးခဲ့တာကို တွေ့ရပါတယ်။

R ဇာနည်ရဲ့ သားလတ်လေး ချစ်ချစ်တုန်က အခုမှ (၃) နှစ်အရွယ်ကိုရောက်ရှိတယ်ဆိုပေမယ့် အရွယ်နဲ့မလိုက်အောင် ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိသူလေးပဲ ဖြစ်ပါတယ်။ ချစ်ချစ်တုန်လေးလည်း မွေးနေ့မှစ ပျော်ရွှင်မှုတွေရရှိပြီး ဒီအမိ ဒီအဖအတွက် သားကောင်းသားမြတ်လေးတစ်ယောက်ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Zarni Myonyunt’s fb
Bilie – Cele Connections